ဝေါ့ဒစ္စနေကုမ္ပဏီ၏ ဥက္ကဌဟောင်းက တောင်ပေါ်အိမ်တစ်လုံးကို ယူတားပြည်နယ်တစ်ခုလုံးတွင် အမြင့်မားဆုံးဈေးနှုန်းဖြင့် ရောင်းချ

ဝေါ့ဒစ္စနေကုမ္ပဏီ၏ ဥက္ကဌဟောင်းက တောင်ပေါ်အိမ်တစ်လုံးကို ယူတားပြည်နယ်တစ်ခုလုံးတွင် အမြင့်မားဆုံးဈေးနှုန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Jan 2019 12:35 pm တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဝေါ့ဒစ္စနေကုမ္ပဏီ၏ ဥက္ကဌဟောင်း ဂျက်ဖရီ ကက်ဇန်ဘာ့ဂ်ျသည် အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်၊ တောင်ပေါ်ဒေသ နှင်းလျှောစီးစခန်းတွင် တည်ရှိသော တောင်ပေါ်အိမ်တစ်လုံးကို ပြည်နယ်တစ်ခုလုံးတွင် အမြင့်မားဆုံးဈေးနှုန်းဖြင့် ရောင်းချလိုက်သည်။

ဂျက်ဖရီ ကက်ဇန်ဘာ့ဂ်ျသည် ဝေါ့ဒစ္စနေကုမ္ပဏီ၏ ဥက္ကဌအဖြစ် ၁၉၈၄ မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး The Little Mermaid (၁၉၈၉), Beauty and the Beast (၁၉၉၁), Aladdin (၁၉၉၂) နှင့် The Lion King (၁၉၉၄) တို့ အပါအဝင် နာမည်ကျော် ဇာတ်ကားများစွာ ထုတ်လုပ်ခဲ့သည်။

ဝေါ့ဒစ္စနေမှ နှုတ်ထွက်ပြီးနောက်ပိုင်း DreamWorks Animation ကုမ္ပဏီကို တည်ထောင်ကာ Shrek, Madagascar, Kung Fu Panda နှင့် Monsters vs. Aliens ကဲ့သို့ ဇာတ်ကားများ ထုတ်လုပ်ခဲ့သည်။

ရောင်းချမည့်နေအိမ်မှာ ယူတားပြည်နယ်၊ ပါ့ခ်မြို့၏ တောင်ပေါ်နှင်းလျှောစခန်းတွင် တည်ရှိပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၄၁၀၀ ခန့်ရှိသည်။

ကန်ဒေါ်လာ ၁၁ ဒသမ ၆ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးနှုန်းမှာ ၂၀၁၈ ခုနှစ်အတွင်း ယူတားပြည်နယ်ရှိ အိမ်ခြံမြေ အရောင်းအဝယ်များအားလုံးတွင် ဈေးအကြီးဆုံးဖြစ်သည်ဟု အရောင်းဈေးကွက်တင်သွင်းပေးသည့် ကုမ္ပဏီဖြစ်သော Engel & Völkers က ထုတ်ပြန်သည်။

“ဒီအိမ်မျိုးက ဒီဒေသမှာ တစ်လုံးတည်းသာ တွေ့နိုင်တဲ့အရာပါ။ ကမ္ဘာ့အဆင့်ဗိသုကာပညာရှင်တွေ၊ ဒီဇိုင်နာတွေပါဝင်တဲ့အဖွဲ့က ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ယူတားပြည်နယ်ရဲ့ အကောင်းဆုံးနှင်းလျှောစီးစခန်း ၂ ခုအနက် တစ်ခုမှာ တည်ရှိတာ ဖြစ်ပါတယ်”ဟု Engel & Völkers မှ အိမ်ခြံမြေအကျိုးဆောင် ပေါလ် ဘင်ဆင်က ပြောကြားသည်။

Deer Valley နှင်းလျှောစီးစခန်းတွင် တည်ရှိပြီး ၃ ထပ်အဆောက်အအုံဖြစ်ကာ မစ္စတာ ကက်ဇန်ဘာ့ဂ်ျက The Family Trap ဟု အမည်ပေးထားသည်။

ဆောင်းရာသီအပန်းဖြေစံအိမ်အဖြစ် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားခြင်းဖြစ်ပြီး မိသားစုများနှင့် မိတ်ဆွေများဆုံစည်းကာ နှင်းဖုံးတောင်ပေါ်ဒေသ၏ အရသာကို ခံစားလေ့ရှိခဲ့ကြသည်။

ခြံဝန်းအကျယ်မှာ ၁ ဒသမ ၅၇ ဧကရှိပြီး နေအိမ်ကိုနှစ်ပိုင်းခွဲခြားဆောက်လုပ်ထားရာ သီးခြားနေအိမ် ၂ လုံးပိုင်ဆိုင်ရသကဲ့သို့ ခံစားရမည် ဖြစ်သည်။

အဆိုပါနေအိမ်သည် ၂၀၁၀ ပြည့်နှစ်မှစပြီး အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့သည်။

နောက်ဆုံးဈေးကွက်တင်သည်မှာ နိုဝင်ဘာ ၂၀ ရက်တွင်ဖြစ်ပြီး ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော မစ္စတာ ကက်ဇန်ဘာ့ဂ်ျက အဆိုပါနေအိမ်ကို ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ဖြစ်သည်။

၎င်းပိုင်ဆိုင်ထားစဉ်ကာလအတွင်း နာမည်ကျော် ထိပ်တန်းပုဂ္ဂိုလ်များစွာကို ဧည့်ခံခဲ့ဖူးရာ သမ္မတဟောင်း ဘီလ်ကလင်တန်၊ တွမ်ခရုဇ်၊ မိုက်ကယ်ဂျက်ဆင်နှင့် ကင်မရွန် ဒိုင်းယက်ဇ်တို့လည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service