ကမ္ဘာ့နံပါတ်တစ် ထိုင်ဝမ်ဂေါက်သီးမယ်ဟောင်းက ကံကြမ္မာကောင်းများ ရောက်လာရန်အတွက်ရည်ရွယ်ကာ အမေရိကန်ရှိ စံအိမ်ကြီးကို အရောင်းဈေးကွက်တင်

ကမ္ဘာ့နံပါတ်တစ် ထိုင်ဝမ်ဂေါက်သီးမယ်ဟောင်းက ကံကြမ္မာကောင်းများ ရောက်လာရန်အတွက်ရည်ရွယ်ကာ အမေရိကန်ရှိ စံအိမ်ကြီးကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 12:15 pm တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

ထိုင်ဝမ် ဂေါက်ဖ်ဂန္ထဝင်ကြယ်ပွင့်၊ ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးမယ်ဟောင်း စန်းယန်နီ (曾雅妮) သည် ဖလားတစ်ခုမျှ မရရှိသည်မှာ ၆ နှစ်နီးပါးရှိပြီဖြစ်ပြီး အမေရိကန်ရှိ ဇိမ်ခံနေအိမ်ကြီးကို ရောင်းချရန် စီစဉ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ရှိ စံအိမ်ကြီးကို ရောင်းချလိုက်ခြင်းမှာ ၎င်းအတွက် ကံကြမ္မာကောင်းများ ဆောင်ကြဉ်းပေးကာ ဂေါက်ဖ်လောကတွင် အောင်မြင်မှုများ ပြန်လည်ရရှိလာစေနိုင်ဖွယ်ရှိကြောင်း စန်းယန်နီက ယုံကြည်လျက်ရှိ ကြောင်း ထိုင်ဝမ်အစိုးရပိုင် Central News Agency (CNA) ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စန်းယန်နီသည် အော်လန်ဒိုရှိ စံအိမ်ကို ဆွီဒင်လူမျိုး ကမ္ဘာ့နံပါတ် ၁ ဂေါက်ဖ်ကစားသမားဟောင်း အင်နီကာဆိုရန်စတမ်ထံမှ ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင်း အခန်း ၄ ခန်းပါဝင်ပြီး မြေအကျယ်အဝန်းမှာ စတုရန်းမီတာ ၅၄၀၀ ခန့် အကျယ်အဝန်းရှိသည်။

အခန်းတစ်ခုထဲတွင် စန်းယန်နီ၏ ဂေါက်ဖ်ကစားခဲ့မှု သမိုင်းမှတ်တမ်းများကို ပြသထားသည်ဟု ဆိုသည်။

အဆိုပါအခန်းရှိ စင်များပေါ်တွင် ချန်ပီယံဆုများ တန်းစီထားရှိမည်ဟု စန်းယန်နီက စိတ်ကူးခဲ့သည်။

“ကျွန်မသူငယ်ချင်းအိမ်က လူကြီးတွေပြောတာကတော့ ဒီအိမ်ကပေးမယ့် ကံကြမ္မာကောင်းတွေကို ဆိုရန်စတမ်က အားလုံးအသုံးပြုပြီး သွားပြီဖြစ်တယ်လို့ ပြောပြပါတယ်”ဟု စန်းယန်နီက ပြောကြားသည်။

ယခုနေအိမ်ကို ရောင်းချပြီးပါက ကယ်လီဖိုးနီးယားပြည်နယ်တွင် မိသားစုနှင့် နီးသောနေရာ၌ နေအိမ်သစ်တစ်လုံး ပြန်လည်ဝယ်ယူ သွားမည်ဖြစ်ပြီး မိသားစုများ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် စောင့်ရှောက်သွားနိုင်မည်ဖြစ်ကြောင်း စန်းယန်နီက ဆက်လက်ပြောကြား သည်။

စန်းယန်နီသည် အယ်လ်ပီဂျီအေပြိုင်ပွဲများသို့ ဝင်ရောက်ခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် ကာလဖြစ်သည်။ ထိုနှစ်အတွင်း ပြိုင်ပွဲ ၇ ခုတွင် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service