အဆိုတော် အန်းနရစ် အီဂလဲစီယာ နှင့် တင်းနစ်ကြယ်ပွင့် အင်နာ ကော်နီကိုဗာတို့စုံတွဲ မီယာမီကမ်းခြေအိမ်ကို ရောင်းချ

အဆိုတော် အန်းနရစ် အီဂလဲစီယာ နှင့် တင်းနစ်ကြယ်ပွင့် အင်နာ ကော်နီကိုဗာတို့စုံတွဲ မီယာမီကမ်းခြေအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Jan 2019 12:58 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်တေးသံရှင် အန်းနရစ် အီဂလဲစီယာ နှင့် ချစ်သူ တင်းနစ်ကြယ်ပွင့်ဟောင်း အင်နာ ကော်နီကိုဗာတို့စုံတွဲနှင့် စပ်လျဉ်းသော သတင်း အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။

ဆွေမျိုးများအတွက် ၎င်းတို့စုံတွဲက ဆောက်လုပ်ပေးခဲ့သည့် မီယာမီကမ်းခြေရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၈၅ သန်းဖြင့် ရောင်းချလာခြင်းဖြစ်သည်ဟု ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၎င်းတို့စုံတွဲသည် မီယာမီကမ်းခြေအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အင်နာကော်နီကိုဗာ၏ ဘိုးဘွားများအတွက် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီးနောက်ပိုင်း နေအိမ်ချဲ့ထွင်ခြင်း အပါအဝင် အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ဆောက်လုပ်ပြီးစီးသွားသောနေအိမ်မှာ ကော်နီကိုဗာ၏ ဘိုးဘွားများနေထိုင်ရန် အလွန်ကြီးမားလွန်းနေသောကြောင့် ပြန်လည်ရောင်းချရန် ၎င်းတို့စုံတွဲက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက အင်နာကော်နီကိုဗာတို့စုံတွဲအတွက် အမြတ်အစွန်းရရှိမည့် ရောင်းချမှုဖြစ်လာမည် ဖြစ်သည်။

အဆင့်မြင့်မွမ်းမံထားသည့် နေအိမ်အပြင် အိမ်တွင်းရှိ ပရိဘောဂများကိုလည်း ဝယ်ယူခွင့်ပြုထားသည်ဟု ဆိုသည်။

နေအိမ်မှာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ပြီး ကြီးမားသည့်မိသားစုတစ်ခုအတွက် ပိုမိုသင့်လျော်သည့် နေအိမ်မျိုးဖြစ်ကာ ကြမ်းခင်းဧရိယာမှာ ၅၃၃၁ စတုရန်းပေအထိ အကျယ်အဝန်းရှိသည်။

သီးသန့်အိမ်ရာဝန်းတစ်ခုအတွင်းတည်ရှိပြီး အဆိုပါအရပ်တွင်ပင် အင်နာကော်နီကိုဗာတို့ စုံတွဲပိုင်ဆိုင်ထားသည့် အခြားနေအိမ်တစ်လုံး ရှိသေးသည်။

နေအိမ်အတွင်း အရက်ဘားတစ်ခုပါဝင်သည့် အခန်းကျယ်ကြီးမှာ နေအိမ်ပတ်လည်လသာဆောင်ကို စီးမိုးတွေ့မြင်နေရသည်။

မီးဖိုဆောင်တွေင်မူ Wolf and Sub-Zero အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားပြီး မိသားစုနားနေခန်းနှင့် အိပ်ခန်းပိုတို့မှာ အပေါ်ထပ်တွင် ရှိကြသည်။

နေအိမ်အပြင် ခြံဝန်းအတွင်းတွင်ကား မြက်ခင်းတို့ဖြင့် စိမ်းလန်းနေကာ မြေယာအလှပြုပြင်ထားပြီး ရေကူးကန်နှင့် spa တို့အပြင် ကား ၂ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း တွေ့ရသည်။

အန်းနရစ် အီဂလဲစီယာသည် စပိန်သားဖြစ်ပြီး လက်တင် ပေါ့ပ်ဂီတဘုရင်ဟု နာမည်ကျောပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၇၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ ကန်ဒေါ်လာ ၄၅ သန်းခန့်ကြွယ်ဝသည်ဟု ခန့်မှန်းထားကြသည်။

အီဂလဲစီယာနှင့် ကော်နီကိုဗာတို့သည် ၂၀၀၁ ခုနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ပြီး ရင်သွေး ၂ ဦးထွန်းကားထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service