ကွန်ဒို ဝယ်ယူသူ နိုင်ငံသားများကို အခွန်လျှော့ပေးရန် ညှိနှိုင်းနေဟုဆို

ကွန်ဒို ဝယ်ယူသူ နိုင်ငံသားများကို အခွန်လျှော့ပေးရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
3 Jan 2019 12:04 pm တွင် တင်ခဲ့သည်
3707 ကြိမ် ကြည့်ရှု့ပြီး

ကွန်ဒိုမီနီယံ (Condominium) ဝယ်ယူသူ မြန်မာနိုင်ငံသားများကို အခွန် လျှော့ပေးရန် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်ညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

၂ဝ၁၈ ခုနှစ် သြဂုတ် ၂၇ ရက် က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ရာတွင် အခွန်လျှော့ပေါ့ ပေးရန် ၎င်းကဆောက်လုပ်ရေး လုပ်ငန်းရှင်များကိုယ်စားတင် ပြတောင်းဆိုခဲ့မှုအပေါ် နိုင်ငံတော်အနေဖြင့် အမြန်ဆုံးလုပ်ဆောင် ပေးနေသည်ကိုတွေ့ရှိရကြောင်း ဦးရှိန်ဝင်းက ပြောသည်။

''တင်ပြခဲ့တာက ကွန်ဒိုမီနီ ယံနဲ့ပတ်သက်ပြီး တင်ပြတာ၊ အခု ကွန်ဒိုမီနီယံဥပဒေကကျလာပြီ၊ အခုကလည်း ပြောတဲ့အတိုင်းပဲ။ နိုင်ငံတော်အနေနဲ့အမြန်ဆုံး လုပ်ဆောင်ပေး တာတွေ့ရတယ်။ နောက်ပြီးတော့ ကွန်ဒိုမီနီယံ နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီတွေ မှတ်ပုံတင်ဌာနတွေ အားလုံးကိုလည်း သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၅ရက်က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်တယ်။ အသုံးပြုဖို့ အတွက် တံဆိပ်ခေါင်းခွန်တို့ အခွန်အခတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးမှ ဆက်လက်ပြီးတော့ လုပ်ဆောင်မှာဖြစ်ပါတယ်''ဟု ¤င်းက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁ ရက်က ပြောသည်။

ကွန်ဒိုတိုက်ခန်းဝယ်ယူသူများကို အခွန် လျှော့ပေါ့ပေးခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာအခွန် ရရှိမှုလျော့နည်းပါက မိမိတို့စည်းစိမ်အကုန်စိုက် ထုတ်ပေးလျော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့သည်။ ''ဒီတိုက်ခန်းတွေက နိုင်ငံခြားသားအပြင် နိုင်ငံသားတွေလည်း ဝယ်မှာဖြစ်ပါတယ်။ ဝယ်ယူ နိုင်ဖို့အတွက် ဆွဲဆောင်မှု လုပ်ပေးရမှာ ဖြစ်ပါ တယ်။ မလုပ်ပေးလို့ရှိရင် ၆ဝ ရာခိုင်နှုန်းက မရောင်းရဘဲနဲ့ ၄ဝ ရာခိုင်နှုန်းပဲ ရောင်းနိုင်မလို ဖြစ်နေတယ်''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကွန်ဒိုမီနီယံဥပဒေအရ အလုပ်လုပ်ကြည့်ပြီး လက်တွေ့ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာ၍ အလုပ်မဖြစ်လျှင် ထပ်မံပြင်ဆင်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဒုညွှန်ကြားရေးမှူး ဒေါ်မိုးသီတာကပြောသည်။

ကွန်ဒိုမီနီယံဥပဒေသည် ယခင်ကရှိပြီးသား ဥပဒေကိုပင် မွမ်းမံထားခြင်းဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအတွက် အနည်းငယ် သက်သောင့်သက်သာရှိစေမည့် အချက်များပါဝင်လာသော်လည်း Developer များ မျှော်မှန်းထားသကဲ့သို့များစွာ လျှော့ချပေးနိုင်မှုမရှိကြောင်း၊ ဥပမာ- အားဖြင့် Devepoloper များက စီမံကိန်းများ ကုန်ကျစရိတ်စုစုပေါင်း၏ ၃ရာခိုင်နှုန်းသာ Down Payment အဖြစ် အစိုးရသို့ ပေးသွင်းထားရန် တောင်းဆိုနေသော်လည်း ၁၅ ရာခိုင်နှုန်းငွေသွင်းထားရန် လွှတ်တော်ကဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရ ၏ သတ်မှတ်ချက်နှင့် လုပ်ငန်းရှင်များ၏လိုလား ချက်အကြား ကွာခြားချက် ဖြစ်ပေါ်ရခြင်းမှာ မြန်မာ နိုင်ငံတွင် စီမံကိန်းချေးငွေစနစ်မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

ကွန်ဒိုမီနီယံ ဥပဒေထွက်ပေါ်လာပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံခန့်ခွဲမှု ကော်မတီ များကို ဖွဲ့စည်းပြီးဖြစ်ကာ ဥပဒေအရ အကျုံးဝင် သည့်ဆောက်ပြီးသားကွန်ဒိုမီနီယံများသည် မှတ်ပုံ တင်လုပ်ခွင့်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက နိုင်ငံခြားသားများကို ကွန်ဒိုအခန်းများ၏ ရာခိုင် နှုန်း ၄ဝ ကို ရောင်းချခွင့်ရမည်ဖြစ်သည်။ ကွန်ဒိုမီနီယံဥပဒေသည် အထူးဥပဒေဖြစ်ကာ အထူးတံဆိပ်ခေါင်းခွန်၊ အထူးအခွန်များဖြင့် ဖြေလျော့မှုများလုပ်ပေးကာ ကွန်ဒိုဈေးကွက်ကို ဖော်ဆောင်သင့်ကြောင်း လျှော့ပေါ့ပေးရေးလုပ်ငန်း စဉ်များကို နှစ်နှစ်၊ သုံးနှစ်ခန့်ဆောင်ရွက်ပေးမှ သာ ရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေး လောကတစ်ခုကို ပြန်လည်လည်ပတ်စေမည်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

Credit:  Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service