ရောင်းချသည့်ပုံစံပြောင်းလဲလာမှုကြောင့်ကွန်ဒိုရောင်းဝယ်မှု လှုပ်ခတ်လာ

ရောင်းချသည့်ပုံစံပြောင်းလဲလာမှုကြောင့်ကွန်ဒိုရောင်းဝယ်မှု လှုပ်ခတ်လာ - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 12:05 pm တွင် တင်ခဲ့သည်
2309 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေဈေးကွက်တွင် ကွန်ဒိုအခန်းရောင်းဝယ်မှုပုံစံ ပြောင်းလဲလာမှုကြောင့် အရောင်း အ၀ယ်များပြန်ဖြစ်လာကြောင်း ကွန်ဒိုမီနီယံတည်ဆောက်သူများ၏ပြောကြား ချက်အရ သိရသည်။

““တည်ဆောက်ပြီးသား ကွန်ဒိုအခန်း အခန်းတွေကြတော့ ရောင်းချတဲ့ နေရာမှာ တစ်ခါတည်း အခန်းအခြေအနေ ကိုပြပြီး ရောင်းချလို့ရတာကြောင့် ၀ယ်သူတွေအနေနဲ့ အခန်းအခြေအနေကို မျက်မြင်ကြည့်ပြီး ၀ယ်ယူနိုင်တာကြောင့် အရောင်းအ၀ယ်လုပ်တာမှာ လွယ်ကူပါ တယ်။ ဒါပေမယ့် ကြိုပွိုင့်လိုမျိုးတည် ဆောက်ဆဲအခန်းတွေကို ရောင်းချရာမှာ တော့ အရင်က အခန်းဖွဲ့စည်းပုံ၊ ပုံစံငယ် တွေကိုပြပြီးရောင်းရတာကြောင့် အရောင်းအ၀ယ်က နည်းကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကျွန်တော်တို့ ကြိုပွိုင့် စနစ်နဲ့ ၀ယ်ယူထားသူတွေကို အဆောက်အအုံရဲ့ တည်ဆောက်မှု Structure ပိုင်း ပြီးတာနဲ့ Preview ပြသပေးမယ့် မြန်မာနိုင်ငံရဲ့ပထမဆုံး ကွန်ဒိုအဆောက်အအုံ အဖြစ် KANBRE TOWERS ကို ရောင်းချပေးတာကြောင့် ၀ယ်သူတွေများလာတာကို တွေ့ရပါတယ်။ အဓိက ကတော့ ၀ယ်သူတွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ အခန်းကိုဘယ်လိုပစ္စည်းတွေသုံးပြီး ဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ ကိုယ်တိုင်မျက်မြင်တွေ့ရတဲ့အတွက် စိတ်ကျေနပ် မှုရှိစေတာကြောင့် လည်း ဖြစ်ပါတယ်”” ဟု Golden Thitsar Co.,Ltd မှ တာဝန် ရှိသူ ဦးရဲထွန်းမော်က လက်ရှိဈေးကွက်အတွင်း ရောင်းချမှုပုံ ပြောင်းလဲလာမှုနှင့် ပတ်သက်၍ ပြောသည်။

ယခုအခါတွင် တိုက်ခန်း၊ ကွန်ဒို၊ အိမ် များဝယ်ယူလိုသူများအတွက် မိမိ တို့၏ ၀င်ငွေနှင့် တိုင်းတာ၍ ပုဂ္ဂလိက ဘဏ်များဖြစ်သည့် KBZ ၊ AYA ၊ ရိုးမ ၊ CB စသည့် ဘဏ်များမှ အိမ်ရာချေးငွေ Home Loan များကို ထုတ်ချေးပေးနေ ခြင်းကြောင့်လည်း ကွန်ဒိုဝယ်ယူမှုပိုမို မြင့်တက်လာခြင်းဖြစ်ကြောင်း ကွန်ဒိုတည် ဆောက်သူများထံမှ သိရသည်။

““အရင်ကတော့ ၆ လ နေလို့ တစ်ခန်းမရောင်းရဘူး။ အခုတော့ တစ်လတည်းနဲ့တင် တစ်ခန်း၊ နှစ်ခန်းရောင်းရတဲ့ အခြေအနေ ပြန်ဖြစ်လာတယ်။ အရင်က ဆောက်သာထားတာ အခန်းတွေမရောင်း ရတော့ Developer တွေအနေနဲ့ ဘဏ် တိုးပေးဖို့တောင် အဆင်မပြေခဲ့ကြဘူး။ နောက်ပိုင်း အိမ်ရာအရောင်းပြပွဲတွေမှာ ၀င်ရောင်းတယ်။ Developer တွေ စုပြီး အရောင်းပြပွဲတွေလုပ်ပြီး ရောင်းတာမျိုး တွေတောင်လုပ်ခဲ့ရတယ်။ အခုတော့မျှော် မှန်းသလောက်မဟုတ်ပေမယ့် အ၀ယ်နည်းနည်း လိုက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ နောက် ကွန်ဒိုမီနီယံ နည်း ဥပဒေအရ စီမံခန့်ခွဲရေးကော်မတီတွေ ပေါ်လာရင်တော့ ကွန်ဒိုဈေးကွက်က ဒီ ထက်ပိုကောင်းလာမယ်လို့ ထင်ပါတယ်”” ဟု Luxury Condominium များ တည် ဆောက်သူတစ်ဦးက သူ၏ အတွေ့အကြုံ ကို ပြောသည်။ ထိုကဲ့သို့ ကွန်ဒိုအခန်းများ အရောင်းဖြစ်လာသော်လည်း ယခင်တည်ဆောက်ဆဲကာလက ငွေဈေးဖြင့်သာအရောင်းအ၀ယ် ပြုလုပ်ကြတာဖြစ်ပြီး လက်ရှိငွေဈေးဖြင့် တွက်ချက်၍ ရောင်းချ ပါက ဈေးနှုန်းကြီးမြင့်မှုက ၀ယ်သူများအနေနှင့် စိတ်ဝင်စားမှုမရှိဘဲ ဈေးကွက် ပျက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ များက ဆိုသည်။

““အခုက ဘဏ်တွေကလည်း Home Loan ပေးတဲ့အတွက် အရောင်း တွေတော့ အရင်ကထက်တော့တက်လာ ပါတယ်။ ဒါပေမယ့် အတိုးနှုန်းက များနေသေးတော့ ထင်လောက်တော့ အရောင်းအ၀ယ်မဖြစ်လာသေးပါဘူး။ နောက်တစ်ခု က Home Loan ဆိုတာကလည်း ဆောက် ပြီးသား BCC ကျပြီးသားတွေကိုပဲ ပေးတာကြောင့် ဆောက်လက်စ ကြိုပွိုင့်တွေ အတွက်ကြတော့ အခက်အခဲရှိပါတယ်။ ဒါကြောင့် တည်ဆောက်သူ Developer တွေက ကိုယ်ပိုင်ရောင်းချမှုပုံစံတွေ ဖန်တီး ပြီးရောင်းချလာကြပါတယ်။ ဥပမာ ကနဦး ပေးသွင်းငွေကို ၃၀၊ ၄၀ ရာခိုင်နှုန်းစသည် ဖြင့် သတ်မှတ်ထားပြီး ကျန်ငွေကို အခန်းအပ်ပြီး ဘယ်နှနှစ်အတွင်း ငွေအကြေပေး သွင်းရမယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျင့်သုံးလာ ကြတော့ အေးစက်နေတဲ့ ကွန်ဒိုဈေးကွက် က ပြန်လည်အသက်ဝင်လာတာကို တွေ့ရပါတယ်။ အိမ်ခြံမြေ သုံးသပ်ဆောင်းပါးများ ရေးသားနေသူ ဆရာကိုချစ်ထုံး မှ ပြောသည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကွက်သည် အထပ်မြင့်တည်ဆောက်မှု များ ရပ်ဆိုင်းလိုက်သည့် ၂၀၁၆ခုနှစ်နောက် ပိုင်းမှစတင်ကာ အရောင်းအ၀ယ်များ အေးစက်လာခဲ့ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံ မှုများပါ အ၀င်နည်းသည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရကာ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဈေးကွက်ပြန်လည် ကောင်းမွန်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ကာ ကြိုးပမ်းခဲ့ရာမှ ၂၀၁၈ခုနှစ်ကုန်ကာနီးအချိန်တွင် အရောင်းအ၀ယ်များ ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် စုပေါင်း ပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေ ( ကွန်ဒိုမီနီယံ နည်းဥပဒေ )အရ စီမံခန့်ခွဲ ရေးကော်မတီများ ဖွဲ့စည်းပြီးပါကလည်း ပြည်တွင်းအ၀ယ်သာမက ပြည်ပနိုင်ငံခြားသားများအ၀ယ်ပါ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများ က သုံးသပ်သည်။

ခင်ဇာလီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service