FMI ကတန်ဖိုးသင့်အိမ်ရာများ (၂၅)နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချမည်

FMI ကတန်ဖိုးသင့်အိမ်ရာများ (၂၅)နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
27 Dec 2018 10:40 am တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး

First Myanmar Investment (FMI) အများပိုင်ကုမ္ပဏီက ရိုးမဘဏ်နှင့်ချိတ်ဆက်၍ ၂၅ နှစ်အရစ်ကျစနစ်ဖြင့် City Loft တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို ၂၀၁၉ ခုနှစ် ဇန်န၀ါလအတွင်း စတင်ရောင်းချမည်ဟု အဆိုပါကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေကပြောသည်။

အဆိုပါစီမံကိန်ကို FMI အများပိုင်ကုမ္ပဏီ လက်အောက်ရှိ အိမ်ခြံမြေလုပ်ငန်း အဓိကထားလုပ်ကိုင်သည့် Yoma Land မှတာဝန်ယူတည်ဆောင်မည်ဖြစ်ပြီး အိမ်ခန်း ၅၀၀ ခန့်ပါဝင်သည့် Phase 1 စီမံကိန်းကို မတ်လတွက် စတင်တည်ဆောက်ကာ ၀ယ်ယူထားသူများကို ၂၀၂၀ ဧပြီလတွင် အခန်းအပ်နှံမည်ဖြစ်ကြောင်း ဆိုပါကုမ္ပဏီမှသိရသည်။

City Loft တန်ဖိုးသင့်အိမ်ရာကို တစ်လ၀င်ငွေ ကျပ်ရှစ်သိန်းဝန်းကျင်ရှိသည့် လူငယ်များအတွက်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ပြီး လူငယ်များသည် ၀င်ငွေအသင့်အတင့်ရှိသည့် အလုပ်အကိုင်များရှိသော်လည်း ကိုယ်ပိုင်အိမ်ဝယ်ယူနိုင်သူနည်းပါးနေကြောင်း ဦးသိန်းဝေက ဆိုသည်။

တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို ရန်ကုန်မြို့သန်လျင်မြို့နယ်အတွင်းရှိ Star City အိမ်ရာဝန်းအတွင်းရှိ မြေဧက ၂၂ ဧပေါ်တွင်တည်ဆောက်မည်ဖြစ်ပြီး သုံးရာစတုရန်ပေမှ ၈၀၀ စတုရန်ပေအထိ အိမ်ခန်းများကို ကျပ်သိန်း ၃၂၀ မှ ကျပ်သိန်း ၁၆၀၀ အထိဈေးနှုန်းသက်မှတ်ရောင်းချမည်ဖြစ်ကြောင်း Yoma Land မှသိရှိရသည်။

အဆိုပါတန်ဖိုးသင့်အိမ်ရာများဝယ်ယူရန် အိမ်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ရိုးမဘဏ်နှင့်ချိတ်ဆက်ကာ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ၂၅ နှစ်အရစ်ကျ ပေးချေရမည် ဖြစ်ကြောင်း ဦးသိမ်းဝေ ကဆိုသည်။

City Loft တန်ဖိုးသင့်အိမ်ရာတွင် ရေကူးကန်၊ အာကစားရုံ၊ ပန်းခြံ၊ ဈေးဝယ်စင်တာများ အပြင် သွားလာရေး အဆင်ပြေနိုင်ရန် ရေကြောင်းလမ်းနှင့် YBS ဘတ်စ်ကား ရပ်နားစခန်းပါရှိကြောင်း ၎င်းကဆိုသည်။FMI အများပိုင်ကုမ္ပဏီ တန်ဖိုးသင့်အိမ်ရာများကို ရင်နှီးမြှုပ်နှံမှုငွေကြေးပမာဏနှင့် တည်ဆောင်မည့်အိမ်ရာ ကန့်သက်ချက်မရှိဘဲ ၀ယ်လိုအားပေါ်မူတည်၍ တည်ဆောက်ရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ ထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service