နိုင်ငံခြားသားဝင်ရောက်မှု ကျဆင်းလာမှုကြောင့် ၂၀၁၉ တွင် စင်္ကာပူအိမ်ငှား ဈေးကွက် အားပျော့မည်

နိုင်ငံခြားသားဝင်ရောက်မှု ကျဆင်းလာမှုကြောင့် ၂၀၁၉ တွင် စင်္ကာပူအိမ်ငှား ဈေးကွက် အားပျော့မည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 10:09 am တွင် တင်ခဲ့သည်
894 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားသားများ၏ အိမ်ခန်းငှားရမ်းမှုများ လျော့နည်းလာခြင်းက အိမ်ငှားဈေးကွက်ဖွံ့ဖြိုးမှုအား ကျဆင်းစေသော ဖိအားအချို့ပေးလိုက်ခြင်းဖြစ်သည်။

မြို့အရွယ်အစားရှိ စင်္ကာပူနိုင်ငံသို့ နိုင်ငံခြားသားလာရောက်မှုအရေအတွက် ကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်တွင် စင်္ကာပူအိမ်ငှားဈေးကွက် အားလျော့မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

စင်္ကာပူတွင် အခြေချနေထိုင်သူမဟုတ်သူဦးရေသည် ၂၀၁၈ ခုနှစ် ဇွန်တွင် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁ ဒသမ ၆၄ သန်းသာ ဝင်ရောက်ခဲ့ကြောင်း Singapore Business Review စီးပွားရေးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

စင်္ကာပူသည် နိုင်ငံခြားသားများအတွက် နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံအဖြစ် လေးနှစ်ဆက်တိုက်ရပ်တည်နေဆဲဖြစ်ကြောင်း HSBC က ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်က ပြသခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားသားများ၏ အိမ်ခန်းငှားရမ်းမှုများ လျော့နည်းလာခဲ့သည်။ ယင်းက အိမ်ငှားဈေးကွက်ဖွံ့ဖြိုးမှုအပေါ် ကျဆင်းစေသော ဖိအားအချို့ ထိရောက်စွာပေးလိုက်ကြောင်း Savills Singapore အိမ်ခြံမြေအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အမြဲတမ်းနေထိုင်သူများနှင့် နိုင်ငံသားများ၏ ငှားလိုအားမြင့်တက်လာမှုက ၎င်းနိုင်ငံခြားသားငှားလိုအားလျော့လာမည့်အရေးကို ထေမိစေနိုင်ကြောင်း သိရသည်။

စင်္ကာပူတွင် ထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်နှုန်းထားအား ထပ်မံတိုးမြှင့်လိုက်ခြင်းက အလားအလာရှိသော ဝယ်လက်များအား ဝယ်ယူရန် စောင့်ကြည့်မူဝါဒကို လက်ကိုင်စေပြီး အငှားဈေးကွက်ဘက်သို့ အာရုံရောက်စေ ခဲ့သည်။

ထို့ပြင် အသစ်တည်ဆောက်ပြီးစီးသည့် ပုဂ္ဂလိကအိမ်ခန်းအရေအတွက် လျော့ကျနေခြင်းနှင့် လစ်လပ်နေအိမ်အရေအတွက် ကျဆင်းလာခြင်းတို့ကလည်း အငှားဈေးကွက်အား အိမ်ရှင်ကြီးစိုးသည့် ဈေးကွက်ဖြစ်လာရန် တွန်းအားပေးနေသည်။

စင်္ကာပူတွင် ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း တည်ဆောက်ပြီးစီးသည့် နေအိမ် ၁၀၈၈ ခန်း ဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ပြီး လစ်လပ်နေအိမ် အရေအတွက်သည် ဒုတိယသုံးလပတ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ တတိယသုံးလပတ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပုဂ္ဂလိကကွန်ဒိုအိမ်ခန်းငှားရမ်းမှုများသည် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား မြင့်တက်မည်ဟု Savills က ခန့်မှန်းထားကြောင်းလည်း သိရသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service