စပါးနည်းပြ ဟယ်ရီရက်ဒ်နက်ပ်၏ စံအိမ် (ကမ္ဘာကျော်တို့၏ နေအိမ်များ)

စပါးနည်းပြ ဟယ်ရီရက်ဒ်နက်ပ်၏ စံအိမ် (ကမ္ဘာကျော်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
10 Jan 2019 12:43 pm တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ဟယ်ရီ ရက်ဒ်နက်ပ်၏ အမည်ရင်းမှာ ဟင်နရီ ဂျိမ်းစ် ရက်ဒ်နက်ဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ မတ်လ ၂ ရက်တွင် မွေးဖွားသည်။

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်းများတွင် နည်းပြအဖြစ် လုပ်ကိုင်ခဲ့ရာ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ တော့တန်ဟမ် ဟော့စပါး၊ ကျူပီအာနှင့် ဘာမင်ဂမ်အသင်းများ ဖြစ်ကြသည်။

၂၀၀၉ -၁၀ ဘောလုံးရာသီတွင် စပါးအသင်းကို ချန်ပီယံလိဂ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

သားဖြစ်သူ ဂျာမီ ရက်ဒ်နက်သည် ဆောက်သမ်တန်တွင် ရက်ဒ်နက်နည်းပြနေစဉ်ကာလအတွင်း ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်း လမ်းပတ်မှာ ရက်ဒ်နက်၏ တူတော်စပ်သူ ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကို ရက်ဒ်နက်က နည်းပြအဖြစ် တာဝန်ယူထားစဉ် ကစားသမားအဖြစ် ပါဝင်ခဲ့ဖူးသည်။

ဟယ်ရီရက်ဒ်နက်ပ်နှင့် ဇနီးဖြစ်သူ ဆန်ဒရာတို့နေထိုင်သော နေအိမ်မှာ ဒေါ်ဆက်ပြည်နယ်၊ ပင်လယ်ကမ်းခြေဒေသတွင် တည်ရှိပြီး ပေါင် ၄ သန်းခန့် တန်ကြေးရှိသည်။

ဖော်ပြပါဓာတ်ပုံများမှာ ဟယ်ရီရက်ဒ်နက်ပ်က ဝယ်ယူခဲ့ခြင်းမပြုမီကာလတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံ ၂ ဦးလုံးမှာ အသက် ၇၁ နှစ်ရှီပြီဖြစ်ကြပြီး ယခုနေအိမ်သို့ ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ကာ မူလက ယခုနေအိမ်အနီးတွင်ပင်ရှိသော ပေါင် ၈ သန်းတန် နေအိမ်တွင် နေထိုင်ခဲ့ကြသည်။

ယခုနေအိမ်၏ မျက်နှာစာမှာ မှန်များဖြင့် အသားပေးဆောက်လုပ်ထားပြီး နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေစိမ်ကန်၊ ရေပူကန်၊ အိမ်တွင်းရေကူးကန်၊ ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။

ဟယ်ရီ ရက်ဒ်နက်ပ်သည် ပြောင်းရွှေ့လာပြီးနောက်ပိုင်း အားကစားလေ့ကျင့်ခန်းမကို ပြုပြင်မွမ်းမံခဲ့ခြင်း ရှိ၊ မရှိကိုမူ မသိရချေ။

Master Bedroom ကို အဖြူ၊အမည်းနှစ်ရောင်တည်းဖြင့် လှပစွာမွမ်းမံထားပြီး အနက်ရောင်စကျင်ကျောက်ဖြင့် မွမ်းမံထားသည့် ရေချိုးခန်း တွဲဖက် ပါဝင်ကာ နေအိမ်၏ အခန်းတိုင်းမှနေပြီး ပင်လယ်ရှုမျှော်ခင်းကို တွေ့မြင်ရသည်ဟု ဆိုသည်။

ပင်လယ်ကမ်းခြေသို့ မျက်နှာမူသည့် လသာဆောင်သို့ အထပ် ၄ ထပ်ရှိသည့်အနက် အထပ် ၃ ထပ်လုံးမှတဆင့် ဓာတ်လှေကားဖြင့် ရောက်ရှိနိုင်ပြီး ရိုက်ထ်ကျွန်း၏ အလှကို ခံစားနိုင်သည်။ မြေညီထပ်တွင် အလျား ၂၅ မီတာရှိ ရေကူးကန်တစ်ခုပါဝင်ပြီး မီးဖိုဆောင်တွင် စကျင်ကျောက် ကောင်တာစားပွဲများ၊ မီးပန်းဆိုင်းများ ထည့်သွင်းပေးထားသည်။

ဟယ်ရီရက်ဒ်နက်ပ်သည် ဇနီးဖြစ်သူ ဆန်ဒရာနှင့် လန်ဒန်ရှိ အရက်ဘားတစ်ခုတွင် စတင်ဆုံစည်းခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က ၎င်းတို့၏ အသက်မှာ ၁၇ နှစ်အရွယ်သာရှိကြသေးသည်။ ထိုသို့တွေ့ဆုံပြီး ၄ နှစ်အကြာ ၁၉၆၇ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး ရင်သွေး ၂ ဦး ထွန်းကားထားသည်။

ရက်ဒ်နက်က ဆန်ဒရာထံ တစ်ရက်လျှင် ၁၀ ကြိမ်ခန့် ဖုန်းခေါ်လေ့ရှိပြီး ဆန်ဒရာ၏ အချစ်ကို ရရှိသည်မှာ ထီပေါက်သည်နှင့်အလားတူ ကြောင်း ရက်ဒ်နက်က တင်စားခဲ့သည်။

“ကျွန်တော်သူ့ဆီကို တစ်ရက်မှာ ၁၀ ကြိမ်လောက်ဖုန်းခေါ်လေ့ရှိပါတယ်။ သူက ကျွန်တော့်ဘဝပါ။ သူ့ကိုအရမ်းချစ်ပါတယ်။ (သူနဲ့အချစ်လမ်းခရီးမှာ) တစ်ခုခုသာဖြစ်ရင်တော့ ကျွန်တော်သေမှာပါပဲ။ ကျွန်တော်သူနဲ့အတူပဲ နေချင်ပါတယ်”ဟု ရက်ဒ်နက်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service