ကွန်ဒိုတိုက်ခန်းများအရောင်းအဝယ်ပိုမိုကောင်းမွန်စေရန်ထိရောက်သည့် နည်းလမ်းများလိုအပ်နေ

ကွန်ဒိုတိုက်ခန်းများအရောင်းအဝယ်ပိုမိုကောင်းမွန်စေရန်ထိရောက်သည့် နည်းလမ်းများလိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
28 Dec 2018 12:10 pm တွင် တင်ခဲ့သည်
1078 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့အတွင်း အဆင့်မြင့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၇၃ဝဝ ဝန်းကျင်သာရှိပြီး စီမံကိန်းအများစု နှောင့်နှေးမှုများ ဖြစ်နေခြင်းကြောင့် ပျမ်းမျှကွန်ဒိုတိုက်ခန်းဈေးနှုန်းများ ယခင်သုံး လပတ်ထက် ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးထိရောက်သည့်နည်းလမ်းများလိုအပ်နေကြောင်းကနေဒါအခြေစိုက်နိုင်ငံတကာအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International (Myanmar)မှ သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီကွန်ဒိုတိုက်ခန်း ၁၀၅၅၃ ခန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ၂၀၁၈ တတိယသုံးလပတ်အတွင်း အခန်းသစ် ထွက်ပေါ်မှုမရှိဘဲ ၂၀၁၈ ဒုတိယသုံးလပတ်ကအတိုင်း အခန်းပေါင်း ၇၃ဝဝ ဝန်းကျင်သာ ဆက်ရှိခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အလယ်အလတ်အဆင့်ရှိ ကွန်ဒိုတိုက်ခန်းများ ဝယ်လိုအားကျဆင်းလာသည်ကို တွေ့ရပြီး ပျမ်းမျှအခန်းဝယ်ယူမှုနှုန်းမှာ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း ၅၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ဈေးကွက်ကျဆင်းမှုရှိနေသော်လည်း ဆောက်လက်စ ကွန်ဒိုတိုက်ခန်းများရှိနေ သောကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ပြည့်နှစ်အထိ တိုက်ခန်းသစ် ၇၈၀၀ ဝန်းကျင်ထွက် ရှိမည်ဟု မျှော်မှန်းထားသည်။ နှစ်စပိုင်းက ယခုနှစ်အတွင်း စီမံကိန်း ၃၈ ခုပြီးစီးမည်ဟု ခန့်မှန်းခဲ့သော်လည်း အများစုမှာ ကြန့်ကြာနေဆဲဖြစ်သည်။ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ပထမသုံးလပတ်တွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၆၅ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း ကားပါကင်နေရာ လုံလောက်စွာမပေးနိုင်သော ကွန်ဒိုတိုက်ခန်းများမှာ ရောင်းအားကျဆင်းလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မူဝါဒအပြောင်းအလဲများကြောင့် အထပ်မြင့်အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်မှုနှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေ ဖြင့် ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ အထပ်မြင့်အဆောက်အအုံများမှ ကွန်ဒိုမီနီယမ်တိုက်ခန်းများ အသစ်ထွက်ရှိမှု လျော့နည်းခဲ့ရသည်။

၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်ကွန်ဒိုမီနီ ယမ်ဈေးကွက်တွင် အနိမ့်ဆုံးဈေးနှုန်း ဒေါ်လာ ၁၄၆၄၀၀ ဝန်းကျင်မှ ၇၁၃၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပြီး ကြိုတင်ငွေပေးသွင်း မှုစနစ်ဖြင့် ပျမ်းမျှဝယ်ယူမှုသည် ၂၀၁၆ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်ဟု ဈေးကွက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီနီယမ်တိုက်ခန်းများအနက် အလယ်အလတ် အဆင့် ၁၃ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၂၅ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့် ၄၉ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service