တရုတ်ဇိမ်ခံအိမ်ဈေးကွက်များ ၂၀၁၉ တွင် ဆက်လက်ဖွံ့ဖြိုးမည်

တရုတ်ဇိမ်ခံအိမ်ဈေးကွက်များ ၂၀၁၉ တွင် ဆက်လက်ဖွံ့ဖြိုးမည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 10:28 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးရှိ ဇိမ်ခံအိမ်ဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်တွင် ဆက်လက်မြင့်တက်မည်ဖြစ်ပြီး ဟောင်ကောင်သည်လည်း အလားတူပင် ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သော ၂၀၁၉ ခုနှစ် အိမ်ခြံမြေအလားအလာအစီရင်ခံစာသစ်တစ်စောင်၌ ဖော်ပြထားသည်။

ပထမတန်းစားမြို့ကြီးများရှိ ဈေးနှုန်းများမှာ ပျမ်းမျှ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း

အကြား မြင့်တက်ကာ အထူးသဖြင့် စီးပွားရေးအချက်အချာဖြစ်သော Greater Bay Area ရှိ မြို့များ (ဟောင်ကောင်၊ မကာအို၊ ကွမ်ကျိုး၊ ရှင်းကျန်း၊ ကျူဟိုင်၊ ဖိုရှန်၊ ကျုံးရှန်း၊ သုန်ကွမ်၊ ဟွေကျိုး၊ ကျန်းမိန်းနှင့် ကျောင်ချင်း) တို့မှ ဈေးနှုန်းများမှာ ၎င်းရပ်ဝန်း၏ တိုးတက်လာသော ဆက်သွယ်ရေးကြောင့် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအကြား ပိုမိုမြန်ဆန်စွာ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

ဟောင်ကောင်ဈေးနှုန်းများမှာ အဆင့်မြင့်ဇိမ်ခံအိမ်ဈေးကွက်တွင် ၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး ဇိမ်ခံအိမ်ဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်။

ရှန်ဟိုင်းတွင် ဇိမ်ခံအိမ်ဈေးနှုန်းများသည် ၂၀၁၈ ခုနှစ် ပထမကိုးလတာအတွင်း ၁ စတုရန်းမီတာလျှင် တရုတ်ယွမ် ၁၂၂,၅၆၄ (အမေရိကန်ဒေါ်လာ ၁၇,၈၀၀) သို့ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပေကျင်းတွင် ၁ စတုရန်းမီတာလျှင် တရုတ်ယွမ် ၁၀၁,၂၆၄ သို့ ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းနှစ်မြို့စလုံးသည် ဖြေးဖြေးမှန်မှန်ဖြစ်သော ဝယ်လိုအားနှင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ၏ ထိန်းသိမ်းမှုရှိသော ရောင်းလိုအားတို့ကြောင့် အကျိုးခံစားခဲ့ရကြောင်း Knight Frank က မှတ်ချက်ပြုခဲ့သည်။

Greater Bay Area အတွင်း ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများ စတင်မှုကြောင့် ကွမ်ကျိုးတွင် ပွပေါက်တိုးခဲ့ရာ ၎င်းမြို့ရှိ ဇိမ်ခံအိမ်ဈေးများမှာ ၁ စတုရန်းမီတာလျှင် တရုတ်ယွမ် ၇၃,၈၇၉ သို့ ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဟောင်ကောင်ရှိ ဇိမ်ခံအိမ်ဈေးနှုန်းများသည် ၂၀၁၈ ခုနှစ် ပထမကိုးလတာအတွင်း ၁ စတုရန်းမီတာလျှင် ဟောင်ကောင်ဒေါ်လာ ၃၃,၉၅၆ ရှိခဲ့ပြီး ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းသည် ၂၀၁၇ ခုနှစ်က မြင့်တက်နှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်းအောက် သိသိသာသာနှေးကွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service