အချက်အလက်ဌာနအတွက် ကိုရီးယားမှ ဒေါ်လာ ၉၄ သန်းချေးရန် လွှတ်တော်ခွင့်ပြု

အချက်အလက်ဌာနအတွက် ကိုရီးယားမှ ဒေါ်လာ ၉၄ သန်းချေးရန် လွှတ်တော်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 10:58 am တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး

e-Government ဗဟိုအချက်လက် ဌာနတည်ဆောက်ရေးအတွက် ကိုရီးယားသွင်းကုန်/ထုတ်ကုန် ဘဏ်မှ ချေးငွေ ဒေါ်လာ ၉၃.၈ သန်း ချေးယူရေးကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါချေးငွေအတွက် ယခုအစောပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့က လွှတ်တော်ကိုယ်စားလှယ်များသည် ၄၅၃ မဲ – ၉မဲ ဖြင့် ဆုံးဖြတ်၍ ချေးငွေယူရေးကို သဘောတူအတည်ပြုခဲ့သည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဦးစီးဌာန၏ လမ်းညွှန်မှု အောက်တွင် အဆိုပါ ၃ နှစ် စီမံကိန်းကို လာမည့် ဇန်နဝါရီလမှ စတင်ရန် စီစဉ်ထားသည်။

e-Government အချက်အလက် ပေါင်းစည်းရေးဌာနကို နေပြည်တော်တွင် ထားရှိမည်ဖြစ်ပြီး ၎င်း၏အရံဌာနကို ရန်ကုန်မြို့အနီး သန်လျင်မြို့နယ်တွင် တည်ဆောက်ရန် လျာထားရာ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁၀၄.၃ သန်း ဖြစ်သည်။

အဆိုပါချေးငွေကို မြန်မာအစိုးရက နိုင်ငံတော်ဘတ်ဂျက်မှ ထုတ်ယူခြင်းမရှိဘဲ ပေးဆပ်သွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်း ပြီးစီးပါက ပြည်သူလူထုအနေဖြင့် အွန်လိုင်းငွေပေးချေမှုမှစ၍ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း အထိ ကိစ္စရပ်အထွေထွေကို e-Government ဝန်ဆောင်မှုများ ဖြတ်သန်း၍ အချိန်တိုတိုဖြင့် ပိုမိုလျင်မြန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ယခင်သီတင်းပတ်က အဆိုပြု တင်သွင်းလာသော ယင်းစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က အကြေအလည် ဆွေးနွေးကြပြီး ဆိုင်ဘာ လုံခြုံရေးနှင့်ပတ်သက်သော မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အင်္ဂါနေ့တွင် ဝန်ကြီးက တည်ဆောက်မည့်ဌာန နှစ်ခုစလုံးအတွက် လုံခြုံရေး အစီအမံတချို့ ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့သည်။ လူမှုကွန်ရက် (Social media)၊ ကိုယ်ရေးကိုယ်တာ အချက်အလက်၊ ကလေးသူငယ်များ ကာကွယ်မှုနှင့် တခြားကိစ္စရပ်များ ပါဝင်သည့် ဆိုင်ဘာဥပဒေကြမ်းတခုမှာ ရက်သတ္တပတ်ပေါင်း ၃၀ အတွင်း လွှတ်တော်သို့ တင်သွင်းကာ စဉ်းစားနိုင်ရန် အသင့် ရေးဆွဲပြီးဖြစ်လိမ့်မည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service