၂၀၁၉ တွင် ရှန်ဟိုင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုအလားအလာများ ဆက်လက်အားကောင်း

၂၀၁၉ တွင် ရှန်ဟိုင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုအလားအလာများ ဆက်လက်အားကောင်း - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 10:09 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၉ ခုနှစ်အတွက် အာရှပစိတ်ဖိတ်ဒေသတွင် ရှန်ဟိုင်း၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုအလားအလာများသည် အားတက်စဖွယ် ဆက်လက်အလားအလာကောင်းမည်ဖြစ်ကြောင်း Urban Land Institute သုတေသနအဖွဲ့အစည်းနှင့် PricewaterhouseCoopers အာမခံ၊ အခွန်နှင့် အတိုင်ပင်ခံကုမ္ပဏီတို့၏ ပူးတွဲအစီရင်ခံစာတစ်စောင်အရ သိရသည်။

ဈေးနှုန်းများ မြင့်မာခြင်းနှင့် အဖိုးတန်အသုံးအဆောင်ပစ္စည်းများအား ပိုင်ဆိုင်ခွင့်ရရန် ယှဉ်ပြိုင်မှုပြင်းထန်ခြင်းတို့ ရှိလင့်ကစား အထက်ပါအခြေအနေကား ဖြစ်ပွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရှန်ဟိုင်းသည် ၂၀၁၉ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအလားအလာကောင်းမှုတွင် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းမှုတွင် နံပါတ် ၅ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ယင်းသည် ၂၀၁၈ ခုနှစ်အတွက် အစီရင်ခံစာစာရင်းအောက် အဆင့်များ အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်သည်။

၎င်းအစီရင်ခံစာသည် စစ်တမ်းဖြေဆိုမှုပေါင်း ၃၇၀ ကျော် (အထူးသဖြင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ၊ အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲသူများနှင့် ရင်းနှီးမြှုပ်နှံသူများထံမှ) နှင့် အိမ်ခြံမြေရေးရာကျွမ်းကျင်သူ ၈၉ ဦးတို့အား ပုဂ္ဂလိကမေးမြန်းမှုများအပေါ် အခြေခံ၍ ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

ထိုခန့်မှန်းချက်အစီရင်ခံစာတွင် မဲလ်ဘုန်းက ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှစ်ရပ်စလုံးအတွက် အာရှပစိဖိတ်တွင် နံပါတ် ၁ မြို့အဖြစ် ယခုနှစ်တွင် ဆစ်ဒနီကို ကျော်တက်ခဲ့သည်။ ဆစ်ဒနီကမူ ၂၀၁၈ အလားအလာစာရင်း၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့ရာမှ ၂၀၁၉ အလားအလာစာရင်းတွင် တတိယနေရာသို့ ကျဆင်းခဲ့သည်။

စင်္ကာပူသည် ရင်းနှီးမြှုပ်နှံမှုအလားအလာတွင် နံပါတ် ၂ နေရာ၌ ဖော်ပြခံခဲ့ရသော် လည်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွင် အဆင့် ၈ သာ ရရှိခဲ့သည်။

တိုကျိုနှင့် အိုဆာကာတို့သည်လည်း ၂၀၁၉ ခုနှစ်အတွက် အားကောင်းသော အလားအလာများပြခဲ့ကြသည်။ တိုကျိုသည် ရင်းနှီးမြှုပ်နှံမှုအလားအလာတွင် အဆင့် ၄ ၌ ဖော်ပြခံခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွင်လည်း အဆင့် ၄ ၌ ဖော်ပြခံခဲ့ရသည်။ ယင်းက တိုကျိုသည် အဖွဲ့အစည်းဆိုင်ရာ ဝယ်လက်များအကြား ရေပန်းစားဆဲဖြစ်သည်ကို ညွှန်ပြခြင်းဖြစ်သည်။ အိုဆာကာက ရင်းနှီးမြှုပ်နှံမှုတွင် နံပါတ် ၅ နေရာ၌ ဖော်ပြခံခဲ့ရသော်လည်း ဖွံ့ဖြိုးတိုးတက်မှုတွင် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service