ဒလ လမ်းမတန်းမြေကွက်များ သိန်း ၅၀၀၀ ၀န်းကျင် ဈေးခေါ်

ဒလ လမ်းမတန်းမြေကွက်များ သိန်း ၅၀၀၀ ၀န်းကျင် ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 11:40 am တွင် တင်ခဲ့သည်
10824 ကြိမ် ကြည့်ရှု့ပြီး

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလတံတား) တည်ဆောက်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်တွင် တံတားပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ပြုလုပ်တော့မည်ဖြစ်ခြင်းကြောင့် ဒလမြို့နယ်တွင် လမ်းမတန်းမြေကွက်များ သိန်း ၅ဝဝဝ ဝန်းကျင်ဈေးခေါ်လျက်ရှိကြောင်း သိရသည်။

ဒလတံတားနှင့် တဆက်တည်းရှိနေသည့် ဗိုလ်မင်းရောင်လမ်းမတန်း၊ မြဝတီမင်းကြီးလမ်းမတန်းတလျှောက်ရှိ အိမ်/ခြံမြေဈေးများသည် ယခင် ပေ ၄ဝ x ၆ဝ တကွက်ကို သိန်း ၁၅ဝဝ၊ သိန်း ၂ဝဝဝ ခန့်ပေါက်ဈေးရှိသော် လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒလတံတားပန္နက်ရိုက်မင်္ဂလာ ပြုလုပ်မည့်သတင်းကြောင့် လမ်းမကြီးရှိမြေဈေးများမှာ သိန်း ၅ဝဝဝ မှ သိန်း ၈ဝဝဝ အထိဈေးခေါ်လျက် ရှိကြောင်း ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုဇော်က News Watch သို့ ပြောသည်။

''လောလောဆယ် အဝယ်ဖြစ်နေတာက လမ်းသွယ်တွေထဲမှာပဲ အဝယ်ဖြစ်တယ်။ ခါတိုင်းဆိုရင် ဝယ်လိုအားက ၂ဝ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုဆိုရင် ဝယ်လိုအား ၅ဝ ရာခိုင်နှုန်းလောက်အထိတက်လာတယ်။ ရောင်းတဲ့လူတွေကလည်း အခုချိန်မှာဦးရေ ၁ဝဝ ရှိရင် ၁ဝဝ လုံးက မရောင်းကြသေးဘူး။ တံတားပန္နက်ရိုက်မယ့်အခြေအနေကို ရောင်းတဲ့သူတွေစောင့်ကြည့်တယ်။ လမ်းမတန်းတွေကတော့ အစားစားပဲဗျ။ သူတို့နေရာ ကောင်းရင်ကောင်းသလိုမျိုး သိန်းထောင်ဂဏန်းအထက်မှာရှိတယ်''ဟု ၎င်းက ပြောသည်။

''ဈေးအေးနေတဲ့အချိန်တုန်းကဆိုရင် အိမ်ခြံမြေအရောင်းအဝယ်သမားတွေက တော်တော်များများ ရောင်းချင်ကြတယ်။ တံတားပန္နက်ရိုက်မယ်ဆိုတာ ကျိန်းလည်း ကျိန်းသေသွားရော အခုရောင်းချင်တဲ့သူ တွေက မရောင်းကြတော့ဘူး။ ကျွန်တော် တို့ဆီမှာ ရောင်းဖို့လာအပ်ထားတဲ့ မြေပိုင် ရှင်တွေကတောင် ဝယ်သူရှိတာကို အခုမရောင်သေးဘူး။ တံတားပန္နရိုက်ပြီးတဲ့ အချိန်ထိစောင့်ဦးမယ်လို့ ပြောလာကြတယ်။ ဈေးနှုန်းကလည်း ယခင်ပေးထားတဲ့ဈေးထက် ပိုတင်လာကြတယ်။ ငွေတအားကြီးမလိုတဲ့သူတွေက စောင့်ကြည့်နေတယ်။ မရောင်းသေးဘူး။ ငွေအခက်အခဲဖြစ်တဲ့လူတွေလောက်သာ အခုအချိန်မှာ ရောင်းတာ။ ဒီတံတားကိုပဲ အကုန်လုံးက မျှော်လင့်နေကြတာပဲလေ''ဟု ၎င်းက ပြောသည်။

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်လမ်းသွယ်များမှ ၂၅ x ၅ဝ ပေမြေကွက်တကွက်လျှင် သိန်း ၅ဝဝ၊ သိန်း ၆ဝဝ ပေါက်ဈေးရှိလာခဲ့ပြီး မြဝတီမင်းကြီးလမ်းမတန်းပေါ်တွင် သိန်း ၂၅ဝဝ၊ သိန်း ၃ဝဝဝ အထိ ဈေးခေါ်လာကြကာ ယခင်ဈေးနှုန်းများထက် ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း ဒလအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

ဒလမြို့သည်ရန်ကုန်မြို့နှင့် မြစ်တခုသာခြားသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ပြီး ဒလတံတားကြီး တည်ဆောက်ပြီးပါက ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေ ချောမွေ့လာမည်ဖြစ်သဖြင့် မြို့နယ်နေပြည်သူများက တံတားကြီးဖြစ်ပေါ်လာရန် မျှော်လင့်လျက်ရှိသည်။

လက်ရှိ ဒလအိမ်ခြံမြေဈေးများ ဈေးနှုန်းများမြင့်နေသော်လည်း ဝယ်လိုအားများနေပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် တရုတ်ကုမ္ပဏီများ၊ ကုလားလူမျိုးစီးပွားရေး လုပ်ငန်းရှင်များမှ အများဆုံးဝယ်ယူကြ ကြောင်းနှင့် မြန်မာလူမျိုးများမှာ နေထိုင်ရန်ဆိတ်ငြိမ်ရပ်ကွက်များတွင်သာ အနည်းငယ်ဝယ်ယူလျက်ရှိကြောင်း ဒလမြို့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

Credit:  News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service