ဘရုစ်လီ နေထိုင်ခဲ့သော ဟောင်ကောင်ရှိ နေအိမ်ကြီးကို တရုတ်စာပေနှင့် ဂီတ သင်ကြားရာနေရာအဖြစ် ပြောင်းလဲမည်

ဘရုစ်လီ နေထိုင်ခဲ့သော ဟောင်ကောင်ရှိ နေအိမ်ကြီးကို တရုတ်စာပေနှင့် ဂီတ သင်ကြားရာနေရာအဖြစ် ပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2019 11:45 am တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ကွန်ဖူးဂန္ထ၀င်ကြယ်ပွင့် ဘရုစ် လီနေထိုင်ခဲ့သော ဟောင်ကောင်ရှိ စံအိမ် ကြီးကို လာမည့်နှစ်တွင် တရုတ် မန်ဒရင်းဘာသာနှင့် ဂီတတို့ သင်ကြားပေးရာနေရာအဖြစ် ပြောင်းလဲသွားရန် စီစဉ်လျက်ရှိ သည်။ ကွယ်လွန်သွားပြီဖြစ်သော ဟောင်ကောင်ဘီလီယံနာ၊ ပရဟိတသမားကြီး ယုပိုင်လင်း တည်ထောင်ခဲ့သော ပရဟိတ အဖွဲ့က ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ကိုလွန်းတောင်အရပ်၊ ကမ်ဘာလန်လမ်း၊ အမှတ် ၄၁ ရှိ အဆိုပါ အဆောက်အအုံကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်သော်လည်း ပြင်ပ မျက်နှာစာကိုမူ မူရင်းမပျက် ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ယင်းပရဟိတအဖွဲ့က ထုတ် ပြန်သည်။

သူဌေးကြီး ယုပိုင်လင်း၏ မြေးဖြစ်သူ ပန်ချိပင်က ပြောကြားရာတွင် ““လာမယ့်နှစ်မှာ ဒီအဆောက်အအုံကြီးကို တရုတ်စာလေ့လာရာ စင်တာတစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပြီး ကလေးတွေအတွက် မန်ဒရင်းဘာသာနဲ့ တရုတ်ဂီတ ဘာသာရပ်တွေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်””ဟု ပြော ကြားသည်။

စတုရန်းပေ ၅၆၉၉ ကျယ်ဝန်းသော အဆောက်အအုံ ကြီးကို တရုတ်နှစ်သစ်ကူးကာလပြီးသည်နှင့် ပြုပြင်မွမ်းမံမှု လုပ်ငန်းများ စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပန်ချိပင်က ဆိုသည်။ သင်ကြားမှုများကို လာမည့်နှစ်၊ စက်တင်ဘာလတွင် စတင်သွားရန် မျှော်မှန်းထားသည်။

မူကြိုမှ အထက်တန်းဆင့်အထိ ကလေးပေါင်း ၄၀၀ ခန့်ကို အဆိုပါစင်တာတွင် နှစ်စဉ်လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထားသည်။ ““နေအိမ်နောက်ဘက်နံရံဘက်မှာ ဘရုစ်လီထားခဲ့ တဲ့ အလှဆင်မွမ်းမံထားမှုတွေကို မူလအတိုင်း ကျွန်တော်တို့ ထိန်းသိမ်းထားမှာပါ””

အနာဂတ်၌ အဆိုပါစင်တာတွင် ကိုယ်ခံပညာရပ် များလည်း သင်ကြားပေးသွားဖွယ်ရာရှိသည်။ ပန်ချိပင်က ပြောကြားရာတွင် ယခုအဆောက်အအုံ ကြီးနှင့် ပတ်သက်ပြီး ကျော်ကြားမှုရရှိစေရန် ဘရုစ်လီ၏ အမည်ကို အသုံးချသွားမည်မဟုတ်ကြောင်းနှင့် အဘယ်ကြောင့် ဆိုလျှင် ဘရုစ်လီ၏ ပုံရိပ်အသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့် မိမိတို့တွင် ပိုင်ဆိုင်မှု မရှိသောကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

ဘရုစ်လီသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန် စစ်္စကိုမြို့ တရုတ်တန်းရှိ တရုတ်ဆေးရုံတွင် ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် မွေးဖွားခဲ့ပြီး ဟောင်ကောင်တွင် ကလေးဘ၀ကို ဖြတ်သန်းခဲ့ကာ အသက် ၁၈ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်သွားရောက်ခဲ့သည်။

ယင်းနောက် ကိုယ်ခံပညာရပ်များသင်ယူကာ ဇာတ်ကြမ်း ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် (အသက် ၃၂ နှစ် အရွယ်) တွင် ကွယ်လွန်သွားခဲ့ပြီး မကွယ်လွန်မီအထိ ယခု နေအိမ်ကြီးတွင် နေထိုင်သွားခဲ့သည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service