နိုင်ငံရေး၊ စီးပွားရေးကောင်းမှ (၂၀၁၉)ခုနှစ်အတွက် မန်းအိမ်ခြံမြေကောင်းမည်

နိုင်ငံရေး၊ စီးပွားရေးကောင်းမှ (၂၀၁၉)ခုနှစ်အတွက် မန်းအိမ်ခြံမြေကောင်းမည် - Property News in Myanmar from iMyanmarHouse.com
28 Dec 2018 11:00 am တွင် တင်ခဲ့သည်
847 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားလောကအတွက် လာမယ့် (၂၀၁၉)ခုနှစ်မှာ ဈေးကွက်အခြေအနေ ကောင်းလာနိုင်ဖို့က နိုင်ငံရေး၊ အခြေအနေပေါ်များစွာမူတည်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

အခု (၂၀၁၈)ခုနှစ်ကတော့ အိမ်ခြံမြေအကျိုးဆောင် ပွဲစားတွေအတွက် လုပ်ငန်းပြောင်းရမယ့် အနေအထားတစ်ခုအထိ ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက ‘ ၂၀၁၉ အတွက် အရောင်းအဝယ် အခြေအနေကတော့ နိုင်ငံရေးပေါ်မူတည်မှာပဲ၊ နိုင်ငံရေးကောင်းမယ်ဆိုရင် စီးပွားရေးလဲကောင်းမှာပဲ၊ စီးပွားရေးကောင်းရင် အိမ်ခြံမြေလဲ အလားအလာကောင်းမှာပဲ ‘ လို့ သုံးသပ်ပါတယ်။

ယခု (၂၀၁၈)ခုနှစ်အတွင်းမှာတော့ အိမ်ခြံမြေဈေးကွက်က မကောင်းတဲ့ဘက်ကိုသာ ဦးတည်ခဲ့တယ်လို့ သိရပါတယ်။ ‘ ဒီနှစ်ကတော့ အကျိုးဆောင်၊ ပွဲစားတွေ ငုတ်တုတ်မေ့တဲ့နှစ်ပဲ၊ ကျွန်တော်တို့ကတော့ ကျားကန်ခဲ့ရတဲ့ အခြေအနေပဲ၊ တော်တော်လေးကို မိတ်ကောင်းပြီး နာမည်ရှိတဲ့သူပဲ လုပ်ငန်းဖြစ်တယ်၊ သူတို့တောင် အကောင်းကြီးမဟုတ်ဘူး ‘ လို့ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။

ဝယ်ရောင်းတွေ အလုပ်မဖြစ်

အခုနှစ်အတွင်းမှာတော့ စီးပွားကျပ်တည်းခဲ့တဲ့အတွက် ဝယ်ရောင်းသမားတွေ ရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်းမှာတော့ စီးပွားရေးသမားထက် အမှန်တကယ် နေထိုင်လိုသူ၊ လုပ်ငန်းလုပ်ကိုင်မယ့်သူတွေသာ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။

‘ အိမ်ခြံမြေဈေးကွက် ဈေးကစားတာမျိုးမဟုတ်ဘဲ တကယ်နေမယ့် ကာစတန်မာတွေက များလာတော့ အခုချိန်မှာတော့ ဝယ်ရောင်းသမားတွေ အလုပ်မဖြစ်ဘူး၊ တကယ်နေမယ့် သူတွေလောက်ပဲ ဝယ်ကြတာများတယ် ‘ လို့ စိန်မင်းကြည်အိမ်ခြံမြေအကျိုးဆောင်ကလည်း ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိအနေအထားကတော့ ဈေးကွက်အေးပြီး ရပ်တန့်တယ်လို့ ဆိုပါတယ်။ မြေလောကမှာ လက်ရှိအခက်တွေ့နေတာက ကျူး၊ စာရွက်စာတမ်းအမှားနဲ့တောင် သူအမည်ခံ မြေကွက်ရောင်းချတာတွေဖြစ်တယ်လို့ သိရတယ်။

မိရိုးဖလာမဟုတ်ဘဲ တောင်သူမြေကို ဝယ်ကာ လယ်မြေအဖြစ် ပြန်လည်ရောင်းချတာနဲ့ စလစ်အမှားနဲ့ အရောင်းအဝယ်လုပ်နေကြတဲ့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ သည်အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တော့ မြေဈေးက (၂၀၁၉)ခုနှစ်မှာလည်း အခြေအနေမကောင်းနိုင်ဘူးလို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service