စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ၂၀၁၈ အတွင်း ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့

စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ၂၀၁၈ အတွင်း ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Jan 2019 11:25 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

ပုဂ္ဂလိကလူနေအိမ်ခြံမြေဈေးနှုန်းများ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် တတိယသုံးလပတ်နှင့်ဆန့်ကျင်စွာပင် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တတိယသုံးလပတ်က ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တစ်နှစ်တာလုံးအတွင်းမူ ပုဂ္ဂလိကလူနေအိမ်ခြံမြေဈေးနှုန်းများသည် ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၇ မြင့်တက်နှုန်း ၁ ဒသမ ၁ ရာခိုင်နှုန်းထက် သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ URA က ထုတ်ပြန်ခဲ့သည်။

CCR အရပ်ရှိ ပုဂ္ဂလိကအိမ်ခန်းဈေးနှုန်းများသည် တတိယသုံးလပတ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် စတုတ္ထသုံးလပတ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

RCR နှင့် OCR အရပ်တို့၌မူ တတိယသုံးလပတ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၁ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ပြီးနောက် စတုတ္ထသုံးလပတ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၈ ရာခိုင်နှုန်းစီ အသီးသီးမြင့်တက်ခဲ့သည်။

၂၀၁၈ တစ်နှစ်တာလုံးတွင်မူ CCR၊ RCR နှင့် OCR တို့ရှိ ဈေးနှုန်းများသည် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။

"၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်ရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမှုဆိုတာဟာ အရမ်းအရမ်းကိုမပြောပလောက်တဲ့ ကျဆင်းနှုန်းပါ။ ဒါကြောင့်မို့လို့ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ စိုးရိမ်လောက်စရာမရှိပါဘူး" ဟု ERA Realty အိမ်ခြံမြေကုမ္ပဏီ၏ အဓိကအမှုဆောင်အရာရှိ ယူဂျင်းလင်မ်က ပြောကြားခဲ့သည်။

"၂၀၁၉ ထဲ စီမံကိန်းသစ်တွေ အများကြီး ဈေးကွက်ထဲ ဝင်လာဖို့ ရှိတာကြောင့် တစ်နှစ်တာလုံးမှာ ဈေးနှုန်းတွေ တည်ငြိမ်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်" ဟုလည်း လင်မ်က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း စီမံကိန်းသစ် ၄၀ ကျော် ဈေးကွက်ထဲဝင်ရောက်လာမည်ဟု လင်မ်က ခန့်မှန်းခဲ့သည်။

စင်္ကာပူစီးပွားရေးသည်လည်း ယခုနှစ်အတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအကြားသာ ဖွံ့ဖြိုးမည်ဟု သူက ခန့်မှန်းခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service