ရွှေကို အရေးကြီးကုန်စည်အဖြစ်မှ ပယ်ဖျက်ပေးခဲ့၍ ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်ဟုဆို

ရွှေကို အရေးကြီးကုန်စည်အဖြစ်မှ ပယ်ဖျက်ပေးခဲ့၍ ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 10:24 am တွင် တင်ခဲ့သည်
1109 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ တွင် အရေးကြီး ကုန်စည်အဖြစ်မှ ပယ်ဖျက်ပေး ခြင်းကြောင့် ရွှေသည်ပြည်တွင်း ဈေးကွက်သာ ရှိနေရာမှ ပြည်ပ ဈေးကွက်အထိ သွားနိုင်ခဲ့သည် ဟု ပြည်ထောင်စုလွှတ်တော် ဒုတိ ယနာယက ဦးထွန်းထွန်းဟိန်က ပြောသည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ဇန်န၀ါရီ ၅ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း(YGEA) နှစ် ပတ်လည်အစည်းအဝေး၌ ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

‘‘YGEA က ပြည်တွင်းမှာ သာ ရောင်းဝယ်လို့ရတဲ့ ဈေးကွက်ကနေ ကမ္ဘာ့ရွှေဈေးကွက်ထဲကို ထွက်လာတာ တွေ့ရပါတယ်’’ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ရွှေကို နိုင်ငံတကာဈေးကွက် အတွင်း ၀င်ရောက်ရန် ရွှေတင်ပို့ခြင်း၊ တင်သွင်းခြင်းအတွက် ပြည်တွင်း၌ သုံးစွဲနေသည့် ပဲ၊ ရွေး၊ ကျပ် စသည့်အလေး ချိန်စနစ်ကို နိုင်ငံတကာသုံး ဂရမ်၊ အောင်စ စသည့်စနစ်သို့ ပြောင်းလဲနိုင်ရန် နှိုးဆော်နေသည်ဟု ၎င်းကဆို သည်။

ထို့ပြင် ဒေါ်လာဈေးအ ပြောင်းအလဲကြောင့် ရွှေဈေးအ ပြောင်းအလဲ ဖြစ်နေခြင်းကို ကု စားနိုင်ရန် မိုဘိုင်းအက်ပလီကေး ရှင်း အသုံးပြုရောင်းချရန် ကြိုး စားနေသည်ကို တွေ့ရကြောင်း ဦးထွန်းထွန်းဟိန်က ပြောသည်။ ထိုသို့ အသုံးပြုနေခြင်းကြောင့် ရွှေဈေးအပြောင်းအလဲ တည်ငြိမ် လာမည်ဟု ၎င်းကဆိုသည်။

သို့သော် ရွှေကိုပြည်ပမှ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းကို ကုမ္ပဏီအချို့က စမ်းသပ်လုပ် ကိုင်နေပြီး အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောသည်။

သန့်စင်မှု ၉၉ ဒသမ ၉၉ ရာ ခိုင်နှုန်းရှိသည့် ရွှေကိုတင်ပို့၊ တင်သွင်းရာတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရန် အဓိကဖြစ်နေ သည်။ သို့သော် ဗဟိုဘဏ်သည် လုပ်ထုံးလုပ်နည်း မရှိသေးသဖြင့် ပြန်လည်အဖြေပေးခြင်း မရှိသေး၍ လက်ရှိအထိ လုပ်ငန်းလုပ် ဆောင်နိုင်ခြင်း မရှိသေးဟု ဦးမျိုး မြင့်က ပြောသည်။

ရွှေဈေးဖွင့်ရာတွင် ဒေါ်လာ ဈေးအရ ဖွင့်ရခြင်းဖြစ်၍ ဗဟို ဘဏ်က ဒေါ်လာဈေးကိုအမြင့် နှုန်း ဖွင့်နေခြင်းကြောင့် ရွှေဈေး သည် အမြင့်ဈေးနှုန်း၌သာရှိနေ သည်ဟု ၎င်းကဆိုသည်။ ထို ကြောင့် ဗဟိုဘဏ်သည် ဒေါ်လာ ဈေးနှုန်းသတ်မှတ်ရာတွင် တစ် နေ့လျှင် တစ်ကြိမ်အစား နှစ်ကြိမ်ခန့် သတ်မှတ်ပေးရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း စိန်နှင့်မြကို အထူးကုန် စည်ခွန် ကင်းလွတ်ခွင့်ပြုရန်နှင့် ရွှေစင်ရွှေတုံးများကို ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရန် နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်သို့ ၂၀၁၇ ဇူလိုင် ၂၆ရက်တွင် သ၀ဏ်လွှာပေးပို့သည်။

၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ရွှေစင်ရွှေတုံး ကုန်စည်ကို ပြည်တွင်း၌ ထုတ် လုပ်ရောင်းချခြင်း၊ ပြည်ပမှ တင် သွင်းခြင်းနှင့် ပြည်တွင်းတွင် ကုန်သွယ်မှုပြုခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

စိန်နှင့်မြကို အချောထည်ဖြစ်ပါက ၅ ရာခိုင်နှုန်းဖြင့်လည်း ကောင်း၊ အရိုင်းထည်ဖြစ်ပါက ၁၀ရာခိုင်နှုန်းဖြင့်လည်းကောင်း အထူးကုန်စည်ခွန် ကျသင့်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုကင်းလွတ် ခွင့်များကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အပြင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ပါ ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service