ပေကျင်းတွင် တစ်ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖိုး စံချိန်တင် မြေရောင်းချရ

ပေကျင်းတွင် တစ်ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖိုး စံချိန်တင် မြေရောင်းချရ - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 11:39 am တွင် တင်ခဲ့သည်
657 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အိမ်ခြံမြေဈေးကွက်ကို ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရက ထိန်းချုပ်မှုများ ပြုလုပ်ထားခြင်းကို ပြန်လည်ဖြေလျှော့မှုများ ပြုလုပ်ပေးလာသည်။ ထိုသို့ ဖြေလျှော့မှုများ ပြုလုပ်ပေးပြီးနောက် တရုတ်ပြည်၏ မြို့တော်ပေကျင်းတွင် တစ်ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖိုးအထိ စံချိန်တင် မြေရောင်းချရမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

စုစုပေါင်းအားဖြင့် မြေကွက် ၁၂ ခုကို တစ်ရက်တည်း အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သုတေသီတို့ကမူ ယခုကဲ့သို့ တစ်နေ့တည်းစံချိန်တင် အရောင်းအဝယ်ဖြစ်မှုကို ကြည့်ရုံမျှဖြင့် ဈေးကွက်ပြန်လည်ကောင်းမွန် လာပြီဟု မဆိုနိုင်ကြောင်း သတိပေးထားသည်။

ပေကျင်း စီမံကိန်းနှင့် သဘာဝရင်းမြစ်များဆိုင်ရာ စည်ပင်သာယာရေးကော်မရှင်က မြေနေရာ ၁၃ ခု လေလံတင်ခဲ့ရာတွင် ၁၂ နေရာ ရောင်းထွက်ခဲ့သည်။

စုစုပေါင်း ယွမ်ငွေ ၃၁ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၅၅ ဘီလီယံ) ဖိုးရောင်းထွက်ခဲ့ခြင်းဖြစ်ရာ သမိုင်းတစ်လျှောက် တစ်နေ့တာအတွင်း အများဆုံးရောင်းချခဲ့ရမှုအဖြစ် စံချိန်တင်ခဲ့သည်။

မြေကွက် ၁၂ ခုအနက် တစ်ခုမှာ ကြမ်းခင်းဈေးထက် ၄၉ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုရရှိကာ ရောင်းထွက်ခဲ့ခြင်းဖြစ်ပြီး အခြားမြေကွက်များမှာ ၀ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအကြား ပိုမိုမြင့်မားသော တန်ဖိုးအသီးသီးဖြင့် ရောင်းထွက်သွားကြောင်း Centaline Beijing အကျိုးဆောင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြေကွက်တစ်ခုကိုမူ လေလံဆွဲရန် စိတ်ဝင်စားသူမရှိခဲ့ကြချေ။

စပေါ်တစ်ကြိမ်ပေးသွင်းရုံမျှဖြင့် လေလံအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပထမဆုံးအကြိမ် ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်က အချို့သော မြေနေရာများတွင် ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက စုစုပေါင်း ကြမ်းခင်းဧရိယာ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို လူနေခန်းများဆောက်လုပ်ရမည်ဖြစ်ပြီး အဆိုပါလူနေခန်းများမှာလည်း စတုရန်းမီတာ ၉၀ အောက်ဖြစ်ရမည်ဟု သတ်မှတ်ချက်များရှိခဲ့သည်။

Developer တို့အနေဖြင့် တန်ဖိုးသင့် နေအိမ်ခန်းများ ပိုမိုဆောက်လုပ်ကြရန် ချမှတ်ထားခဲ့သည့် စည်းမျဉ်းဖြစ်သော်လည်း ယခုအခါ အဆိုပါစည်းမျဉ်းကို ပယ်ဖျက်ပေးလိုက်သည်ဟု ဆိုသည်။

သုတေသီတို့ သတိပေးသည်မှာမူ စံချိန်တင် ကိန်းဂဏန်းများသည် အိမ်ခြံမြေဈေးကွက် ပြန်လည်နာလံထူလာသည့် လက္ခဏာဟု မှတ်ယူ၍ မရကြောင်း၊ အစိုးရက မြေကွက်များ အရောင်းအဝယ်ဖြစ်အောင် ဖြေလျှော့မှုအချို့ ပြုလုပ်ပေးခြင်းဖြင့် အိမ်ခြံမြေဈေးကွက်အတွက် သတင်းကောင်းတစ်ခု ပေးပို့လိုသည့် သဘောသာဖြစ်ကြောင်း သတိပေးကြသည်။

အဆိုပါလေလံပွဲတွင် လေလံအောင်ခဲ့သူ ၁၄ ဦးအနက် ၃ ဦးသာ ပုဂ္ဂလိက developer များဖြစ်ပြီး ကျန်လေလံအောင်သူများမှာ အစိုးရပိုင် ကုမ္ပဏီများသာ ဖြစ်သည်။

လေလံအောင်ခဲ့သော ပုဂ္ဂလိက ကုမ္ပဏီများတွင် Greentown China Holdings နှင့် Guangzhou R&F Properties တို့ ပါဝင်သည်။

ယခင်လေလံပွဲများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် China Vanke, China Evergrande နှင့် Sunac China Holdings တို့ကို ယခုလေလံပွဲတွင် မတွေ့ရချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service