အိုစမာဘင်လာဒင် နောက်ဆုံးနေထိုင်သွားခဲ့သည့်ပါကစ္စတန်မှ စံအိမ်ကြီး

အိုစမာဘင်လာဒင် နောက်ဆုံးနေထိုင်သွားခဲ့သည့်ပါကစ္စတန်မှ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 11:25 am တွင် တင်ခဲ့သည်
3234 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ - ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘက်မြို့

တန်ကြေး - ယူရို ၁ သန်း

အိုစမာဘင်လာဒင်သည် အစ္စလာမ်အကြမ်းဖက် အဖွဲ့အစည်း အယ်လ်ကေဒါကွန်ရက်ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ၁၉၅၇ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် မွေးဖွားသည်။ ၁၉၉၄ ခုနှစ်အထိ ဆော်ဒီနိုင်ငံသားဖြစ်ခဲ့ပြီးနောက်ပိုင်း တွင် နိုင်ငံမဲ့တစ်ဦး ဖြစ်သွားခဲ့သည်။ ၁၉၇၉ ခုနှစ်အထိ ဆော်ဒီရှိ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး ယင်းနောက် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တပ် များကို တိုက်ခိုက်နေ သည့် မူဂျာဟစ်ဒင် (ပါကစ်္စတန်အခြေ စိုက်)အဖွဲ့နှင့် ဆက်သွယ်ခဲ့သည်။

မူဂျာဟစ်ဒင်တို့ကို လက်နက်၊ ငွေကြေး၊ လူသူအင်အား ထောက်ပံ့မှုများ ပေးခဲ့ကာ အာရပ်တို့အကြား များစွာနာမည်ကျော် လာသည်။ ၁၉၈၈ ခုနှစ်တွင် အယ်လ်ကေဒါအဖွဲ့ကြီးကို တည်ထောင်ခဲ့ပြီး ၁၉၉၂ ၌ ဆော်ဒီမှ ပျောက်ကွယ်သွားခဲ့ကာ ဆူဒန် နိုင်ငံရှိ ၎င်း၏အခြေစိုက်စခန်းတွင် အခြေချခဲ့သည်။

ထိုနောက်တွင် အမေရိကန်က အိုစမာဘင်လာဒင်ကို ဆူဒန်မှထွက်ခွာရန် ဖိအားပေးမှုများကြောင့် ၁၉၉၆ ခုနှစ် တွင် ဆူဒန်မှ ထွက်ခွာခဲ့သည်။

ယင်းနောက် အာဖဂန်နစ္စတန်တွင် အခြေစိုက်စခန်း တစ်ခု တည်ထောင်လိုက်ပြီးနောက် အိုစမာဘင်လာဒင်က အမေရိကန်ကို စစ်ကြေညာလိုက်ပြီး အကြမ်းဖက်တိုက်ခိုက်မှု များ၊ ဗုံးခွဲမှုများ များစွာပြုလုပ်ခဲ့သည်။ ၁၉၉၈ ခုနှစ်အတွင်း တန်ဇန်းနီးယားနှင့် ကင်ညာတို့ရှိ အမေရိကန်သံရုံးကို ဗုံးခွဲတိုက်ခိုက်မှုများ အပါအ၀င် အခြား အကြမ်းဖက်မှု များစွာဖြင့် အမေရိကန်က FBI ၏ အလိုအရှိ ဆုံး ၁၀ ဦးစာရင်းတွင် ထည့်သွင်းထားခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ အကြား အိုစမာဘင်လာဒင် သည် အမေရိကန်ပြည်ထောင်စု၏ အရေးကြီးပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် နယူး ယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟို အမြွှာမျှော်စင်အဆောက်အအုံ ၂ ခုကို အကြမ်းဖက်တိုက်ခိုက်မှုကြီး ပေါ်ပေါက်ပြီးနောက် FBI ဒေါ်လာ ၂၅ သန်း ဆုကြေးငွေထုတ်ပြန်ခြင်းခံရသည်။ (၉ ၊ ၁၁) အကြမ်းဖက်မှုကြီးဖြစ်ပွားအပြီး ၁၀ နှစ်ခန့်အကြာ ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်တွင်ကား ပါကစ်္စတန်နိုင်ငံ၊ အဘော့ တာဘက်မြို့ရှိ အထူးစီမံဆောက်လုပ်ထားသော စံအိမ်ကြီး ကို အမေရိကန် Naval Seal နှင့် CIA မှ SAD/SOG အဖွဲ့ဝင်များက အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အမိန့်ဖြင့် ၀င်ရောက်စီးနင်းခဲ့ကြသည်။

ဘင်လာဒင်သည် ပါကစ္စတန်တွင် နေရာအနှံ့အပြား လှည့်လည်ပုန်းအောင်းနေခဲ့စဉ် အဘော့တာဘက်တွင် စံအိမ် ကြီးတစ်လုံး လျှို့ဝှက်စွာ ဆောက်လုပ်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အဘော့ တာဘက်မြို့၏ အရှေ့မြောက်ဘက် ၄ ကီလိုမီတာ (၂ ဒသမ ၅ မိုင်) အကွာတွင် တည်ရှိပြီး ၃ ထပ်အဆောက်အအုံဖြစ် သည်။ အမေရိကန်က အဆိုပါနေအိမ်၏တန်ဖိုးကို ကန် ဒေါ်လာ ၁ သန်းဟု ခန့်မှန်းထားသော်လည်း ဒေသတွင်း အိမ်ခြံမြေအကျိုး ဆောင်တို့ကမူ ဒေါ်လာ ၂၅၀၀၀၀ ခန့်သာ တန်ဖိုးဖြတ်ကြသည်။နေအိမ်၏ အရွယ်အစားမှာ အနီးဝန်းကျင်နေအိမ်များထက် ၈ ဆခန့် ပိုမိုကြီးမားသည်။

နေအိမ်ပတ်လည်တွင် ၁၂ ပေမှ ၁၈ ပေအထိ မြင့်မားသည့် ကွန်ကရစ်နံရံကြီးများ ကာရံထားကာ နံရံထိပ်တွင် သွပ်ဆူးကြိုးများ တပ်ဆင်ထားသည်။ လုံခြုံရေးဂိတ် ၂ ခု ထည့်သွင်းထားပြီး တတိယထပ် ရှိ လသာဆောင်တွင် ၇ ပေခန့်မြင့်မားသော နံရံတစ်ခု ထပ်မံကာရံထားသည်။ ပြင်ပကမ်္ဘာနှင့် ဆက်သွယ်ရန်အတွက် အင်တာနက် အသုံးပြုခြင်းမရှိသလို တယ်လီဖုန်းဆက်သွယ်မှုလည်း ရယူထားခြင်း မရှိချေ။

အခြားအိမ်နီးချင်းများကဲ့သို့ အမှိုက်စွန့်ပစ်လေ့မရှိ ဘဲ မီးရှို့ပစ်လေ့ရှိသည်။ နေအိမ်တည်နေရာမှာ မြောက်လတ္တီတွဒ် ၃၄ ဒီဂရီ ၁၀ မိနစ် ၀၉ စက္ကန့် အရှေ့လောင်ဂျီကွဒ် ၇၃ ဒီဂရီ၊ ၁၄ မိနစ်၊ ၃၃ စက္ကန့်တွင် တည်ရှိပြီး ပါကစ္စတန် စစ်တက္ကသိုလ်၏ အနောက်တောင်ဘက် ၁ ဒသမ ၃ ကီလိုမီတာ (၀ ဒသမ ၈ မိုင်)ခန့်တွင် တည်ရှိသည်။ ဘင်လာဒင်၏ နေအိမ်ကို ၀င်ရောက်စီးနင်းမည့်ကိစ္စနှင့် စပ်လျဉ်းပြီး အမေရိကန်အစိုးရက ပါကစ္စတန်ကို အကြောင်း ကြားခဲ့ခြင်း မရှိချေ။

ဘင်လာဒင်၏ နေအိမ်ကို ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်၊ ဒေသစံတော်ချိန် နံနက် ၁ နာရီအချိန်၌ စီးနင်းခဲ့ရာတွင် နေအိမ်ရှိ လူအားလုံး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ယင်းနောက် အာဖဂန်နစ္စတန်သို့ သယ်ဆောင်သွား ကာ အိုစမာဘင်လာဒင်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုခဲ့ပြီး နောက် အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဖြင့် တင်ဆောင်သယ်ယူကာ အာရေးဗီးယား ပင်လယ် မြောက်ပိုင်း ပင်လယ်တွင်းတစ်နေရာ (အနီးစပ်ဆုံးအားဖြင့် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကွဒ် ၆၆ ဒီဂရီနေရာ) တွင် ရေချ သဂြိုဟ်ခဲ့သည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service