ရန်ကုန်မြို့၌ ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ဖွင့်လှစ်

ရန်ကုန်မြို့၌ ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
10 Jan 2019 10:40 am တွင် တင်ခဲ့သည်
6716 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့၌ ကန်သာယာစင်တာ နှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်သာယာစင်တာ ပရဝဏ်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် ဟိုတယ် Wyndham Grand Yangon Hotel တို့ကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ စက်ခ လုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့ကြသည်။


"ကန်သာယာစင်တာ ကို ဖွင့်လှစ်နိုင်တဲ့အတွက် ကြောင့် ရန်ကုန်မြို့ရဲ့ စီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ဒီစင်တာမှာ နေထိုင်မယ့်သူတွေ၊ အဲဒီမှာ ရုံးလုပ်ငန်းဆောင်ရွက်ကြ မယ့်သူတွေအတွက် အခွင့်အလမ်းတွေ အများကြီးရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှုက အင်မတန်အရေးကြီးပါတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ စနစ်တကျလုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အစိုးရပိုင်းကပဲ ရင်းနှီးစိုက်ထုတ်လုပ်ကိုင်နေမယ်ဆိုရင် မြို့ပြဖွံ့ ဖြိုးတိုးတက်မှုက နောက်ကျကျန်နေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းနဲ့ မြို့ပြဖွံ့ဖြိုးမှုကို ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။

"၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်အခါသမယမှာ ကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် မြန်မာ နှစ်သစ်ကူးမှာလည်း ကန်တော်ကြီးထဲက ငါးပြတိုက်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အဖြစ် လုပ်ဆောင်နေတာပါ။ ဒါကြောင့် ကန်တော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ကန်တော်ကြီးထဲက လမ်းတွေ၊ တံတားတွေကိုလည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။ အခုကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်လို့ ငါးပြတိုက်နဲ့ ကျန်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားမယ်ဆိုရင် ကန်တော် ကြီးဝန်းကျင်ဟာ အများပြည်သူအတွက် အပန်း ဖြေအနားယူစရာ၊ နိုင်ငံတကာက လာရောက်မယ့်သူတွေအတွက် တည်းခိုစရာ၊ ဈေးဝယ်နိုင်စရာနေရာတွေ ပြည့်စုံပြီး မြို့ပြ ဖွံ့ဖြိုးမှု အမှတ်သင်္ကေတတွေကို မြင်တွေ့နိုင်မယ့်နေရာ တစ်ခု ဖြစ်လာမှာပါ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Steel Structure ဖြင့် ဆောက်လုပ်ထားသည့် ကန်သာယာတာဝါ အဆင့်မြင့် စီမံကိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့် (သိမ်ဖြူ ယာဉ်မောင်း သင်တန်း ကျောင်းနေရာ)ရှိ မြေဧရိယာ အကျယ်အဝန်း ၃ ဒသမ ၅၂ ဧကပေါ်၌ အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Asia Myanmar Consortium Development ကုမ္ပဏီလီမိတက်တို့က ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ၏ နည်းပညာဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံ အကျိုးတူပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထည့်သွင်းဆောက်လုပ်ထား

စီမံကိန်းဧရိယာအတွင်း လူနေတိုက်ခန်း ၁၃၂ ခန်းပါဝင်သော Residential Tower၊ ၂၂ ထပ်ရှိ ရုံးခန်း ၁၆၈ ခန်းပါဝင်သော OfficeTower၊ အထပ် ၂၀ ရှိ အခန်းပေါင်း ၃၀၀ ပါဝင်သော m Five Star Wyndham Grand Yangon Hotel ၊ ၂၃ ထပ်ရှိ အခန်းပေါင်း ၁၇၁ ခန်း ပါဝင်သည့် Serviced Apartment နှင့် မြေညီထပ်တွင် နှစ်ထပ်ဆောက်လုပ်ထားသော Shopping Mall အပါအဝင် နိုင်ငံတကာအဆင့်မီရုပ်ရှင်ရုံငါးရုံနှင့် ဈေးဆိုင် ခန်းများ ထည့်သွင်းဆောက်လုပ်ထားကာ မော်တော်ယာဉ် ၅၅၉ စီး ရပ်နားနိုင်သော ကားပါကင်နှင့် အရေးပေါ် မီးသတ်စနစ်အတွက် ဓာတ်လှေကားများ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

"ဟိုတယ်မှာ လူဦးရေ ၅၀၀ ကျော် အလုပ်အကိုင်အခွင့်အလမ်းရရှိကြမှာဖြစ်ပြီး ရုံးခန်းအပါအဝင် တခြား အဆောက်အအုံတွေပါဆိုရင် လူဦးရေတစ်ထောင်ကျော်လောက် အလုပ်အကိုင်ရရှိကြမှာ ဖြစ်ပါတယ်။ ခုဆိုရင် ဟိုတယ်မှာ မြို့နယ်အသီးသီးက လူဦးရေ ၅၀၀ ကျော်ကို အလုပ်ခန့်ပြီးပါပြီ။ ပြီးတော့ အလုပ်ကိစ္စဖြစ်ဖြစ်၊ အလည်အပတ်ဖြစ်ဖြစ် ပြည်ပကလာရောက်ကြမယ့် နိုင်ငံခြားသားတွေလည်း အဆင်ပြေစွာ တည်းခိုနိုင် မှာဖြစ်ပါတယ်"ဟု စီမံကိန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ခိုင်က ပြောသည်။

ကန်သာယာတာဝါ အဆင့်မြင့်စီမံကိန်း တည်ဆောက်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၁၁ ရက်တွင် Asia Myanmar Consortium Development ကုမ္ပဏီ လီမိတက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် အကျိုးတူ ပူးပေါင်းတည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာလတွင် စီမံကိန်းမြေ တူးဖော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွင်းရှိ ဟိုတယ်အပါအဝင် ရုံးခန်းများနှင့် လူနေတိုက်ခန်းများအား စီမံခန့်ခွဲမှုအပိုင်းကို နိုင်ငံ အသီးသီးတွင် ဟိုတယ်အလုံးရေ ၇၀၀၀ ကျော်၊ အခန်း ပေါင်း ၅၀၀၀၀ ကျော်ပိုင်ဆိုင်သော အမေရိကန်နိုင်ငံရှိ American Wyndham Hotel And Resorts ကုမ္ပဏီက စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Credit:  The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service