နယူးယောက်မြို့၏ အထင်ကရ ခရိုင်စလာအဆောက်အအုံကြီး ရောင်းချတော့မည်

နယူးယောက်မြို့၏ အထင်ကရ ခရိုင်စလာအဆောက်အအုံကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
11 Jan 2019 12:22 pm တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ အထင်ကရဖြစ်သော ခရိုင်စလာအဆောက်အအုံကြီး အရောင်းဈေးကွက်ဝင်လာသည်။

ခရိုင်စလာအဆောက်အအုံကြီးသည် နယူးယောက်မြို့၊ မန်ဟက်တန်၏ အရှေ့ဘက်တွင် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ၁၉၃၀ ပြည့်နှစ်၊ မေလ ၃၀ ရက်တွင် အပြီးသတ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံကြီးအဖြစ် ၁၉၃၁ ခုနှစ်၊ မေလ ၁ ရက်အထိ ရပ်တည်ခဲ့ပြီး ယင်းနောက်တွင် အင်ပိုင်ယာစတိတ် အဆောက်အအုံကြီးက ဖြတ်ကျော်သွားသည်။

အမြင့်ပေ ၁၀၄၆ ပေ (၃၁၈ ဒသမ ၉ မီတာ) မြင့်မားသော အဆောက်အအုံကြီးကို ခရိုင်စလာ ကော်ပိုရေးရှင်း၏ အကြီးအကဲ ဝေါလ်တာ ခရိုင်စလာက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်စလာရုံးချုပ်အဖြစ် ၁၉၃၀ မှ ၁၉၅၀ ပြည့်လွန်အလယ်ပိုင်း ကာလများအထိ အသုံးပြုခဲ့သည်။

ခရိုင်စလာအဆောက်အအုံကြီးကို ခရိုင်စလာမော်တော်ကား ကုမ္ပဏီအတွက် ရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဆောက်လုပ်မှုကုန်ကျစရိတ်ကို ကော်ပိုရေးရှင်းက ကျခံခဲ့ခြင်းမရှိသောကြောင့် ဝေါလ်တာ ခရိုင်စလာက ကိုယ်တိုင်ကျခံခဲ့ရာ နောင်အခါတွင် သူ၏ကလေးများက အမွေဆက်ခံပိုင်ဆိုင်လာခဲ့သည်။

ခရိုင်စလာမိသားစုက ၁၉၅၃ ခုနှစ်တွင် ပြန်လည်ရောင်းထုတ်လိုက်သော်လည်း အဆောက်အအုံကြီးမှာ ၎င်းတို့၏ အမည်ခေါ်တွင်လျက်ရှိနေဆဲဖြစ်သည်။

လက်ရှိပိုင်ရှင်များမှာ Tishman Speyer Properties နှင့် အရှေ့အလယ်ပိုင်းမှ အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု ကောင်စီတို့က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

အဆောက်အအုံကြီးကို ရောင်းချပေးစေရန်အတွက် CBRE Group အိမ်ခြံမြေကုမ္ပဏီထံ အပ်နှံထားကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဘူဒါဘီအစိုးရက ခရိုင်စလာ၏ ရှယ်ယာအများစုကို ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်ပုဂ္ဂိုလ်များက ပြောကြားရာတွင်မူ ထိုငွေပမာဏ ပြန်လည်ရရှိရန်မှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ခရိုင်စလာ အဆောက်အအုံကြီးသည် ပြုပြင်မွမ်းမံမှုများစွာပြုလုပ်ရန် လိုအပ်နေရာ နှစ်ပေါင်း ၉၀ နီးပါးသက်တမ်းရှိ အဆောက်အအုံကြီးကို မွမ်းမံရမည်မှာ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်သည်။

ထို့အပြင် အဆောက်အအုံတည်ရှိရာ မြေနေရာ၏ ငှားရမ်းခမှာလည်း တစထက်တစမြင့်တက်လာနေသည်။

အဆိုပါနေရာကို Cooper Union ပုဂ္ဂလိက ကောလိပ်ကျောင်းမှ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ခရိုင်စလာ အဆောက်အအုံပိုင်ရှင်များက မြေငှားရမ်းခအဖြစ် ကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

၂၀၁၈ တွင် နှစ်စဉ်မြေငှားရမ်းခမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းသို့ ခုန်တက်သွားခဲ့ပြီး ၂၀၂၈ ခုနှစ်တွင် ကန်ဒေါ်လာ ၄၁ သန်းသို့ ရောက်ရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service