တန်ဖိုးနည်းအိမ်ရာ တဆင့်အငှားချမှု မရှိစေရန် တရုတ်တွင် မျက်နှာစစ်ဆေးနည်းပညာ အသုံးပြုမည်

တန်ဖိုးနည်းအိမ်ရာ တဆင့်အငှားချမှု မရှိစေရန် တရုတ်တွင် မျက်နှာစစ်ဆေးနည်းပညာ အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2019 10:34 am တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး

ဘေဂျင်းအစိုးရဟာ တရားမဝင် တိုက်ခန်းပြန်လည် ငှားရမ်းမှုလိုမျိုး တန်ဖိုးနည်းအိမ်ရာ အလွဲသုံးစားလုပ်မှုတွေကို တိုက်ဖျက်ဖို့အတွက် မျက်နှာစစ်ဆေးတဲ့ နည်းပညာကို အရှိန်အဟုန်မြှင့် တပ်ဆင်လျက်ရှိပါတယ်။

လူဦးရေ စုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ကို နေရာချထားပေးမယ့် ပြည်သူ့အိမ်ရာစီမံကိန်း အားလုံးမှာ မျက်နှာစစ်ဆေးမှု စနစ်ပါတဲ့ စမတ်သော့ခလောက်တွေကို ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်မှာ အပြီးတပ်ဆင်သွားမှာဖြစ်ပါတယ်။

စမတ်သော့ခလောက်တွေမှာ မျက်နှာစစ်ဆေးမှု နည်းပညာ အသုံးပြုခြင်းအားဖြင့် တန်ဖိုးနည်း ပြည်သူ့အိမ်ရာမှာ နေထိုင်သူအားလုံးရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်ရုံမက တရားမဝင် တဆင့်ပြန်လည်ငှားရမ်းမှုတွေကိုပါ တိုက်ဖျက်နိုင်ဖို့ ဘေဂျင်းအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ အခန်းရေ အကန့်အသတ်ရှိတဲ့ တန်ဖိုးနည်း တိုက်ခန်းတွေကို အမှန်တကယ် လိုအပ်နေသူတွေသာ နေထိုင်နိုင်စေဖို့ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ပြည်သူလူထုကို စောင့်ကြည့်ဖို့အတွက် မျက်နှာစစ်ဆေးဖတ်ရှုတဲ့ နည်းပညာကို နယ်ပယ်ပေါင်းစုံမှာ တိုးမြှင့်အသုံးပြုလာပါတယ်။ တရုတ်နိုင်ငံက မြို့ကြီးတော်တော်များများမှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းမိဖို့အတွက် မျက်နှာဖတ်ရှု စစ်ဆေးနိုင်တဲ့ ကင်မရာတွေကို တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဘေဂျင်းက ပန်းခြံတခုမှာဆိုရင်လည်း လာရောက် လည်ပတ်သူတွေအနေနဲ့ အိမ်သာသုံးစက္ကူလိပ်တွေ အများကြီးယူသွားလို့မရအောင် မျက်နှာစစ်ဆေးတဲ့ လုပ်ဆောင်ချက်ပါ အိမ်သာသုံး စက္ကူထုတ်စက်ကို တပ်ဆင်ထားပါတယ်။

မျက်နှာစစ်ဆေးတဲ့စနစ်ကို ဘေဂျင်းက တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၄၇ ခုမှာ တပ်ဆင်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ တိုက်ခန်းငှားရမ်းသူနဲ့ မိသားစုဝင် အပါအဝင် လူပေါင်း ၁ သိန်းကျော်ရဲ့ မျက်နှာပုံသဏ္ဍာန် ဒေတာတွေကိုလည်း စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ပါတယ်။

မျက်နှာစစ်ဆေးမှုစနစ်အနေနဲ့ ဒေတာစနစ်ထဲ သိမ်းဆည်းထားတဲ့ တိုက်ခန်းနေထိုင်သူတွေနဲ့ ဧည်သည့်အဖြစ် စာရင်းသွင်းထားသူတွေရဲ့ မျက်နှာဒေတာကို တိုက်စစ်ဆေးမှာဖြစ်ပြီး ဒေတာ မရှိတဲ့ သူစိမ်းတွေဆို ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ၊ အထူးသဖြင့် တကိုယ်ရည်နေထိုင်သူတွေကိုလည်း စောင့်ကြည့်ပေးနိုင်ပါတယ်။ အကယ်၍ သက်ကြီးရွယ်အို တဦးဟာ အချိန်အတိုင်းအတာတခုအထိ အခန်းကို အဝင်၊ အထွက် လုပ်တာ မရှိဘူးဆိုရင်၊ တိုက်ခန်းစီမံခန့်ခွဲရေးဌာနကို သွားရောက်စစ်ဆေးကြည့်ဖို့ အလိုအလျောက် အသိပေးမှာပါ။

တန်ဖိုးနည်းအိမ်ရာတွေဟာ အိမ်ယာမြေဈေးနှုန်း မိုးပျံနေတဲ့ ဘေဂျင်းလို လူနေထူထပ်တဲ့မြို့ကြီးတွေမှာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ဘေဂျင်းမှာ တန်ဖိုးနည်းအိမ်ယာ စီမံကိန်း ၇၆ ခုကနေ အခန်းပေါင်း တသိန်းကျော် ရှိနေပါတယ်။

ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် ရည်ရွယ်ထားတဲ့ တိုက်ခန်းတွေပါ။ ပုံမှန်အားဖြင့် ဘေဂျင်းမှာ တိုက်ခန်းတခန်း ငှားနေမယ်ဆိုရင် တလကို ၇၃၀ ဒေါ်လာခန့်ကျသင့်ပြီး တန်ဖိုးနည်းအိမ်ရာကတော့ တလကို ၂၉၀ ဒေါ်လာခန့်သာ ရှိပါတယ်။ ထို့အတူ တိုက်ခန်းတွေကို တရားမဝင် တဆင့်ပြန်လည် ငှားရမ်းမှုတွေလည်း များနေတဲ့အတွက် အစိုးရက အရှိန်အဟုန်နဲ့ ကြပ်မတ်ဆောင်ရွက်နေရပါတယ်။

တန်ဖိုးနည်းအိမ်ရာကို တရားမဝင်တဆင့်ပြန်လည် ငှားရမ်းတဲ့ မိသားစုတွေကို နိုင်ငံတော်အကဲဖြတ်စာရင်းမှာ အချက်အလက် ထည့်သွင်းပြီး နောက်ထပ် ၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ လျှောက်ထားခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ ဘေဂျင်း အိမ်ရာနှင့် ကျေးလက်မြို့ပြဖွံဖြိုးရေး မြူနီစီပယ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Credit:   irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service