ကမ္ဘာကျော် အိုအေစစ်တေးဂီတအဖွဲ့ကြီး၏ အဆိုတော်၊ ဂစ်တာသမား နိုအဲ ဂါလာဂါးက လန်ဒန်စံအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော် အိုအေစစ်တေးဂီတအဖွဲ့ကြီး၏ အဆိုတော်၊ ဂစ်တာသမား နိုအဲ ဂါလာဂါးက လန်ဒန်စံအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 12:36 pm တွင် တင်ခဲ့သည်
685 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ မိုင်ဒါဗေးလ်အရပ်တွင် ကမ္ဘာကျော်အိုအေစစ်တေးဂီတအဖွဲ့ကြီး၏ အဆိုတော်၊ ဂစ်တာသမား နိုအဲ ဂါလာဂါးပိုင်ဆိုင်သော အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

လန်ဒန်အနောက်ပိုင်းရှိ အဆိုပါစံအိမ်ကို အိုအေစစ်လိဒ်ဂစ်တာသမားက ခေါ်ဈေး ပေါင် ၈ ဒသမ ၉၅ သန်း (ကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်း) ဖြင့် ဈေးခေါ်ကာ ပြန်လည်ဈေးကွက်တင်လာခြင်း ဖြစ်သည်။

နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ဈေးကွက်ဝင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းက ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ဖူးရာ ယခုအခါ မူလခေါ်ဈေးအောက် ၂ ဒသမ ၅သန်း ဈေးလျှော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယခုအခါ အသက် ၅၁ နှစ်ရှိနေပြီဖြစ်သော မစ္စတာဂါလာဂါးသည် အဆိုပါစံအိမ်ကြီးကို ဇနီးဖြစ်သူ ဆာရာနှင့်အတူ ၂၀၁၀ ပြည့်နှစ်အတွင်း ပေါင် ၈ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဗြိတိန်အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

စံအိမ်တည်ရှိရာ မိုင်ဒါဗေးအရပ်တွင် တူးမြောင်းများ၏ အလှကို များစွာတွေ့ရသောကြောင့် ဗင်းနစ်တန်းဟုလည်း နာမည်ကျော်သည်။

မြေညီထပ်တွင် မျက်နှာကြက်မြင့်မားသည့် ဧည့်ခန်းကျယ် ၂ ခုပါဝင်ပြီး အထပ်တစ်ထပ်လုံး ဖြန့်ကျက်ထားသည့် အိပ်ခန်း တစ်ခန်း၊ ကြီးမားကျယ်ဝန်းသည့် ဖျော်ဖြေရေးနေရာ၊ မိသားစုနားနေခန်းနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။

စံအိမ်ကို Knight Frank နှင့် Ian Green Residential အိမ်ခြံမြေကုမ္ပဏီ ၂ ခုလုံးမှတစ်ဆင့် ဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပတ်လည် ခြံဝန်းအတွင်း ပန်းဥယျာဉ်တစ်ခု ဝန်းပတ်တည်ရှိပြီး ပန်းဥယျာဉ်အတွင်း ဟင်းလင်းပြင်ညစာစားရန်နေရာ ၂ ခု တွေ့ရသည်။

မစ္စတာ ဂါလာဂါးသည် လိဒ်ဂစ်တာသမားဖြစ်ပြီး တွဲဖက် ရှေ့ထွက်အဆိုတော်လည်းဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အိုအေစစ်ဝိုင်းကြီး မပြိုကွဲမီအချိန်အထိ အဓိကတေးရေးသမားအဖြစ်လည်း ပါဝင်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service