ဗဟိုဘဏ်က သုံးရက်အတွင်း ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာ ၁၁ သန်း ဝယ်ယူ

ဗဟိုဘဏ်က သုံးရက်အတွင်း ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာ ၁၁ သန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Dec 2018 10:57 am တွင် တင်ခဲ့သည်
2304 ကြိမ် ကြည့်ရှု့ပြီး

ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲနှုန်းဖြင့် ကန်ဒေါ်လာ ၁၁ သန်းကျော်ကို သုံးရက်အတွင်း ပုဂ္ဂလိကဘဏ်များထံမှ ဝယ်ယူခဲ့သည်။

အစိုးရရုံးဖွင့်ရက်များဖြစ် သော ဒီဇင်ဘာ ၂၆ ရက်တွင် ကန်ဒေါ်လာသုံးသန်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် ကန်ဒေါ်လာလေးသန်း ကျော်ဝယ်ယူခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်က ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက ၁,၅၆၆ ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ပျမ်းမျှ ကျပ် ၁,၅၄၀ မှ ၁,၅၅၀ အကြား ဈေးဖွင့်သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ဗဟို ဘဏ်က ကန်ဒေါ်လာလေးသန်း ကျော်ကို တစ်ဒေါ်လာ ၁,၅၅၈ ကျပ်ဖြင့် ဝယ်ယူသည်။ ပုဂ္ဂလိကဘဏ်ဈေးကွက်တွင် ဒေါ်လာတန်ဖိုးက ၁,၅၃၈ ကျပ်မှ ၁,၅၄၅ ကျပ်အကြား ဈေးဖွင့်သည်။

‘‘လက်ရှိ ရည်ညွှန်းဈေးနဲ့ အပြင်ဈေးက သိပ်မကွာဘူးလေ။ အရင်တစ်ခါက အတော်ကွာခဲ့ တယ်’’ဟု ငွေလဲကောင်တာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ဒီဇင်ဘာ လဆန်းတွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ မှ ကန်ဒေါ်လာ ၃၄ သန်းကျော်ကို ရက်ပိုင်းအတွင်း ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မ တီက ဒီဇင်ဘာ ၂၀ ရက်တွင် ဗဟိုဘဏ်တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့သည်။

ဗဟိုဘဏ်၏လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကော်မတီ ကို ဗဟိုဘဏ်တာဝန်ရှိသူများကရှင်းပြီး တစ်ပတ်အတွင်း ပုဂ္ဂလိကဘဏ်များမှ ကန်ဒေါ်လာများ ထပ်မံဝယ်ယူသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် လေလံဈေးကွက်ဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းကို ရည်ညွှန်းငွေလဲ နှုန်း ၁,၅၅၈ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၁၅ ကျပ်ခန့် ဈေးကျဆင်းခဲ့သည်။

ကောက်ပဲသီးနှံပေါ်သည့် ရာသီချိန်ဖြစ်ပြီး မကြာမီရောက်ရှိမည့် နှစ်သစ်ကူးရုံးပိတ်ရက်ရှည် များနှင့် လကုန်ရက်ပိုင်းဖြစ်နေခြင်းက ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

‘‘အပြင်ဈေးကွက်မှာ ဒေါ်လာဝယ်အားကလည်း အတော်နည်းတယ်’’ဟု ငွေလဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ ဗဟိုဘဏ်က ကန်ဒေါ်လာတန်ဖိုးကို ၁,၅၅၀ ကျပ်ခန့်တွင် တည်ငြိမ်မှုရှိစေရန် ကြိုးစားနေ ခြင်းဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက သူ၏ အမြင်ကို ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service