ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို၏ မြေးမက နယူးယောက်ရှိ duplex ခန်းကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ရောင်းချ

ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို၏ မြေးမက နယူးယောက်ရှိ duplex ခန်းကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 11:55 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ပန်းချီဆရာကြီး ပါဘလို ပီကာဆို၏ မြေးဖြစ်သူ အမျိုးသမီးကြီးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ duplex ခန်းကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ပီကာဆို၏ မြေး၊ ပြင်သစ်အနုပညာသမိုင်းပညာရှင် ဒိုင်ယာနာ ဝစ်ဒ်မိုင်ယာ ပီကာဆို၏ နေအိမ်ခန်းမှာ နယူးယောက်မြို့၊ ဧကဒသမ ရိပ်သာလမ်း၊ အမှတ် ၂၀၀ အဆောက်အအုံကြီးတွင် တည်ရှိပြီး ဗိသုကာပညာရှင် အင်းနဘဲလ် ဆဲဒေါ့ဖ်က ဒီဇိုင်းရေးဆွဲဆောက်လုပ် ပေးခဲ့သည့် အဆောက်အအုံကြီး ဖြစ်သည်။

ဒိုင်ယာနာ ပီကာဆိုသည် ယခုအရောင်းအဝယ်ကို သူ၏ ကုမ္ပဏီဖြစ်သော Atlantic Nicole မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒိုင်ယာနာ ပီကာဆိုက အဆိုပါအခန်းကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အစောပိုင်းတွင် ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဈေးခေါ်ကာ ဈေးကွက်တင်ခဲ့သည်။

ဝယ်လက်မှာ မာ့ခ် ပီ-ဂိုရန်ဘာ့ဂ်ျဆိုသည့် လုပ်ငန်းရှင်ဖြစ်သည်။ သူသည် စီးပွားရေးလုပ်ငန်းငယ်များကို ဘဏ္ဍာရေးအထောက်အပံ့ပေးသည့်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ဒီမိုကရက်ပါတီ အမတ်လောင်းများအတွက် ဘဏ္ဍာငွေ စုဆောင်းပေးသူလည်း ဖြစ်သည်။

နေအိမ်ခန်းအကျယ်အဝန်းမှာ ၂၃၉၁ စတုရန်းပေရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည်။

သီးသန့် ဓာတ်လှေကားပါဝင်ပြီး ၂၄ ပေမြင့်မားသော ဧည့်ခန်းသို့ ဦးတည်ရောက်ရှိမည့် နားနေဆောင်တစ်ခုဖြင့် ဆက်သွယ်ထားသည်။

ပါပါရာဇီသတင်းသမားတို့ရန်မှ ကင်းဝေးနိုင်မည့် “ကောင်းကင် ကားဂိုဒေါင်” လည်း ပါဝင်ပြီး တိုက်ခန်းရှိရာ အမြင့်တွင်ပင် ကားတစ်စင်းထားသိုနိုင်မည့် နေရာပါဝင်ခြင်း ဖြစ်သည်။

အရောင်းဈေးကွက်တင်သွင်းပေးသည်မှာ Compass ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သည့် လီယိုနတ် စတိန်းဘတ်၊ ဟာ့ဗ် ဆီနီကွိုင်ယာ၊ အေမီ မန်ဒီဇာဘယ်လ်နှင့် ကာလီ ဆာကက်ရှ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service