ပဲခူးရှိ တရားမဝင် အုတ်သဲကျောက်လုပ်ငန်းများ ဇန်နဝါရီလ ဒုတိယပတ်နောက်ဆုံးထား၍ လိုင်စင်လျှောက်ရန် ညွှန်ကြား

ပဲခူးရှိ တရားမဝင် အုတ်သဲကျောက်လုပ်ငန်းများ ဇန်နဝါရီလ ဒုတိယပတ်နောက်ဆုံးထား၍ လိုင်စင်လျှောက်ရန် ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
11 Jan 2019 12:23 pm တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး

ပဲခူးတိုင်းအတွင်း လိုင်စင်မရှိဘဲ တရားမဝင်လုပ်ကိုင်နေကြသည့် အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့နောက်ဆုံးထား၍ လုပ်ငန်းလိုင်စင်များ လာရောက် လျှောက်ထားရန် ယင်းတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်လှလှဝင်းက ပြောကြားသည်။

“အခုမြို့နယ်ပေါင်း ၂၈ မြို့နယ်လုံးကို ကော်မတီတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးနေတယ်။ လုပ်ငန်းလိုင်စင် အရေတွက်ကလည်း အတိအကျပြောမရသေးဘူး။ ခက်တာက လိုင်စင်တင်ထားကြပေမယ့် အန်တီတို့ကော်မတီက ကွင်းဆင်းစစ်ဆေးဖို့ လူအင်အားနည်းတာလည်းပါတယ်။ အခုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ နောက်ဆုံးထား တင်ပြလျှောက်ထားဖို့ ညွန်ကြားထားတယ်”ဟု ရွှေကျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် အုတ်သဲကျောက်ထုတ်လုပ်နေသူများအနက် လုပ်ငန်းလိုင်စင်မလျှောက်ဘဲ တရားမဝင်လုပ်ကိုင်နေပါက ယခုဘဏ္ဍာနှစ်မှစတင်ပြီး ဒဏ်ကြေးငွေသုံးဆအထိ တိုးမြှင့်ပေးဆောင် ခိုင်းသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောကြားသည်။

“အခုဖြစ်နေတာက တရားဝင်က ၁၀ ခုလောက်ဆို တရားမဝင်လုပ်ငန်းက ရာနဲ့ချီပြီး ရှိနေတာပါ။ လိုင်စင်လျှောက်ပြီး သတ်မှတ်တာထက် ပိုထုတ်ရင် ဒါမှမဟုတ်လိုင်စင်မရှိရင် သတ်မှတ်ထားတဲ့ သဲတစ်ကျင်း အုတ်တစ်လုံးအခွန်ကို သုံးဆတိုးမြင့်ပေးရပါမယ်”ဟု ၎င်းက ပြောကြားသည်။

ဒဏ်ကြေးကို သတ်မှတ်အခွန်နှုန်းထားပေါ်မှ မူတည်၍ အခွန်အပေါ်မှ သုံးဆတိုး၍ ပေးဆောင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

တိုင်းအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပဲခူးတိုင်းအတွင်း တရားမဝင် အုတ်သဲကျောက် ထုတ်လုပ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ရှိနိုင်သည်ဟု ဆိုသော်လည်း လုပ်ငန်းရှင်အချို့ကမူ ထောင်နှင့်ချီ၍ ရှိနေနိုင်သည်ဟု ဆိုသည်။

ယခင်က အုတ်သဲကျောက် ထုတ်လုပ်ရေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအချို့ ပေါင်းစပ်ပြီး လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် အုတ်သဲထုတ်ယူမည့်နေရာနှင့် အနီးဆုံးကျေးရွာများမှ မြေယာစီမံခန့်ခွဲမှုကော်မတီများ၏ သဘောတူညီချက်နှင့် လုပ်ငန်းအနီးနေထိုင်သူ ပြည်သူများ၏ ထောက်ခံချက်ရယူမည်ပြီးမှ လုပ်ကိုင်ခွင့်ပြုရန် ပဲခူးတိုင်းအစိုးရအဖွဲ့က ညွန်ကြားထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service