အိမ်ရာချေးငွေသွင်းရန်ထပ်မံပျက်ကွက်လျှင် တိုက်ခန်းပြန်သိမ်းမည်

အိမ်ရာချေးငွေသွင်းရန်ထပ်မံပျက်ကွက်လျှင် တိုက်ခန်းပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2019 10:40 am တွင် တင်ခဲ့သည်
1514 ကြိမ် ကြည့်ရှု့ပြီး

သတိပေးထားပြီးဖြစ်သော်လည်း အိမ်ရာချေးငွေပေးသွင်းရန် ထပ်မံပျက် ကွက်ပါက တိုက်ခန်းပြန်သိမ်း မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) ချေးငွေစနစ်ဖြင့် ရောင်းချခဲ့ပြီးသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း သုံးထောင်ကျော်အနက် ချေးငွေ ပြန်လည်ပေးသွင်းရန်ပျက်ကွက် သူ ၂၀ဝ ကျော်အထိရှိကာ နို့တစ် စာပေးပို့ သတိပေးထားကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

"" အိုးအိမ်ကချေးထားတာ သုံးထောင်ကျော်ရှိတယ။် အဲ့ဒီမှာ အကြွေးမဆပ်တာ ၂၀ဝ ကျော်ရှိ တယ်။ လစဉ်မပေးကြတာ။ အဲ့ဒီ တော့ပြောရရင် ၇ ရာခိုင်နှုန်း ဖြစ်နေပြီ။ အဲ့ဒီတော့ဘာဖြစ်ကြသလဲဆိုတော့ World Bank ကလူတွေက အံ့ဩတယ်။ တကယ်ဆို ၃ ရာခိုင်နှုန်းကျော်ဆိုတာနဲ့ အစိုးရရှုံးပြီ။ အဲ့ဒီတော့ မင်းတို့ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ၇ ရာခိုင် နှုန်းဖြစ်သလဲ ဒါမျိုးမေးတယ်။ အဲ့တော့ပြောရရင် ချေးငွေသွင်းတာ ပျက်ကွက်လို့ အခန်းပြန်သိမ်းမယ် ဆိုတဲ့အပိုင်းတွေကို လုပ်တော့မယ်။ ပြောရရင် အဲ့ဒီအပိုင်းတွေ လုပ်ရတာလည်း အရမ်းကြာတယ်။ အဲ့ဒီမှာ ဦးတို့ကတော့ နည်းလမ်းသုံးခုရှိတယ်။တစ်နည်းက တော့ လူမှုရေးနည်းလမ်း၊ လူမှု ရေးနည်းလမ်းကတော့ ခေါ်တယ်၊ ဆွေးနွေးတယ်၊ တိုက်တွန်းတာ ပေါ့နော်။ အဲ့ဒါမရရင် ဒုတိယ စီမံခန့်ခွဲမှုနည်းလမ်းပေါ့။ ဌာန ကနေ သူတို့ကိုနို့တစ်စာတွေ ထုတ်တယ်။ မရရင်တော့ တရားဥပဒေနည်းလမ်းပေါ့  ""ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ လစဉ်ပုံမှန်ပေးသွင်းခြင်းမရှိသူများကြောင့် အစိုးရအနေဖြင့် အရှုံးပေါ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး လုပ်ငန်းစဉ်များ လည်း နှောင့်နှေးနိုင်ကြောင်း သိရသည်။ လက်ရှိရောင်းချပြီးအိမ်ရာများမှာ လှိုင်သာယာ၊ ရွှေလင် ပန်းအိမ်ရာ၊ မြောက်ဥက္ကလာရွှေ ပေါက်ကံအိမ်ရာနှင့် ဒဂုံဆိပ်ကမ်း ရှိ ယုဇနအိမ်ရာတို့ဖြစ်သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service