ဆက်ငှားမယ် ပွဲစားလက်ရှောင်

ဆက်ငှားမယ် ပွဲစားလက်ရှောင် - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 12:58 pm တွင် တင်ခဲ့သည်
1831 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရှင်ဆိုသည်မျိုးက ရွှေ့ပြောင်း၍မရနိုင်သည့် ထုထည်ကြီးကို အရင်းအနှီးပြုပြီး စီးပွားရှာသည့် လူမျိုး။ အိမ်ငှားဆိုသည်က မိမိဝင်ငွေလေးထဲကနေ နေစရာအတွက်တစ်ဖို့ထားပြီး ကျန်အစိတ်အပိုင်းတွေကို ခြိုးခြံချွေတာ ကြရသည့်အမျိုးဖြစ်သည်။

တစ်နှစ်စာမတတ်နိုင်၍ ခြောက်လစာအတွက်ကို တရင်းတနှီးစုဆောင်းပြီး ထိုငွေကြေးနှင့်သင့်လျော်သည့် အထပ်မြင့်အလွှာမြင့်တို့ကို သက်သာရာရှာပြီး ငှားရမ်းနေထိုင်ကြရ သည်။ နေရာသစ်ငှားရမ်းနေထိုင်ဖို့ ရှာတိုင်းရှာတိုင်းပွဲစား အတွက်တစ်လခအပိုထပ်ဆောင်းပြုပြီး စုထားရသည်။

အိမ်ရှင်အနေနှင့်လည်း လူသစ်တစ်ဦး မိမိအခန်း ငှားရမ်နေထိုင်တိုင်း ပွဲစားအတွက် တစ်လခ ပေးနေရသည်။တကယ့်စိတ်ထဲမှာတော့ မည်သို့ရှိမည်မသိပါ။

ငှားရမ်းနေထိုင်သူအနေနှင့် အမှန်တကယ်ဆိုမပေး လိုလှပေ။ နေဖို့ခြောက်လစာ ကွက်တိရဖို့စုရသည့်အပြင် စားဖို့ ထဲက ပွဲစားအတွက်တစ်လခ ထုတ်နုတ်ချန်ရသေးသည်။ ပိုလျှံ နေ၍ အိမ်ခန်းတိုက်ခန်းငှားနေကြသည်တော့မဟုတ်ပါ။လုပ်ငန်း နှင့်အနေနီးရာကို အခြေတည်ကြသဖြင့် ငှားရမ်းနေထိုင်ဖြစ် ကြသည်။

ထိုကြောင့် တစ်ခါတစ်ရံ ပွဲခရလိုမှုအတွက် ပွဲစား၏တိုက်တွန်းမှုနှင့် အိမ်ရှင်တို့ ဈေးနှုန်းတင်ပြီး လောဘတတ်ကြ သည်။ ထိုအခါ အိမ်ငှားတို့မှာခြောက်လလောက်သာနေရသေး ပြီး နေရာသစ်ရှာဖို့ ပူပန်ကြရပြန်သည်။ တစ်ခါ အိမ်ရှင်အနေ နှင့် အိမ်ငှားတို့၏ မိမိအခန်းကို မရိုသေ မထိန်းသိမ်းကြရာ ဆက်မငှားလိုသဖြင့် ဈေးနှုန်းတိုးတောင်းတတ်ကြသည်လည်း ရှိသည်။

ထိုအခါ တိုက်ခန်ငှားရမ်းနေထိုင်သူတို့အနေနှင့် လည်း မိမိတို့နေထိုင်ရာအခန်းကို ကိုယ့်အိမ်ပမာသဘောထား ပြီး မပျက်စီးအောင်၊ချို့ယွင်းမှုမဖြစ်ရအောင် ထိန်းသိမ်းနေထိုင် ကြရပါမည်။

အိမ်ရှင်အနေနှင့် အခန်းခငွေ ပိုရလိုမှုတစ်ခုတည်းကို ရှေ့တန်းမတင်ဘဲ ကောင်းမွန်သောအိမ်ငှားတို့၏ အခြေအနေကို လိုက်ပြီး နှစ်ရှည်အငှားချထားပေးနိုင်ဖို့ မေတ္တာရှေ့ထားသင့် သည်။ ပွဲစားတွန်းသမျှ သိပ်မရွေကြဖို့ ကောင်းပါသည်။

ပွဲစားဆိုသည်ကလည်း အရွေ့ရှိမှ ၀င်ငွေရှိမည်၊ ၀င်ငွေရှိမှ အူစိုမည့်သဘောရှိရာ အိမ်ရှင်နှင့်အိမ်ငှားကြား မရွေ့ရွေ့အောင် တွန်းနေတတ်သည်။ ခေတ်ကာလနေထိုင်ရေးခက်ခဲရသည့်အထဲ ပွဲစားတို့၏အတွန်းအရွေ့တွင် အိမ်ငှားတို့ ခံနေ ကြရသည်။ နောက်တတ်မည့်အိမ်ငှားက အခန်းခပိုပေးမှာဖြစ်၍ အဲဒီနှုန်းထားပေးနိုင် မပေးနိုင် အိမ်ရှင်က ပြောခိုင်းလေဟန်နှင့် လုပ်တတ်သေးသည်။

အိမ်ရှင်အနေနှင့်လည်း လစ်လပ်သွားသော မိမိတိုက်ခန်းကို လစဉ်ဝင်ငွေမပြတ်ရနိုင်ဖို့ ဖန်တီးနေရသည်။ ထို့အတွက် သက်ဆိုင်ရာနယ်မြေပွဲစားထံ မိမိအခန်းကို အပ်ထားကြရသည်။အခန်းငှားဖို့ ရှာနေသူသည်လည်း မိမိနေလိုသော မြို့နယ်၏ နယ်မြေပွဲစားကို မဖြစ်မနေရှာဖွေကြရသည်။ ထိုနယ်မြေခံပွဲစား တို့ကမှ မိမိတတ်နိုင်သည့်ငွေပမာဏနှင့် ကိုက်ညီသည့် အခန်း ကို ရှာဖွေပေးနိုင်ကြသည်။ ထိုပွဲစားတို့ လမ်းညွှန်မှုဖြင့် အခန်းတို့ ငှားဖြစ်ကြသည်။ အိမ်ရှင်အိမ်ငှားတွေ့ရှိပြီး စာချုပ်ကြသည်။ပထမချုပ်ဆိုမှုကို အိမ်ရှင်သည်လည်းကောင်း၊ အိမ်ငှားသည် လည်းကောင်း ပွဲဖြစ်သည့်အတွက် ပွဲစားခ(၀န်ဆောင်ခ)ကို ကျေကျေနပ်နပ် ပေးကြပါသည်။

အိမ်ငှားအနေနှင့် ပထမစာချုပ်သက်တမ်းပြည့်၍ ဆက်လက်ငှားရမ်းဖို့အတွက်ကိုမူ အိမ်ရှင်နှင့်ဆက်သွယ်ပြီး ကြားခံပွဲစားမပါဘဲ တိုက်ရိုက်စာချုပ်ချုပ်ဆိုပြီး နေထိုင်သည်။ ထို သည်ကို အချို့သောပွဲစားတို့သိပြီး မကျေမနပ်ဖြစ်ကြသည်။ပွဲခထပ်တောင်းတတ်ကြသည်။ ပွဲခမရလည်း လက်ဖက်ရည်ဖိုး တော့ ရအောင်တောင်းတတ်ကြသည်။ အိမ်ငှားအနေနှင့်အခန်း ပိုင်ရှင်အား ထိုကိစ္စကို အသိပေးအကြောင်းကြားရသည်။ ထိုအခါ အခန်းပိုင်ရှင်က ““ကြားကပွဲစား တစ်ခါတော့ စားပေါ့ ကွာ၊ ခဏတိုင်းတော့ ဘယ်ရမလဲ””ဟုဆိုသည်။ ““အိမ်ငှားအဟောင်းဆင်းသွားလို့ အိမ်ငှားအသစ်တတ်ရင်တော့ ရှာပေးတဲ့ ပွဲစားကို ပွဲခပေးရမှာပေါ့၊ အခုဟာ အိမ်ငှားကဆက်နေမယ့်ဟာ ကို ဘာဖြစ်လို့ ပွဲစားခထပ်တောင်းနေရတာလဲ၊ ပေးစရာမလို ဘူး”” ဟုပြောသည်။

ခြိုးခြံချွေတာပြီး အခန်းငှားရမ်းနေထိုင်ကြရသူများ အဖို့ ထိုကဲ့သို့သောအိမ်ရှင်မျိုးနှင့် တွေ့ရသည်ကလည်း ကျေးဇူး များလှသည်။ ထိုသို့မှမဟုတ်လျှင် တစ်ခါထပ်ချုပ်လို့ ပွဲစားခ တစ်ခါထပ်ပေးနေရလျှင် မစားသာလှပေ။

အိမ်ငှားများအနေနှင့်လည်း မိမိငှားရမ်းနေထိုင် သည့် တိုက်ခန်း၏ချို့ယွင်းချက်များကို နေထိုင်လာရင်း တဖြည်း ဖြည်းတွေ့လာရသည်။ သီတင်းကျွတ်နောက်ပိုင်း အခန်းသစ် ငှားပြီးတတ်နေလျှင် ထိုအခန်း၏ချို့ယွင်းချက်ကို သိပ်မတွေ့ရ သော်လည်း၊ လေးလပိုင်း၊ ငါးလပိုင်း (ဧပြီလနှင့်မေလ)တို့တွင် အခန်းသစ် စတင်ငှားရမ်းပြီးတတ် ရောက်နေထိုင်ပြီဆိုလျှင် ထိုအခန်တို့၏ ချို့ယွင်းခြင်း မချို့ယွင်းခြင်းကိုချက်ခြင်း သိနိုင်သည်။ ထိုဧပြီ၊ မေလတို့သည် မိုးတွင်းတစ်ပိုင်းရောက်လာပြီ ဖြစ်၍ အိမ်ရှေ့ အိမ်နောက်၊ ခေါင်မိုးနံရံတို့ မိုးရေယိုစိမ့်ခြင်း ကို ချက်ခြင်းတွေ့နိုင်သည်။ နောက်တစ်ကြိမ် ဆက်လက်ငှား ရမ်းနေထိုင်ဖို့ စာချုပ်မည်ဆိုလျှင် ထိုအပြစ်အနာအဆာလေးများ ကိုပြောပြပြီး ဈေးမတတ်ဖို့ ညှိနှိုင်းနိုင်သည်။ ထိုအခက်အခဲများ ကို အိမ်ရှင်အားမလုပ်ခိုင်းဘဲ နေထိုင်သူအိမ်ငှားက ကိုယ်တိုင် နေထိုင်လို့ဖြစ်အောင် ပြင်ဆင်၍နေမည်ဖြစ်ကြောင်း ညှိနှိုင်းပြီး အခန်းခမတတ်အောင် လုပ်ကြရသည်။

ငှားရမ်းနေထိုင်သူအနေနှင့် မိမိနေထိုင်စဉ်အတွင်း အခန်းမပျက်စီးအောင်လည်း ပြန်လှန်စေတနာထားကြရပါမည်။ မိမိတို့မနေတော့၍ အခန်းပြန်အပ်လျှင် ညစ်ပတ်စုတ် ပြတ်မနေဖို့၊ အိမ်ရှင်တို့ စိတ်မပျက်စေဖို့ လိုသည်။ ငှားလိုက်သမျှအိမ်ငှားတိုင်းမိမိတိုက်ခန်းကိုဖျက်ဆီးသွားကြသူများဟု အိမ်ရှင် တို့စိတ်ထဲ အတွေးမရောက်စေဖို့ အိမ်ငှားတို့သတိချပ်သင့် သည်။ ထိုစကားကို ဘာကြောင့်ပြောရသနည်းဆိုလျှင် အိမ်၊ အခန်းငှားဖို့ တစ်တိုက်ဆင်း တစ်တိုက်တက်အခန်းတို့ကိုလိုက်လံကြည့်ရှုသည့်အခါအချို့သောအခန်းတို့သည် အတော်စိတ် ပျက်ဖွယ် ကောင်းလောက်အောင်တွေ့ခဲ့ကြရသည်။ အိမ်ရှင် တစ်ယောက်အနေနှင့် ၀င်ရောက်ခံစားမိလျှင် အိမ်ငှားများ အပေါ် အတော်အထင်အမြင်သေးနိုင်သော အနေအထားဖြစ်သည်။ မည်သည့် အိမ်ငှားဖြစ်ပါစေ မိမိတို့မနေထိုင်တော့၍ အခန်းပြန်အပ်မည်ဆိုလျှင် အနည်းဆုံး သန့်ရှင်းရေးပြန်လုပ်ပြီး မှ အပ်နှံသင့်သည်။

အိမ်ရှင်အိမ်ငှား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု စိတ်ထားလေးများနှင့် ငှားရမ်းနေထိုင်ကြမည် ဆိုပါလျှင် ကောင်းမွန်သော အိမ်ရှင်နှင့်တွေ့သည့် အိမ်ငှားဘ၀၊ အိမ်ငှားကောင်းနှင့်တွေ့ရသည့် အိမ်ရှင်တို့လည်း ကျေနပ်စိတ်ချ ကြပါမည်။

ထိုစကား ဘာကြောင့်ပြောရသနည်းဟူမူ အိမ်ရှင် တို့အနေနှင့် ပိုက်ဆံရ၍သာ မိမိတို့အခန်းကို ငှားလိုက်ရသည်၊ အိမ်ငှားအနေနှင့် မိမိအခန်းမှာနေပြီး ဥပဒေနှင့် မလွတ်ကင်း သည့် အလုပ်မျိုးများလုပ်နေသလား၊ မီးရေး ထင်းရေးမှ စိတ်ချ ရပါ့မလားဆိုသည့် အတွေးတို့က မပြတ်ရှိနေတတ်သည်။

ထိုကြောင့် အိမ်ရှင်အိမ်ငှား တစ်ဦးအထာတစ်ဦး သိကြပြီး၊ အရှည်သဖြင့် နားလည်ပြီး ငှားရမ်းနေထိုင်နိုင်ကြမည်ဆိုပါလျှင် အိမ်ငှားက ဆက်လက်ငှားရမ်းမည်ဖြစ်ပါ၍ အိမ်ရှင်အနေနှင့် ပွဲစားကိုခေတ္တ လက်ရှာင်ထားပေးပါ ရန်ဟူ၍ သာ တောင်းဆိုကြပါလိမ့်မည်။

ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service