အိမ္ဆိုသည္မွာ

အိမ္ဆိုသည္မွာ - Property News in Myanmar from iMyanmarHouse.com
28 Dec 2018 12:40 pm တွင် တင်ခဲ့သည်
2714 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဆိုသည်က ပတ်ဝန်းကျင် ဒေသတည်နေရာ အနေအထားကိုလိုက်ပြီး ပုံသဏ္ဌာန်အမျိုး မျိုးရှိကြသည်။ လောင်ဂျီတွဒ် လတ္တီတွဒ် ဇုန်တွေလိုက်ပြီး ကွဲ ပြားသောရာသီဥတုတွင် ကွဲပြားသောပုံသဏ္ဌာန်တို့ဖြင့် လူသား တို့ နေထိုင်ရန် ဖန်တီးကြသည်။ ကုန်းမြေတောတောင်တို့တွင် နေထိုင်သောသူများအနေနှင့် အိမ်ကိုပုံစံမျိုးစုံနှင့် တည်ဆောက် ကြပြီး၊ ရေ၀င်ရပ်တွင် နေထိုင်ကြသူတို့အဖို့ ခြေတံရှည်ကို အဓိကထားပြီး ကွဲပြားသည့်အိမ်တို့ ကိုဖန်တီးနေထိုင်ကြသည်။ ချမ်းသာသူတို့ နေထိုင်ရန်အတွက် အ၀န်းအ၀ိုင်း၊ အမြင့်အကျယ် ပုံစံသည်တစ်မျိုး၊ လူလတ်တန်း စားတို့ နေထိုင်သည့် မကျဉ်းမကျယ်၊ မနိမ့်မမြင့်ပုံစံက တစ်သွယ်။ဆင်းရဲသားတို့အနေနှင့်ကား ဓနိမိုး ထရံကာထက် အချို့နိမ့်ပါးလွန်းလှသဖြင့် စွန့်ပစ်တာလပတ်၊ ဗီနိုင်းစတို့ကို အမိုးအကာလုပ်၍ တဲသာသာကို အိမ်လုပ်ပြီးနေထိုင် ကြသည်။ ပုံစံအမျိုးမျိုးကွဲသော်လည်း လူတို့နေထိုင်ကြသဖြင့် အိမ်ဟုပင် သတ်မှတ်ရပေတော့မည်။

ပုံစံအမျိုးမျိုး၊ နာမည်အမျိုးတပ်ခေါ်ပြီး ပညတ်ထား ကြသည့် လူတို့နေထိုင်ရန်အဆောက်အအုံတို့တွင် နေထိုင်ကြ သည်က လူသားစင်စစ်များသာဖြစ်သည်။ ထိုလူသားတို့အနေနှင့် မိမိတို့ဘ၀ပေးအခြေအနေကြောင့်သာ ကွဲပြားသော အဆောက် အအုံတို့တွင် နေထိုင်ကြသော်လည်း အားလုံးသည်မိသားစုသိုက် မြုံကိုယ်စီနှင့်သာ ဖြစ်သည်။

သီးခြားရပ်တည်ခြင်းငှာမဖြစ်သော လူမှုအသိုင်းအ၀ိုင်း တွင် အိမ်တိုင်းအိမ်တိုင်းရှိ မိသားစုတိုင်းသည် မိမိတို့အနီးအနား ပတ်ဝန်းကျင်ရှိ မိသားစုတိုင်းနှင့်သင့်မြတ်မျှတအောင် နေထိုင် ကြရသည်။ လူမှုအသိုင်းအ၀ိုင်း ဆိုသည်က မတူညီသောစရိုက် သဘာဝတို့နှင့် ရှိကြသော်လည်း တစ်မိသားစုနှင့် တစ်မိသားစု နီးရာဆွေမျိုးလုပ်ပြီး နေနိုင်အောင်ကြိုးစားကြရသည်။

အိမ်ဆိုသည့်စကားလုံးတွင် မိသားစု တစ်စုမကရှိနေ တတ်ကြသည်။ မိသားစုထဲတွင် အဖိုးအဖွား၊ အမိအဖ၊ ညီ အစ်ကိုမောင်နှမတို့တွင် ကြီးစဉ်ငယ်လိုက်၊ အနိမ့်အမြင့်၊ အတို အရှည်၊ အ၀အပိန်၊ အမည်းအဖြူ၊ အညိုအဖျော့စသည့် ကွဲ ပြားသောဟန်ပန်အမူအယာနှင့် အသွေးအရောင်တို့ ဖြစ်တည် ပေါင်းစပ်နေကြသည်။ စိတ်ဓာတ်သဘာဝတို့သည်လည်း ကွဲပြား မှုရှိကြသည်။ သည်းခံခွင့်လွှတ်တတ်သူ၊ ယုယညှာတာတတ်သူ၊ ဗိုလ်ကျချင်သူ၊ ပြန်မပြောနားမထောင် နေတတ်သူ၊ ကန့်လန့် တိုက်သူစသဖြင့် မိသားစုတစ်ခုအတွင်းမှာတောင်မှ မတူကွဲပြား သောလက္ခဏာတို့နှင့် ဖြစ်တည်ရှင်သန်လာကြသည်။ ထိုကွဲပြားသော စရိုက်လက္ခဏာတို့နှင့် ပေါင်းစပ် ဖွဲ့စည်းထားသည်ကိုက မိသားစုပင်ဖြစ်သည်။ အိမ်ဆိုသည့် အဆောက်အအုံတစ်ခုအတွင်းမှာ အသွေးအသားမတော်စပ်သူ နှစ်ဦး ရင်းနှီးပေါင်းဖက်ရာကနေ၍ သံယောဇဉ်မျိုးဆက်သစ်တို့ ရရှိကြသည်။ အမိနှင့်အဖတို့၏ ဗီဇသဘောလေး ကိန်းဝပ်ပါဝင် သော်လည်း ၎င်း၏ကိုယ်ပိုင်အထုံလေးများကြောင့်လည်း ကွဲ ပြားသောစရိုက်လက်္ခဏာတို့ ပုံဖော်ပါဝင်လာသည်။ အမိအဖ တို့၏ တစ်အူတုံဆင်းရင်သွေချင်း တူညီပါလျက် အားကောင်းရာ အထုံဗီဇကြောင့် ညီအစ်ကိုမောင်နှစ်မချင်း မတူကွဲပြားမှုတို့ ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။

လင်နှင့်မယားချစ်၍ညားကြပါသော်လည်း တစ်မိုး အောက် အိမ်အတွင်းမှာ တစ်ခါတစ်ရံ ကိုယ့်အတ္ထကို ရှေ့တန်း တင်သည့် အဖြစ်များရှိတတ်ကြသည်။ လင်၏ဆိုးသွမ်းမှုကိုခံ ရသောမယား၊ ဇနီးသည်၏ဆိုးသွမ်းမှုကိုခံရသော လင်သား။ထိုကဲသို့အဖြစ်မျိုးလည်း ရှိတတ်သည်။ အိမ်ဆိုသည်က ဖြည့်၍မဆုံးနိုင်သည့် အ၀န်းအ၀ိုင်း အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆောင်အယောင် ပရိဘောဂ တို့ ဖြည့်လျှင်ဖြည့်သလောက် ဆုံးနိုင်အံ့မထင်ပါ။ သက်မဲ့ပစ္စည်း တို့သည် ခေတ်အလိုက် ပြောင်းလဲပေါ်ပေါက်နေရာ အဟောင်း၏နေရာတွင် အသစ်အစားထိုးရခြင်း၊ ကောင်းနေပါလျက် လူတို့၏ လိုချင်ဆန်္ဒကြောင့်လည်း အသစ်သစ်တို့ အစားထပ်ထည့်ခြင်း များကြောင့် “အိမ်ဆိုသည်မှာ” သွားမပါသော်လည်း ပါးစပ်တစ် ပေါက်ပမာပင် ဖြစ်နေသည်။ အိမ်ဆိုသည်က ပြီးပြည့်စုံမှုတို့၏အခြေခံပင်မဖြစ် သော်လည်း ထိုအထဲတွင် ကောက်ကျစ်ခြင်း၊ စဉ်းလဲခြင်း၊ နိုင် လိုမင်းထက်ပြုခြင်းနှင့် အဆိုးဆုံးမှာ “သစ္စာမဲ့”ခြင်းပင်ဖြစ်သည်။ထိုသစ်္စာမဲ့မှုသည် ပျော်ရွှင်ဖွယ်အိမ်ဂေဟာအတွက် အကောင်း ဆုံးဖောက်ခွဲရေးစနက်တံပင်ဖြစ်သည်။ မည်မျှပင် ငွေကြေးပြည့်စုံ နေပါစေ သစ္စာမဲ့မှုရောနှောလာပါလျှင် မြင်မြင်သမျှ သံသယ နှင့်ဖြစ်နေမှာ သေချာလှသည်။ ထိုအခါ ချမ်းသာမှုဟူသော ငွေကြေးသည် အစေးကပ်အောင်လုပ်နိုင်ခြင်းငှာ မစွမ်းသာတော့ ပါ။ ထိုငွေကြေးကြောင့်ပင်နေရာများစွာ အခါများစွာ သစ္စာမဲ့ တတ်ကြသည့် အဖြစ်မျိုးက ပိုများလေသည်။ မိမိတစ်ဦးတစ် ယောက်တည်း၏ သာယာမှုကိုရှေ့တန်းတင်လို့မရသည့်နေရာ သည် အိမ်ပင်ဖြစ်သည်။

အိမ်ဆိုသည်က သက်ဆိုင်လာလျှင် အခက်အခဲဟူ သမျှကို ထိုအိမ်အတွင်းနေထိုင်သူအားလုံး မကပ်မခိုဘဲ ကျရာ ၀န်ကိုထမ်းကြမှသာ နေပျော်ပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ တာဝန်ကို ခိုကပ်ရှောင်လွှဲသူ တစ်ဦးတစ်ယောက်များ မိသားစု အတွင်းမှာရှိနေလျှင် ပုံမှန်ရုန်းကန်အားသည် ထိုတစ်ယောက် ထက် ပိုလျော့သွားလေသည်။ ပုံမှန်ရုန်းနေသူများက ထိုတစ် ယောက်ကိုကြည့်၍ တွက်ကတ်စိတ်ဖြစ်လာပြီး မိမိတို့အစွမ်းကုန် ထုတ်ရမည့် အားကိုမထုတ်တော့ဘဲ လုပ်တတ်ကြသည်။ တစ်ခါ တစ်ရံ အလုပ်မဖြစ်သည့် အခြေအနေနှင့် မိသားစုစိတ်ဝမ်းကွဲ သည့် အခြေအနေထိပါ ဆိုက်ရောက်သွားတတ်သည်ကို တွေ့ ကြရသည်။ မိသားစုဘ၀မှာ ရရှိနိုင်သည့်သာယာ ပျော်ရွှင်ကျေနပ် မှုအတွက် အားလုံးမဖြစ်မနေ အလုပ်လုပ်ကြရပါမည်။ မိသားစု အချင်းချင်း ညှာတာနားလည်မှုထားကြရပါမည်။ ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်ကြရပါမည်။ အိမ်ဆိုသည်က အိပ်ဖို့တစ်ခုတည်း အတွက်သာ ရည်ရွယ်တည်ဆောက်ထားသည်မဟုတ်ပါ။ အဆင့်မြင့်လုံးချင်းအိမ်၊ ကွန်ဒိုတိုက်ခန်းများလို ငွေ ကြေးတတ်နိုင်၍ ၀ယ်ယူနေထိုင်နိုင်ကြလျှင် မုဒိတာပွား၍ အားပေးပါသည်။ သို့သော်လည်း အထက်တွင်ဆိုခဲ့သော လူ တို့နေထိုင်ရာ အဆောက်အအုံတစ်ခုခုနှင့် နေထိုင်ကြရ၍လည်း အားငယ်စိုးရွံ့နေစရာ မရှိပါ။ “ကြိုးစားမှုမဆိတ်သုဉ်းသ၍ ထိပ် ဆုံးသို့ ရောက်နိုင်ပါ သည်။”မည်သည့် အိမ်ကြီးရခိုင်မျိုးနှင့်နေ နေ ကိုယ်ကျင့်တရားတို့ ဖောက်ပြန် ပျက်စီးနေသောအိမ်နှင့် အိမ်ကြီးရခိုင်မဟုတ်သော်လည်း ကိုယ်ကျင့်တရားကောင်းတို့ ထုံမွမ်းလွှမ်းပတ်ထားသော အိမ်တို့ကို ရွေးချယ်ကြရမည်ဆိုပါ လျှင် စာရှုသူအနေနှင့် ဘာကိုရွေးကြမည်နည်း။ မိသားစုအတွင်း တစ်ယောက်နှင့်တစ်ယောက် တစ်ဦးနှင့် တစ်ဦးအားနည်းချက် အပြစ်အနာအဆာများကို ပုံကြီးချဲ့ မနေဘဲ ပျော်ရွှင်ရယ်မောဖွယ်ရာအဖြစ်ထားပြီး ယုယညှာတာ ဖေးကူမှုများနှင့် နေထိုင်နိုင်ပါလျှင် သီရိဂေဟာ အစစ်အမှန်ပင် မြေကြီး လက်ခတ်မလွဲ ဖြစ်ပါလိမ့်မည်။

မောင်ထွန်းသူ၏ နှစ်လောကကို ခံစား၍

ခင်ခင်သာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service