ပြည်တော်သစ်အိမ်ရာကို နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်မည်ဟုဆို

ပြည်တော်သစ်အိမ်ရာကို နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 10:20 am တွင် တင်ခဲ့သည်
1736 ကြိမ် ကြည့်ရှု့ပြီး

ကျပ်ဘီလီယံ ၁,၀၀၀ တန်ဖိုးရှိ ပုဇွန်တောင် ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ကမ္ဘာ ပေါ်က နောက်ဆုံးပေါ်နည်းပညာ များဖြင့်တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကပြောသည်။

‘‘ နောက်ဆုံးနည်းပညာကို ကိုင်စွဲပြီး ပြောင်းလဲနိုင်ပါပြီ။ အဆင့်ဆင့်လာနေစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ နောက်ကျခြင်း ရဲ့ အကျိုးရလဒ်တစ်ခုကနည်းပညာကောင်းကို ချက်ချင်းခုန်ပျံ ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီ အခြေအနေကို အသုံးချသွားမှာ ဖြစ်ပါတယ်။ ဒီအဆောက်အအုံကို၊ နည်းပညာသစ်တွေကို အသုံးချသွားမှာဖြစ်ပါတယ်’’ ဟု ပုဇွန် တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းမရှိ ပြည်တော်သစ်အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အဆောက်အအုံ မင်္ဂလာပိုင်တိုင် စိုက်ထူခြင်းအခမ်းအနားကို ဒီဇင် ဘာ ၃၀ ရက်တွင်ပြုလုပ်ရာ ဦးဖြိုးမင်းသိန်းကပြောကြားသည်။

မြေဧရိယာမှာ လေးဧက ကျော်ကျယ်ဝန်းပြီး စီမံကိန်းသည် ၂၀၂၂ တွင် ပြီးစီးမည်ဖြစ်သည်။ အိမ်ရာမှာ ၁၂ ထပ်ခွဲရှိသည့် အဆောက်အအုံဖြစ်ပြီး အခန်း ၂၀၀ ခန့်ပါဝင်မည်ဖြစ်သည်။ အိမ်ရာ နေထိုင်နေသူများကို ပြောင်းရွှေ့စရိတ်နှင့် ၂ နှစ်စာယာယီနေထိုင် ခွင့်ပေးထားသည်။ထိုစီမံကိန်းကို Yangon Metropolitan Development ကုမ္ပဏီက အစိုးရကိုယ်စား ကန်ထရိုက်တာခေါ်ယူပြီး M.K.T ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

အဆိုပါ အိမ်ရာစီမံကိန်းသည် အစိုးရပိုင်မြေ၌ တည်ဆောက်ခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရ၀န်ထမ်းများကိုနေထိုင်ခွင့် ပေးထားသည်။

လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ လမ်းသစ်ရိပ်သာအိမ်ရာ စီမံကိန်းကို တိုင်းအစိုးရက နိုဝင်ဘာစ၍ဆောက်လုပ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service