မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး လုရှောက အရောင်းဈေးကွက်တင်ထားသော မန်ချက်စတာမြို့ပြင်စံအိမ်ကြီးကို ပြန်လည်ရုပ်သိမ်း

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး လုရှောက အရောင်းဈေးကွက်တင်ထားသော မန်ချက်စတာမြို့ပြင်စံအိမ်ကြီးကို ပြန်လည်ရုပ်သိမ်း - Property News in Myanmar from iMyanmarHouse.com
27 Dec 2018 11:17 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်ထိပ်သီး ဘောလုံးကလပ်အသင်းကြီးဖြစ်သော မန်ချက်စတာ ယူနိုက်တက်မှ ခံစစ်မှူး လုရှောသည် မန်ချက်စတာမြို့ပြင်ရှိ သူ၏စံအိမ်ကြီးကို အရောင်းဈေးကွက်တင်ထားရာမှ ပြန်လည်ရုပ်သိမ်းသွားသည်။

လုခ်ရှော၏ စံအိမ်ကြီးတွင် အိပ်ခန်း ၆ ခန်း ပါဝင်ပြီး စတုရန်းပေ ၆၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

မန်ယူအသင်း၏ အိမ်ကွင်းဖြစ်သော အိုးထရက်ဖို့ဒ်ကွင်းမှ မော်တော်ကားဖြင့် မိနစ် ၂၀ ခရီးကွာဝေးသောအရပ်တွင် တည်ရှိသည့် ဟေးလ်ဘန်းစ်အမည်ရှိ ကျေးရွာကလေးတွင် တည်ရှိသည်။

အိမ်ခြံမြေအေဂျင်စီတစ်ခုဖြစ်သော Jackson-Stops မှတစ်ဆင့် ဒီဇင်ဘာလ အစောပိုင်းတွင် ပေါင် ၂ ဒသမ ၇၉၅ သန်း( ကန်ဒေါ်လာ ၃ ဒသမ ၅၃ သန်း) ဖြင့် အရောင်းဈေးကွက်တင်ခဲ့သော်လည်း မကြာမီတွင်ပင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

Jackson-Stops အိမ်ခြံမြေအေဂျင်စီမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားရာတွင် အဆိုပါနေအိမ်သည် လက်ရှိအချိန်တွင် အရောင်းဈေးကွက်၌ မရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

မစ္စတာရှောသည် နေအိမ်ဝယ်လက်တွေ့သွားပြီ ဖြစ်ခြင်းကြောင့်လော (သို့မဟုတ်) လျှို့ဝှက်စွာဖြင့်သာ ရောင်းချလိုသောကြောင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်းလောဆိုသည်ကိုမူ မသိရချေ။

အသက် ၂၃ နှစ်အရွယ် လုခ်ရှောသည် မန်ယူ၏ ထိပ်တန်းကစားသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး မန်ယူသို့ ၂၀၁၄ ခုနှစ်တွင် ပေါင် သန်း ၃၀ ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကာ ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်သည်။

လုခ်ရှောသည် အဆိုပါစံအိမ်ကို ဖခင်ဖြစ်သူ ချားလ်စ်နှင့်အတူ ၂၀၁၅ ခုနှစ်အတွင်း ပေါင် ၂ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်မြေယာမှတ်ပုံတင်ဌာနမှတ်တမ်းများတွင် ဖော်ပြသည်။

လုခ်ရှောကို မန်ယူအသင်းက တစ်ပတ်လျှင် ပေါင် ၁၉၀,၀၀၀ လစာနှုန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလိုက်သည့် ရက်သတ္တပတ်အတွင်းမှာပင် ယခုနေအိမ်ကို ဈေးကွက်တင်ခဲ့ခြင်းဖြစ်ကာ ဈေးကွက်တင်ပြီး မကြာမီတွင် ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်းလည်း ဖြစ်သည်။

ပထမဆုံးစတင်ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/792302 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service