လုံးချင်းအိမ်ရာများ၊ တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းအဝယ်ပိုဖြစ်နေ

လုံးချင်းအိမ်ရာများ၊ တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းအဝယ်ပိုဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
27 Dec 2018 11:36 am တွင် တင်ခဲ့သည်
1064 ကြိမ် ကြည့်ရှု့ပြီး

ပွင့်လင်းရာသီရောက်ရှိလာပြီးနောက်ပိုင်းတွင်အရောင်းအဝယ်အေးနေသည့် အိမ်ခြံမြေဈေးကွက်အခြေအနေပြန်လည်လှုပ်ခတ်လာသော်လည်း တိုက်ခန်းများ၊ လုံးချင်းအိမ်ရာများထက် မီနီကွန်ဒိုများသာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအသိုင်းအဝိုင်းက ပြောသည်။

"နေထိုင်မှုအဆင့်အတန်း မြင့်မားလာပြီးနောက်ပိုင်းမှာဆောက်လုပ်ရေးလုပ်ငန်းရှင်များကလည်း အိမ်ရာ ဝယ်ယူသူများစိတ်ဝင်စားမှုရှိစေရန်ဓာတ်လှေကားဝန်ဆောင်မှုတွေ၊ အထွေထွေဝန်ဆောင်မှုတွေအပါအဝင် ပုံမှန်တိုက်ခန်းတွေထက် သာလွန်တဲ့ မီနီကွန်ဒိုတွေကို ဆောက်လုပ်လာကြတဲ့အခါ ဝယ်သူတွေကလည်း တိုက်ခန်းဈေးနှုန်းများနှင့် ကွာခြားမှုသိပ်မရှိတဲ့အပြင် တိုက်ခန်းသက်တမ်းကြာမြင့်မှုတွင် ဝန်ဆောင်မှုတွေမပါဝင်ခြင်းစတာတွေကြောင့် မီနီကွန်ဒိုတွေဘက်ပိုစိတ်ဝင်စားလာတဲ့အတွက် အရောင်းအဝယ်သွက်လာခြင်းဖြစ်တယ်လို့'' Lucky အိမ်ခြံမြေအကျိုးဆောင်မှ မအေးသူက ပြောပါတယ်

မီနီကွန်ဒိုတွေကို အများဆုံး စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ လှိုင်မြို့နယ်တို့တွင် အများဆုံးဆောက်လုပ်ထားတာတွေ့ရပါတယ်။ မီနီကွန်ဒိုတစ်ခန်းကို အနည်းဆုံး ကျပ်သိန်း ၇၀၀ ဝန်းကျင်မှ အများဆုံးကျပ်သိန်း ၂၀၀၀ ဝန်းကျင်ထိသာရှိပြီး မြို့နယ်အပေါ်လိုက်ကာ ဈေးနှုန်းကွာဟသွားတာဖြစ်ပါတယ်။ အရောင်းအဝယ်အများဆုံးဖြစ်နေတဲ့ မြို့နယ်တွေကတော့ စမ်းချောင်း၊တောင်ဥက္ကလာ၊လှိုင် စတဲ့မြို့နယ်တွေဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ရှိတဲ့ မီနီကွန်ဒိုတွေကတော့ အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိတွင် ဝယ်ယူသူတွေအနေနဲ့ အထပ်နိမ့်တိုက်ခန်းအဟောင်းတွေနဲ့ ရိုးရိုးတိုက်ခန်းအကျယ်အလွှာအမြင့်တွေကို ဝယ်ယူမည့်အစား ဈေးနှုန်းသိပ်မကွာပဲ ဝန်ဆောင်မှုတွေပါ ပါဝင်တဲ့ အထပ်မြင့်မီနီကွန်ဒိုအခန်းတွေကို ဝယ်ယူဖို့ ပိုမိုရွေးချယ်လာကြတာဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သုံးသပ်ကြသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service