ဖြည်းဖြည်းချင်း ဖော်ဆောင်လာတဲ့ ပြည်သူ့အိမ်ရာ စီမံကိန်းများ

ဖြည်းဖြည်းချင်း ဖော်ဆောင်လာတဲ့ ပြည်သူ့အိမ်ရာ စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
10 Jan 2019 12:59 pm တွင် တင်ခဲ့သည်
1213 ကြိမ် ကြည့်ရှု့ပြီး

မကြာသေးခင်ကာလက စတင်လို့ ရန်ကုန်မြို့မှာ ပြည်သူ့အိမ်ရာတွေအကောင်အထည်ဖော်တာ၊ နှစ်ကာလ ရှည်ကြာပြီဖြစ်တဲ့ ပြည်သူ့အိမ်ရာအဆောက်အအုံတွေကို ဖြိုဖျက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အသစ်ပြန်လည် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

အခုလို ပြည်သူ့အိမ်ရာတွေအတွက် ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ ပြည်တော်သစ် အိမ်ရာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြည်တော်သစ်အိမ်ရာက လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလအစိုးရလက်ထက်မှာ အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အိမ်ရာကတိုက်ခန်းတွေက အိုဟောင်းနေပြီဖြစ်ပါတယ်။

"အိမ်ရာတွေက သက်တမ်းလွန်နေပြီဆိုတော့ နေတဲ့လူတွေအတွက်လည်း အဆင်မပြေဘူး။ အစိုးရက စိုက်ပြီးပြင်ဖို့ အခက်အခဲရှိတယ်"လို့ ပုဇွန်တောင်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

ပြည်တော်သစ်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုလုံးကိုYangon Metropolitan Development Public Company (YMDP) က အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင် MCD (Myanmar Construction Development Public Company)က ၄၉ ရာခိုင်နှုန်းနဲ့YMDP ကိုထူထောင်ခဲ့ပါတယ်။

ပြည်တော်သစ်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းမှာ ပထမဦးဆုံးအနေနဲ့ အိမ်ရာမှာ လက်ရှိနေထိုင်သူတွေကို ပြန်လည် နေရာချထားမယ့် ၁၂ ထပ်တိုက်ကို YMDP က တင်ဒါခေါ်ယူခဲ့ပြီး MKT Construction ကုမ္ပဏီက တင်ဒါ ရရှိခဲ့လို့ အဆိုပါကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မှာပါ။

"ဒီအိမ်ရာက တိုက်တွေက ဟောင်းနွမ်းနေပြီး ခေတ်စနစ်နဲ့ မညီတော့တဲ့အတွက် အရင်စပြီးတော့ အ ကောင်အထည်ဖော်တာဖြစ်ပါတယ်။ ဒီစီမံကိန်းကစဖို့ စီစဉ်နေတာ တစ်နှစ်ကျော်လောက်ရှိပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နေထိုင်သူနဲ့ မြို့ပြအိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ဆွေးနွေးတယ်။ ဒါကို ပြန်လည်တည်ဆောက်ဖို့အတွက် သဘောတူတဲ့အခါမှာ အကောင်အထည်ဖော်ဖြစ်တာဖြစ်ပါတယ်"လို့ MKT ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က စီအီးအိုနဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်က ပြောပါတယ်။

တည်ဆောက်ချိန်ကာလ တစ်နှစ်ငါးလနဲ့ အပြီးတည်ဆောက်ပေးရမှာဖြစ်ပြီး၊ ပြည်တော်သစ်အိမ်ရာ ဖွံ့ဖြိုးရေးစီမံကိန်းမှာ စီးပွားရေးလုပ်ကိုင်ဖို့ နေရာတွေ၊ ကားပါကင်အဆောက်အအုံနဲ့ စနစ်တကျအမှိုက်စွန့်ပစ်တဲ့စနစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

ပြည်တော်သစ်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းက ကျန်ရှိနေတဲ့ နေရာတွေအတွက်ဆောက်လုပ်ရေးလုပ်ငန်းခွဲ ခေါ်ယူပြီး ဖွံ့ဖြိုးရေးတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တင်ဒါခေါ်ယူခြင်းနဲ့ ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

"စုစုပေါင်းစီမံကိန်းတစ်ခုလုံးက ၄ ဒသမ ၃၈ ဧက ရှိပါတယ်။ နဂိုအိုးအိမ်တိုက်ခန်း ခြောက်လုံးရှိတယ်။ တိုက်အမှတ်(၁)ကိုဖျက်ပြီး မြေအောက်ကားပါကင်ပါတဲ့ ၁၂ ထပ်တိုက်ကို ဆောက်တာပါ။ ပြီးရင် အဲဒီမှာနေတဲ့ နေထိုင်သူတွေကို ပြောင်းရွှေ့ပြီး မေ ၁ ရက်က စပြီးတော့ ကျန်တဲ့ ငါးလုံးကို စဖျက်မယ်။ ပြောင်းရွှေ့ပေးရမယ့် သူတွေအတွက် တခြားမှာ ငှားရမ်းနေထိုင်ခပေးမယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လလောက်မှာ ပြီးအောင်ဆောက်ပြီးတော့ တိုက်မှာ နေရာချထားပေးမယ်"လို့ MKT ဆောက်လုပ်ရေးက ဦးမျိုးမြင့်က ပြောပါတယ်။

အဆိုပါ ပြည်တော်သစ်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ ၁၂ ထပ် အဆောက် အအုံအတွက် ၁၃ဒသမ ၉ ဘီလျံကျပ်ဖြစ်ပြီး ကျန်ရှိတဲ့ပမာဏဟာ စီမံကိန်းဆက်လက် အကောင်အထည်ဖော်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ပမာဏအပေါ်မှာ မူတည်ပြီး အတိအကျတော့ မသိရသေးပါဘူး။

"ယိုယွင်းသွားတာတွေ အစားထိုးဆောက်ရမယ်ဆိုတော့ အထပ်မြင့်ဆောက်လို့ရတယ်။ အထပ်မြင့် ဆောက်တော့ အခန်းပိုထွက်လာတဲ့အတွက် အစိုးရအနေနဲ့လည်း ဒီငွေနဲ့ ဖွံ့ဖြိုးရေးအတွက် ပြန်ကြေအောင်လုပ်ဖို့ အခွင့်အရေးရတယ်။တချို့နေရာတွေကိုပလပ်မြေနဲ့ အစိမ်းရောင်ဧရိယာချန်ဖို့ အခွင့်အရေးရတာပေါ့"လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

" ပြည်သူ့အိမ်ရာဆိုတာ မဖြစ်မနေလိုအပ်ချက်ပါ။ စီမံကိန်းတွေကို အကောင်အထည်ဖော်လိုက်ရင် ဝန်ထမ်းတွေအတွက် ထိုက်သင့်တဲ့အရေအတွက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်မှာပါ။ လက်ရှိအစိုးရသက်တမ်း ကုန်ခါနီးလောက်အထိ ဝန်ထမ်းအိမ်ရာ ထောင်ဂဏန်းလောက်ထိပဲ ဖြည့်ဆည်းနိုင်မယ်ထင်ပါတယ်။ တော်တော် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေတာပါ "ဟု ဦးမျိုးမြင့်က ပြောပါတယ်။

YMDP ကုမ္ပဏီက ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်ရှိလုပ်ဆောင်ရမယ့်ကိစ္စတွေ၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မယ့် ကိစ္စတွေနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးတွေအတွက် ဆောင်ရွက်နေပါတယ်။

အစိုးရအနေနဲ့ ရန်ကုန်မြို့မှာ ပြည်သူ့အိမ်ရာတွေ စတင်အကောင်အထည်ဖော်ရာမှာ ပြည်တော်သစ်အိမ်ရာ အကောင်အထည်ဖော်မှုသာမက ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ၁၈၃ ဧက ပြည်သူ့အိမ်ရာ အကောင်အထည်ဖော်မှုဟာလည်း စတင်လုပ်ဆောင်လာတာ သုံးလခန့် ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မရရှိတဲ့အတွက် ကြန့်ကြာမှု တွေရှိခဲ့တယ်လို့YMDP က သိရပါတယ်။

အခုချိန်ကစပြီး အဆိုပါ ဝန်ထမ်းအိမ်ရာစီမံကိန်းမှာ အဆောက်အအုံ ရှစ်လုံး ဆောက်ဖို့ ပြင်ဆင်နေပြီးတော့ အဆောက်အအုံလေးလုံးကတော့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့အဆောက်အအုံတွေကိုလည်း မြေယာကိစ္စရှိနေတဲ့အတွက်ကြောင့် ဆောက်လုပ်ဖို့ ကြန့်ကြာပေမဲ့လည်း မကြာခင် ဆက်လက်ဆောင်ရွက် မှာဖြစ်ပါတယ်။

နောက်ထပ်ပြည်သူ့အိမ်ရာတစ်ခုကတော့ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအိမ်ရာစခန်းမှာဖြစ်ပါတယ်။ ဒါ့ပြင် ကျောက်ရေတွင်းမှာလည်း ပြည်သူ့အိမ်ရာဖော်ဆောင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းနားမှာလည်း အစိုးရဝန်ထမ်းသာမက ကုမ္ပဏီဝန်ထမ်းတွေအပြင် အများပြည်သူအတွက် ပြည်သူ့အိမ်ရာ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ရှိနေပါတယ်။

" ပြည်သူ့အိမ်ရာတွေကို သွားလို့လာလို့ လွယ်မယ့် နေရာတွေမှာ ရှိစေချင်တယ်။ အရင်တုန်းကတော့ ဝန်ထမ်းအိမ်ရာတွေ မြို့ထဲမှာ ရှိတယ်။ တကယ်လိုအပ်တဲ့ သူတွေကိုလည်း ရစေချင်ပါတယ်။ ပြီးတော့အနာဂတ်အတွက် စိတ်အေးနိုင်မယ့် နေရာထိုင်ခင်းတွေ စီစဉ်ပေးစေချင်ပါတယ် "လို့ အစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ဝန်ထမ်းထဲမှာ ငွေကြေးတတ်နိုင်တဲ့သူရှိသလို ငွေကြေးခက်ခဲ့တဲ့သူလည်း ရှိတယ်။ မြို့ပြင်တွေပဲမဟုတ်ဘဲ မြို့တွင်းတွေပါ ထည့်သွင်းစဉ်းစားလာတာက ဝန်ထမ်းတွေအတွက်ကောင်းတဲ့အချက်တစ်ချက်ပါ။ တည်နေရာ အပေါ်မူတည်ပြီးတော့ ဈေးနှုန်းတွေပြောင်းလဲသွားမှာရှိပါတယ်။ ဝန်ထမ်းဆိုတာကလည်း သူတို့ဘဝမှာ အငြိမ်း စားယူပြီးသွားရင် မပူမပင်မကြောင့်မကြနေရာတစ်ခုတောတစ်ခုတော့ လိုပါတယ်"လို့ ဦးမျိုးမြင့်က ပြောပါတယ်။ 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service