စီရော်နယ်ဒိုနှင့် ဇိမ်ခံနေအိမ်များ

စီရော်နယ်ဒိုနှင့် ဇိမ်ခံနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
28 Dec 2018 11:56 am တွင် တင်ခဲ့သည်
955 ကြိမ် ကြည့်ရှု့ပြီး

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတွင် ၀ယ်ယူထားသည့် လူနေခန်း

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တွင် ခရစ္စတီယာနို ရော်နယ်ဒို ၀ယ်ယူထားသည့် တန်ဖိုးကြီးဇိမ်ခံတိုက်ခန်းတစ်ခု ရှိပြီး ယူရိုငွေ ၂ သန်းခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

လစ္စဘွန်းမြို့ ၊ အေဗီနီဒါ ဒါ လီဗာဒါဒီအရပ်တွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ၀ယ်ယူထား ခဲ့ခြင်း ဖြစ်သည်။

လစ္စဘွန်းမြို့၊ လီဗာတက်ဒ်လမ်း၊ အမှတ် ၂၃၈ တွင် တည်ရှိသော အဆောက်အအုံကြီး၏ အပေါ်ဆုံးထပ်တွင် စီရော်နယ်ဒို ၀ယ်ယူထားသည့်အခန်း တည်ရှိသည်။

ပေါ်တူဂီသတင်းစာ Correio da Manhã ၏ ရေးသား ဖော်ပြချက်အရ လီဗာတက်ဒ်လမ်း အမှတ် ၂၃၈ အဆောက် အအုံကြီးကို အခြားသော အဆောက်အအုံကြီးနှင့် အတွင်းပိုင်း အချင်းချင်း ဆက်သွယ်မှုပြုလုပ်ကာ မွမ်းမံသွားမည်ဖြစ်ပြီး မြေညီထပ်ကို တန်ဖိုးကြီးပစ္စည်းများ ရောင်းချသည့် စတိုးဆိုင် များအတွက် ထားရှိမည်ဟု ဆိုသည်။

မန်ချက်စတာရှိနေအိမ်ကို ယူရို ၄ ဒသမ ၃ သန်းဖြင့် ဈေးကွက်တင်ခြင်း

၂၀၁၃ ခုနှစ်အတွင်း စီရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ပြန်လာလိမ့်မည်ဟူသော သတင်းများ အလွန်ပျံ့နှံ့ခဲ့ဖူးသည်။

သို့ရာတွင် မန်ချက်စတာမြို့၊ ၀ုဒ်ဘရွတ်လမ်းရှိ နေအိမ်ကို စီရော်နယ်ဒိုက ယူရိုငွေ ၄ ဒသမ ၃ သန်းဖြင့် ဈေးကွက်တင်လိုက်သောအခါ အဆိုပါ ခန့်မှန်းချက်များ ပျောက်ကွယ်သွားခဲ့သည်။

စီရော်နယ်ဒိုသည် မန်ချက်စတာရှိ အဆိုပါနေအိမ်ကို ၀ယ်ယူခဲ့စဉ်က အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည်။

သီးသန့် ရေချိုးခန်းများ ပါဝင်သည့် အိပ်ခန်း ၅ ခန်းပါဝင်သည်။ ထို့အပြင် ရုပ်ရှင်ရုံ၊ ရေစိမ်ကန်နှင့် အားကစား လေ့ကျင့်ရေးနေရာတို့ ပါဝင်သည့် ရေကူးကန်တစ်ခုလည်း ပါဝင်သည်။

မက်ဒရစ်မြို့ရှိ နေအိမ်ကို ငှားရမ်းနေထိုင်ရာမှ ၀ယ်ယူလိုက်ခြင်း

စီရော်နယ်ဒိုသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ၊ ပိုဇူလို ဒီ အလာကွန်အရပ်ရှိ နေအိမ်ကို တစ်လလျှင် ယူရို ၁၂၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ရာမှ နောက်ပိုင်းတွင် ယူရို ၄ ဒသမ ၉ သန်းဖြင့် ၀ယ်ယူလိုက်သည်။ နေအိမ်အကျယ်အ၀န်းမှာ စတုရန်းမီတာ ၉၅၀ ခန့်ရှိပြီး အဆိုပါ အနီးဝန်းကျင်းတွင် ကမ်္ဘာကျော်ဘောလုံး ကြယ်ပွင့်များဖြစ်သော ကာကာ၊ အဂူရိုနှင့် မော်ရင်ဟိုတို့လည်း နေထိုင်ခဲ့ကြဖူးသည်။

စပိန်နိုင်ငံ၊ တောင်ပိုင်း လာ ဇာဂလက်တာရှိ တန်ဖိုးကြီးဇိမ်ခံ အပန်းဖြေစံအိမ်

ရုရှားတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကြီးတွင် ပေါ်တူဂီအသင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် စီရော်နယ်ဒိုတို့ မိသားစုသည် စပိန်နိုင်ငံတောင်ပိုင်း လာ ဇာဂလက်တာအရပ်ရှိ တန်ဖိုးကြီးဇိမ်ခံ အပန်းဖြေစံအိမ် ကြီးတွင် အနားယူခဲ့သည်။

လာ ဇာဂလက်တာသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီး ဆုံးအိမ်ခြံမြေများ တည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်သည်။

စီရော်နယ်ဒို အပန်းဖြေခဲ့သော စံအိမ်ကြီးမှာ The Baroque House ဟု အမည်ရပြီး မြေထဲပင်လယ်ကို ရှုမြင်နေရသည့် မြင်ကွင်းရှိသည်။ အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး တန်ဖိုးမှာ ယူရိုငွေ ၁၃ ဒသမ ၅ သန်းခန့်ရှိပြီး ငှားရမ်းခမှာ တစ်လလျှင် ယူရို ၄၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service