အိမ်ခြံမြေ မိုးလေ၀သ

အိမ်ခြံမြေ မိုးလေ၀သ - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 11:11 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

မိုးလေ၀သ သတင်းကြေညာသည့်အခါတွင် ယခု ဖြစ်ပေါ်နေသည့်အခြေအနေပေါ်တွင် မူတည် ပြီး ရှေ့တွင်ဖြစ်လာမည့်အခြေအနေကို အနီးစပ်ဆုံးခန့်မှန်း တွက်ချက်၍ ကြေညာကြသည်။

ယခု ဂြိုလ်တုဆက်သွယ်ရေးအင်တာနက်ခေတ်ကြီး တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုမှ စတင်ပြီး မုန်တိုင်းဖြစ်ပေါ် နိုင်မှုကိုပြောနေပါပြီ။ မုန်တိုင်း၏ပမာဏကိုလိုက်၍ မည်သည့် သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော မုန်တိုင်းနာမည်ကိုတပ်ပြီး ယခုသတင်းကြေညာသည့်အချိန်မှ နောက်ဘယ်နှစ်နာရီတွင် ဘယ်ကနေဘယ်ကို ဦးတည်ပြီး တစ်နာရီကီလိုမီတာ ဘယ် လောက်နှုန်းဖြင့်တိုက်ခတ်ပါမည်ဟု အတိအကျ ဟောကိန်း ထုတ်နိုင်သည့် အခြေအနေရှိနေပါပြီ။ မြန်မာ့စီးပွားရေးတွင် အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသည့် အိမ်ခြံမြေမိုးလေ၀သ အခြေအနေကိုတော့ တွက်ဆချက်အမျိုးမျိုးနှင့် အဖြေကိုထုတ်ခဲ့ကြသည်။ အဖြေ မှန်ကိုက်ညီမှုတော့ မရသေးပေ။ အေးစက်မာကြောနေသော စီးပွားရေး နှင်းခဲတို့ပျော်ချိန်ကို တွက်မရသေးသည့် အခြေအနေ၌ သာ ရှိနေပါသေးသည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေနှင့် နည်းဥပဒေတို့ထွက်မလာခင်က၊ ၎င်းင်းဥပဒေတို့ ထွက်လာလျှင် အေးစက်နေသော အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့ပါသော်လည်း၊ ၎င်းဥပဒေနှင့် နည်းဥပဒေထွက်ပေါ်လာသော်လည်း ထူးခြားပြောင်းလဲမှုမရှိ သည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိုဥပဒေတို့ကို မြန်မြန်အသက် ၀င်ဖို့ စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းဖို့ တိုက်တွန်းကြပြန်သည်။

အငြိမ့်လူရွှင်တော်တွေအနေနှင့် မိုးလေ၀သမမှန်ကန် မှုနှင့် ပတ်သက်ပြီး ““ဒီနေ့မိုးရွာချင်ရွာမည်၊ မရွာချင်မရွာဘူး””ဟု အတိတ်က နောက်ပြောင်ခဲ့ကြသည်။ ယခင်အခါ လူပြက် တွေလှောင်ခဲ့ပြောင်ခဲ့ကြသည့် မိုးလေ၀သခန့်မှန်ချက်က ယနေ့ အချိန်တွင် မလှောင်ပြောင်နိုင်လောက်အောင် ခန့်မှန်းချက်တို့ မှန်ကန်လာသည်။ ထိုကြေညာချက်တို့ကိုနားထောင်၍ မိုးလေ၀သ နှင့်ဆက်စပ်လုပ်ကိုင်သူတို့ ကြိုတင်ပြင်ဆင်ချိန်တို့ ကောင်း စွာရရှိ နေကြပြီဖြစ်သည်။ သို့သော် မြန်မာ့အိမ်ခြံမြေမိုးလေ၀သ မှာတော့ ခန့်မှန်းရခက်နေစဲအခြေအနေတွင်သာရှိသည်။

ဒီမိုကရေစီ ကျင့်သုံးစနိုင်ငံတို့၏ လားရာအတိုင်း မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းတိုင်းသည် ဖရိုဖရဲနှင့် တည်ငြိမ် မှုမရှိသေးသည်ကိုတွေ့ရသည်။ သွေးတိုးစမ်းခံနေရသည့် နိုင်ငံ ရေးအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းတို့ ထင်သလောက် ခရီးမရောက်ဖြစ်နေကြရသည်။ ထိုကြောင့်လည်း စီးပွားရေး စကားဝိုင်းတွေ ကျင်းပပြီး မြန်မာ့စီးပွားရေးလားရာကောင်းဖို့ လုပ်နေကြသည်ကို တွေ့ရသည်။ ရှုထောင့်မျိုးစုံကနေပြီး နိုင်ငံ ၏သက်ဆိုင်ရာကဏ္ဍရှိ ပုဂ်္ဂိုလ်တို့သိနိုင်ဖို့ ပုံစံမျိုးစုံဖြင့် တင်ပြ နေကြသည်။

မြန်မာ့အိမ်ခြံမြေလောက အရှိန်မြင့်အသက်ဝင်လာ စေဖို့ မြန်မာနိုင်ငံ၏ နံပါတ်တစ်ရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse.com(အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)က ကြီးမှူးကျင်းပသည့် အကြီးဆုံးအိမ်ခြံ မြေအရောင်းပြပွဲကြီးများ တွင် ဆောက်လုပ်ရေးကုမ္ပဏီကြီးများအပါအ၀င် မြန်မာနိုင်ငံရှိ အထင်ကရ ပုဂ္ဂလိကဘဏ်ကြီးများပါ ပူးပေါင်းပါဝင်သည်။ ၎င်းတို့ဘဏ်များနှင့်ချိတ်ဆက်ကာ နှစ်ရှည်ချေးငွေပေးပြီး အိမ်ခြံမြေ၀ယ်လို အားမြင့်လာအောင် ကြိုးပမ်းနေကြသည်။ထင်ထားသလောက် မအောင်မြင်သေးသော်လည်း တစ်ချိန်မှာ ထိုစနစ်သည် ရောင်းသူနှင့် ၀ယ်သူကြား မဖြစ်မနေဆက်ဆံ လုပ်ကိုင်ကြရမည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

စီးပွားရေးဆိုသည်က လမ်းကြောင်းတစ်ခုတည်းနှင့် သွားကြသည်မဟုတ်ပါ။ လမ်းကြောင်းစုံ ရှာဖွေပြီး သင့်လျော်သောလမ်းကြောင်းနှင့် သွားကြရမည်ဖြစ်သည်။ ကြိုပွိုင့်လမ်း ကြောင်းနှင့်လည်း သွားခဲ့ ကြသည်။ အပျောက်ငွေချေစနစ်ဖြင့် လည်းသွားနိုင်သည်။ အရစ်ကျစနစ်နှင့်လည်း သွားနိုင်သည်။ဘဏ်များနှင့် ချိတ်ဆက်ပြီး အိမ်ရာချေးငွေယူ၍လည်း သွား နိုင်ကြပါသည်။

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေကြသူများအနေနှင့် မိမိလုပ်ငန်းထပ်မံတိုးချဲ့လုပ်ကိုင်နိုင်ကြဖို့နှင့် ၀ယ်ယူနေထိုင်သူများလည်း မြန်မြန်ဝယ်ယူနိုင်စေဖို့ နိုင်ငံ၏မူဝါဒနှင့် ဥပဒေလမ်း ကြောင်းများအတွင်း အစဉ်ပြေအောင် ရုန်းကန်နေကြရသည်။

နိုင်ငံခြားရင်နှီးမြှုပ်နှံမှုလမ်းကြောင်းကြောင့်လည်း အိမ်ခြံမြေမိုးလေ၀သ ကောင်းလာနိုင်မည်ဟု မျှော်လင့်ချက်ကလည်း မြန်မာ့နိုင်ငံရေးမိုးလေ၀သကောင်းမှု၊ မကောင်းမှု က အဓိကသက်ရောက်နေပေသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးမိုးလေ၀သ အခြေအနေ အရွေ့ကောင်းမွန်လာခဲ့ပါလျှင် အေးစက်နေသော မြန်မာ့ အိမ်ခြံမြေလောကအပြင် အခြားဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများပါ အရှိန်အဟုန်မြင့် ကောင်းမွန်စွာ လည်ပတ်လာ မည်ဟု မျှော်လင့်ရပါကြောင်း။

ANT ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service