ဗြိတိန်တော်ဝင်မင်းသား ဝီလျံ၏ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန် အပျိုဘဝက နေထိုင်ခဲ့သည့်အိမ် ယူရို ၂ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တော်ဝင်မင်းသား ဝီလျံ၏ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန် အပျိုဘဝက နေထိုင်ခဲ့သည့်အိမ် ယူရို ၂ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
7 Jan 2019 12:13 pm တွင် တင်ခဲ့သည်
2043 ကြိမ် ကြည့်ရှု့ပြီး

ကိန်းဘရစ်မြို့စားကတော် ကိတ် မစ်ဒယ်လ်တန်ကို ကက်သရင်းဟု လူသိများပြီး ငယ်နာမည်မှာ ကက်သရင်း အဲလစ်ဇဘက် မစ်ဒယ်တန်ဖြစ်ကာ ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် မွေးဖွားသည်။

ခင်ပွန်းဖြစ်သူ ကိန်းဘရစ်မြို့စား ဝီလျံမင်းသားမှာ ဗြိတိန်၏ ဘုရင်ဖြစ်လာမည့်သူတစ်ဦးလည်း ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ ဘာ့ခ်ရှိုင်းယားခရိုင်၏ ဈေးမြို့ကလေးဖြစ်သော နယူးဘူရီအနီးရှိ ချက်ပယ်လ်ရိုးကျေးရွာကလေးတွင် ကြီးပြင်းခဲ့သည်။

စကော့တလန်နိုင်ငံ၊ စိန့်အင်ဒရူးစ်တက္ကသိုလ်တွင် အနုပညာသမိုင်း သင်ယူနေစဉ် ၂၀၀၁ ခုနှစ်အတွင်း ဝီလျံနှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် စေ့စပ်ကာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် လက်ထပ်ခဲ့ကြသည်။

ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့တွင် ရင်သွေးတော် ၃ ဦး ထွန်းကားထားသည်။

ယခုအခါ ကိတ်မစ်ဒယ်လ်တန် အပျိုဘဝကနေထိုင်ခဲ့သော ချယ်လ်ဆီးရှိ နေအိမ်မှာ ယူရို ၂ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

(အချက်အလက်များ)

တည်နေရာ- အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အနောက်တောင်ပိုင်း ချယ်လ်ဆီးအရပ်၊ Old Church လမ်း

ခေါ်ဈေး- ယူရို ၂ ဒသမ ၂ သန်း

အင်္ဂလန်တော်ဝင်မင်းသား ဝီလျံ၏ ကြင်ယာတော်ဖြစ်မလာမီ ၂၀၁၁ ခုနှစ်အတွင်း ကိတ်မစ်ဒယ်လ်တန်သည် လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ နေအိမ်တွင် ညီမဖြစ်သူ ပစ်ပါမစ်ဒယ်လ်တန်နှင့်အတူ နေထိုင်ခဲ့သည်။

ကိတ်မစ်ဒယ်လ်တန်၏ မိဘများက ၂၀၀၂ ခုနှစ်အတွင်း ယူရို ၈၇၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အေးချမ်းသာယာပြီး တိတ်ဆိတ်သည့် လမ်းကလေးတွင် တည်ရှိပြီး နေအိမ်အတွင်း ရိုးရာပရိဘောဂများဖြင့် မွမ်းမံထားကာ ကော်ဇောနှင့် ဆိုဖာများမှာမူ အရှေ့တိုင်းဟန်များ ဖြစ်ကြသည်။

နေအိမ်မျက်နှာစာမှာ အရှေ့နှင့် အနောက်အရပ်တို့ကို အလျားလိုက်မျက်နှာစာထားရှိခြင်းဖြစ်ရာ တစ်နေ့လုံး သဘာဝအလင်းကို ရရှိစေသည်။

လန်ဒန်အနောက်ပိုင်းရှိ ယခုနေအိမ်ကို ရောင်းချမှုမှ ကိတ်မစ်ဒယ်လ်တန်၏ မိဘများဖြစ်သော မိုက်ကယ်နှင့် ကာရိုးလ် မစ်ဒယ်လ်တန်တို့အတွက် ပေါင် ၁ ဒသမ ၂ သန်းမြတ်စွန်းမြတ်စွန်းဖွယ်ရာရှိသည်။

ကိတ်မစ်ဒယ်လ်တန်သည် ယခုအခါ ကန်ဆင်တန်နန်းတော်တွင် နေထိုင်လျက်ရှိပြီဖြစ်ပြီး ညီမဖြစ်သူ ပစ်ပါမစ်ဒယ်လ်တန်မှာ လန်ဒန်မြို့တွင်ပင် ပေါင် ၁၇ သန်းတန်နေအိမ်၌ နေထိုင်လျက်ရှိပြီဖြစ်ရာ ယခုနေအိမ်ခန်းကို မလိုအပ်တော့သောကြောင့် ပြန်လည်ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။

ပစ်ပါမစ်ဒယ်လ်တန်သည် ကိတ်မစ်ဒယ်လ်တန်၏ ညီမဖြစ်ပြီး စာရေးဆရာမ၊ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်ကာ မင်းသားဝီလျံနှင့် အစ်မဖြစ်သူတို့၏ ထိမ်းမြားမင်္ဂလာတွင် အရံသတို့သမီးအဖြစ် ပါဝင်ခဲ့ရာမှစတင်ပြီး မီဒီယာများအကြား လူသိများလာခဲ့ခြင်း ဖြစ်သည်။

မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့ မိသားစုဝင် ၅ ဦးသည် ဟိုက်ပါ့ခ်ပန်းခြံ၏ လှပသော မြင်ကွင်းများ ပိုင်ဆိုင်ထားသည့် အခန်းပေါင်း ၂၀ ပါနေအိမ်တွင် နေထိုင်လျက်ရှိကြသည်။

ပစ်ပါ မစ်ဒယ်လ်တန်သည် သန်းကြွယ်သူဌေး ဂျိမ်းစ် မက်သူးစ်ကို လက်ထပ်ခဲ့ပြီး လက်ရှိအားဖြင့် ၎င်းတို့နေထိုင်လျက်ရှိသော ၅ ထပ် အဆောက်အအုံကို ပေါင် ၁ ဒသမ ၂ သန်း အကုန်အကျခံကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

၎င်းတို့၏ နေအိမ်တွင် အားကစားလေ့ကျင့်ခန်းမ၊ မြေအောက်ရုပ်ရှင်ရုံ၊ ဓာတ်လှေကားနှင့် အိပ်ခန်း ၆ ခန်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service