ဒုတိယတန်းစားမြို့များ၏ နှစ်ဖြစ်ခဲ့သည့် ၂၀၁၈

ဒုတိယတန်းစားမြို့များ၏ နှစ်ဖြစ်ခဲ့သည့် ၂၀၁၈ - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 10:57 am တွင် တင်ခဲ့သည်
685 ကြိမ် ကြည့်ရှု့ပြီး

အာရှတွင် ဒုတိယတန်းစားမြို့များသည် အဓိကမြို့ကြီးများကဲ့သို့ အရှိန်ပြင်းသော စီးပွားရေးဝန်းကျင်ကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။ သို့သော် အာရှသို့ တရုတ်၏ ငွေကြေးရင်းနှီးမှုနှင့် ပင်လယ်ကမ်းစပ်နေရာများမှ ဒီဂျစ်တယ်အချက်အချာများအဖြစ် တိုးတက်ပြောင်းလဲလာမှုတို့ကြောင့်ယင်းဒုတိယတန်းစားမြို့များက ကြီးမားသော အကျိုးအမြတ်များရရှိစေမည့် မြေဆီကောင်းမွန်သော မြေပြင်ကျယ်ကို ပေးစွမ်းနိုင်နေပြီဖြစ်သည်။

ကမ္ဘောဒီးယားတွင် ဒုတိယတန်းစားမြို့များက ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာခေါင်းကြီးပိုင်းသတင်းနေရာများအား လွှမ်းမိုးသိမ်းပိုက်ခဲ့သည်။ နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းရှိ Sihanoukville မြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု၏ အချက်အချာမြို့ဖြစ်လာခဲ့ပြီး ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် Poipet မြို့သည်လည်း အလားတူပင် တရုတ်ရင်းနှီးမြှုပ်နှံသည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်။

ယခင်က နိုင်ငံခြားသားများအတွက် စိတ်ဝင်စားစရာမရှိခဲ့သော Poipet သည် ယခုအခါ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဘန်ကောက်မှ Poipet နှင့် ဖနွမ်းပင်တို့သို့ ဆက်သွယ်ထားသည့် ရထားလမ်း တည်ဆောက်ခြင်းနှင့် စီးပွားရေးဇုန်တို့ ထူထောင်ခြင်းတို့ ပြုလုပ်ခဲ့ပြီးကတည်းက Poipet ၏ အိမ်ခြံမြေဈေးကွက်သည် အံ့အားသင့်စဖွယ်အလှည့်အပြောင်းနှင့် ကြုံတွေ့လာခဲ့ရသည်။

"နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအများအပြားက Poipet ကို တကယ့်ရင်းနှီးမြှုပ်နှံစရာနေရာတစ်ခုအဖြစ် မျက်စိကျနေကြပါတယ်" ဟု Sokha Residences Group ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) Hor Kunthea က ပြောကြားခဲ့သည်။

လောင်းကစားရုံ ၃၀ နှင့် တိုးတက်လာသော ကုန်ထုတ်စက်မှုလုပ်ငန်းတို့ကြောင့် Poipet တွင် တရုတ်နိုင်ငံသားနှင့် ကိုရီးယားနိုင်ငံသားတို့ လာရောက်နေထိုင်မှု များပြားလာနေပြီဖြစ်သည်။ Sihanoukville မြို့ ဖွံ့ဖြိုးစနှင့် ပုံစံတူပင် ဖြစ်သည်။

Poipet ၌ ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေစီမံကိန်း ၁၆ ခု ပြီးစီးခဲ့ပြီး ဈေးကွက်ထဲသို့ အိမ်ခန်း ၁,၅၀၀ ကျော် ဝင်ရောက်ခဲ့သည်။ Poipet မြို့အုပ်ချုပ်ရေးမှူး San Sean Ho ကလည်း အစိုးရအနေဖြင့် ဂေါက်ကွင်းတစ်ကွင်း၊ မြစ်တုတစ်ခု၊ ဥယျာဉ်ကြီးတစ်ခုနှင့် ရေပေါ်ဈေးတစ်ဈေးတို့ကို တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Poipet ကဲ့သို့ပင် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒါဗာအိုမြို့သည်လည်း ရင်းနှီးမြှုပ်နှံမှုဘုံနန်းတစ်ခု ဖြစ်လာပါပြီ။ လက်ရှိဖိလစ်ပိုင်သမ္မတ ဒူတာတေး ယခင်က မြို့တော်ဝန်အဖြစ် အုပ်ချုပ်ခဲ့သည့် ထိုဒါဗာအိုမြို့သည် တစ်ချိန်က လက်နက်ဒုစရိုက်မှုများဖြင့် ကျော်ကြားခဲ့ဖူးသော်လည်း ယခုမူ ၎င်းမြို့ရှိ အိမ်ခြံမြေဈေးများမှာ မြင့်တက်လျက်ရှိသည်။ ဒါဗာအိုမြို့၏ ဒါဟီကန်ကမ်းခြေရှိ အိမ်ခန်းများ၏ ၁ စတုရန်းမီတာ ဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်က ဖိလစ်ပိုင်ပီဆို ၁,၀၀၀ မှ ၁,၅၀၀ အကြားသာ ရှိခဲ့ရာမှ ယခုအခါ ဖိလစ်ပိုင်ပီဆို ၁၀,၀၀၀ မှ ၁၂,၀၀၀ အကြား ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ အားလပ်ရက်အပန်းဖြေနေအိမ်များနှင့် ခရီးသွားလာရေးနှင့်ဆက်စပ်သော အိမ်ခြံမြေများကိုလည်း ဝယ်လိုအားမြင့်မားလျက်ရှိသည်။ ဒါနန်းသည် လက်ရှိတွင် တရုတ်နိုင်ငံသားခရီးသွားများနှင့် တောင်ကိုရီးယားနိုင်ငံသားခရီးသွားများအတွက် ဗီယက်နမ်ရှိ ထိပ်တန်းသွားရောက်လည်ပတ်စရာနေရာတစ်ခုဖြစ်လာသည်။

ဒါနန်းသို့ ၂၀၁၈ ခုနှစ် ပထမ ၇ လတာအတွင်း ခရီးသွား ၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းပမာဏသည် ၂၀၁၇ ခုနှစ် ပထမ ၇ လတာကထက် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း ဒါနန်းခရီးသွားလာရေးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းခရီးသွားများအနက် ၁ ဒသမ ၈ သန်းကျော်မှာ နိုင်ငံခြားသားခရီးသွားများဖြစ်ပြီး ၅၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူတို့အတွက် နေထိုင်လုပ်ကိုင်ရန် အကြောင်းရင်းတစ်ရပ်အမြဲတမ်းပေးသော စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများရှိရာ မြို့ကြီးပြကြီးများနှင့်မတူသည့် အာရှ၏ အဆိုပါဒုတိယတန်းစားမြို့များနှင့်ပတ်သက်၍ ကောင်းသလား၊ ဆိုးသလား အဖြေမှာမူ ယနေ့တိုင် မသိနိုင်သေးပေ။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service