မြန်မာနိုင်ငံ၏ မြို့ပြတွင်နေသူများ ချေးငွေဖြင့် ပစ္စည်းဝယ်ယူမှု ပိုမိုများပြားလာ

မြန်မာနိုင်ငံ၏ မြို့ပြတွင်နေသူများ ချေးငွေဖြင့် ပစ္စည်းဝယ်ယူမှု ပိုမိုများပြားလာ - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 11:03 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံရှိ မြို့ပြနေသူများသည် အီလက်ထရွန်နစ် ပစ္စည်းများ၊ ကားများနှင့် အိမ်များ ဝယ်ယူရန် ချေးငွေထုတ်ယူသုံးစွဲမှု ပိုများလာသည်။

အရစ်ကျငွေပြန်ဆပ်သည့် ဖောက်သည်များအား အနည်းငယ်ချေးငွေများ ထုတ်ပေးနေ သည့် ဂျပန်နိုင်ငံ၏ Aeon ဘဏ္ဍာ ရေးဝန်ဆောင်မှုသည် အထူးသဖြင့် ပစ္စည်းအသုံးအဆောင်များ နှင့် လက်ကိုင်ဖုန်းဆိုင်များတွင် ရန်ကုန်မြို့ ဈေးဝယ်စင်တာတစ်ခု၌ အလွယ်တကူတွေ့နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Aeon အသေးစားငွေချေး လုပ်ငန်း (မြန်မာ)သည် ချေးငွေ အသေးစားများ ထုတ်ချေးရန် ၂၀၁၃ က လုပ်ငန်းလိုင်စင်ရရှိခဲ့သည်။ ယခုအခါ ယင်းလုပ်ငန်းသည် စတိုးဆိုင်ပေါင်း ၆၃၀ နှင့် တွဲဖက်လုပ်ကိုင်နေပြီး ၂၀၁၆ က ၂၀၀ သာရှိခဲ့သည့်အခြေအနေမှ သုံးဆအထိ တိုးလာခဲ့သည်။ ၎င်းတို့ထံမှ ငွေချေးယူသူများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လက်ကိုင်ဖုန်းများဝယ်ရန် ယင်းဝန်ဆောင်မှု ကိုအသုံးပြုကြသည်။

ယခင်က အိမ်တစ်လုံးဝယ် ယူချိန်တွင်ပင် မြန်မာနိုင်ငံ၌ ငွေသားသည်သာတစ်ခုတည်းသော ပေးချေမှုနည်းလမ်း ဖြစ်ခဲ့သည်။ ယခုအခါ ကုမ္ပဏီတစ်ခုခုတွင် အလုပ်လုပ်သော မြန်မာနိုင်ငံသားတိုင်းနီးပါးသည် အနည်းငယ်သော ချေးငွေတစ်ရပ်ထုတ်ယူနိုင်ပြီဖြစ် ကြောင်း Aeon အသေးစားငွေချေး လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦး ၏ ပြောကြားချက်အရသိရသည်။

ချေးငွေဖြင့်သားဖြစ်သူကို လက်ကိုင်ဖုန်းတစ်လုံး ဝယ်ပေးခဲ့ သော အသက် (၄၀) အရွယ်ဖခင်တစ်ဦးက ဈေးကြီးသောပစ္စည်းများ တစ်ကြိမ်တည်းငွေမပေးရ၍ ၎င်းအနေဖြင့် နှစ်သက်ကြောင်း ပြောသည်။

Aeon ကုမ္ပဏီ၏ ဖောက်သည်များသည် ၎င်းတို့ဆပ်ရမည့် ငွေကိုလစဉ်အတိုးနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၂ နှစ်အထိကာလ အပိုင်းအခြားဖြင့် ပြန်ဆပ်နိုင်သည်။ ယင်းကုမ္ပဏီ၏ ကိုယ်စားလှယ်က စတိုးဆိုင်များစွာသည် Aeon ကုမ္ပဏီ၏ဝန်ဆောင်မှုနှင့် တွဲဖက်ခဲ့ပြီးနောက် ရောင်းအား ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးသည် ကန်ဒေါ်လာ ၁,၂၉၈ ရှိ သော်လည်း မြန်မာ၏ စက်ရုံများ နှင့် ဝန်ဆောင်မှု ကဏ္ဍ၏ ထုတ်လုပ်မှုရလဒ်သည် ဈေးနှုန်းပြောင်း လဲမှုများ ထည့်သွင်းတွက်ချက်ပြီး နောက်မှာပင် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိတိုးတက်လာသဖြင့်စိုက်ပျိုးရေးထက် ဝင်ငွေပိုမိုတည်ငြိမ်မှုရှိသော အလုပ်သမားဦးရေ တိုးပွားလာနေ သည်။

ကားဝယ်ရန် ချေးငွေဝန် ဆောင်မှုလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ မြန်မာ နိုင်ငံ၏ ကားအသစ်ဈေးကွက်၏ အကြီးမားဆုံးဝေစုကို ပိုင်ဆိုင်ထားသည့် ဂျပန်နိုင်ငံ၏ Suzuki Motor ကုမ္ပဏီသည် AYA ဘဏ် နှင့် လက်တွဲကာ ခုနစ်နှစ်သက်တမ်းချေးငွေများ ထုတ်ပေးနေ သည်။ ယခင်က မြန်မာနိုင်ငံတွင် ကားဝယ်ရန် ချေးငွေများသည် ငါးနှစ်သက်တမ်းသာရှိသည်။ ယခုနည်းလမ်းသစ်က ငွေချေးသူများ၏ လစဉ်ပေးဆပ်ရမည့် ဝန် ထုပ်ဝန်ပိုးကို လျှော့ချရန် ကြိုးပမ်း မှု ဖြစ်သည်။

မကြာမီနှစ်များက ကားအသစ်များ ရောင်းချမှု နှစ်ဆခန့်မြင့် တက်လာသည်။ ယင်းမှာကား ရောင်းသော ကုမ္ပဏီများနှင့်ဘဏ် က ထုတ်ပေးသော ချေးငွေများ ကျယ်ပြန့်လာမှုနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။ Suzuki ကားမဟုတ်သော ကားရောင်းသူများသည် ကားဝယ်နိုင်ရေးချေးငွေပေးရန် ဘဏ်များနှင့် ပူးပေါင်းထားခြင်းမရှိဟု သိရသည်။

ယခင်ကမြန်မာနိုင်ငံ၏ကားဈေးကွက်ကို အသုံးပြုပြီးသား ကားများကသာ ကြီးစိုးခဲ့သည်။

အိမ်ဝယ်ရန် မြန်မာနိုင်ငံသားများအနေဖြင့် ရွေးချယ်စရာမရှိဘဲ ငွေသားကိုသာ သုံးစွဲကြရ သည်။ ယခုအခါဘဏ်ကြီးများက ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ပြန်ဆပ်ရမည့် အိမ်ဝယ်ရန် ချေးငွေများ ပေးနေပြီဖြစ်သည်။ အိမ်ဝယ်သူများသည်ဝယ်ယူသော ငွေပမဏ ၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေး ချေရသည်။

ယခင်က မြန်မာနိုင်ငံတွင် ချေးငွေဖြင့် အိမ်ဝယ်သူများသည် တစ်နှစ်မှသုံးနှစ်အတွင်း ပြန် ဆပ်ကြရသည်။ ယခုအခါ ချေးငွေဈေးကွက်သည် မြန်မာနိုင်ငံ၌ စတင်ပျံ့နှံ့လာပြီး ဘဏ်များအနေ ဖြင့် ငွေချေးမည့်သူများကို အသေအချာ စစ်ဆေးရန်လိုအပ်မည်ဖြစ်ကာ အလျင်အမြန် ဝင်ငွေတိုးရေး အလေးပေးလွန်း၍ ရမည်မဟုတ်ပေ။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service