မကွေးတွင် ပိုင်ဆိုင်မှု အထောက်အထားမဲ့မြေများကို ဂရန်ထုတ်ပေးမည်

မကွေးတွင် ပိုင်ဆိုင်မှု အထောက်အထားမဲ့မြေများကို ဂရန်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 12:52 pm တွင် တင်ခဲ့သည်
1913 ကြိမ် ကြည့်ရှု့ပြီး

မကွေးတိုင်းအတွင်းရှိ မြို့ ၄ မြို့နှင့် ကျေးရွာ ၂၅ ရွာတွင်နေထိုင်နေသည့် မြေပိုင်ဆိုင်မှု အထောက်အထားမရှိသည့် မြေများအပေါ်တွင်နေထိုင်နေသူများကို ယခုဘဏ္ဍာနှစ်အတွင်း မြေငှားဂရန်များ ထုတ်ပေးရန်စီစဉ်နေကြောင်း ယင်းတိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနထံမှသိရသည်။

လတ်တလော အောင်လံ၊ ငဖဲ၊ ကျောက်ထုနှင့် နတ်မောက်မြို့နယ်များတွင် မြေတိုင်းတာမှုများ ကနဦး ပြုလုပ်မည်ဖြစ်ပြီး လတ်တလော ယင်းမြို့နယ် လေးခုမှ အချို့မြို့များတွင်မြေတိုင်းတာမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ကျေးရွာမြေငှားဂရန်တွေထုတ် ပေးနိုင်ဖို့အတွက်လည်း တိုင်းအတွင်း ၂၅ မြို့နယ်မှာ တစ်မြို့နယ်တစ်ရွာနှုန်းနဲ့ကျေးရွာ ၂၅ ရွာ တိုင်းတာရေးတွေ စလုပ်နေပါပြီ”ဟု ယင်းဌာနတိုင်းဦးစီးမှူး ဦးဇော်ဝင်းကပြောဆိုသည်။

ကျေးရွာများ၌ ကျေးရွာဝိုင်းသာရှိ၍ နေအိမ်တစ်ဦးချင်း ပိုင်ဆိုင်သည့် အထောက်အထားမရှိသည့်အတွက် ပြဿနာဖြစ်ပေါ်လာပါက ဖြေရှင်းပေးရန်ခက်ခဲနေ၍ မြေပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မြေငှားဂရန်များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ထုတ်ပေးပြီးပါက မြေပိုင်ဆိုင်မှုအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲဖြေရှင်းရာတွင် လွယ်ကူမှုရှိသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒါပေမဲ့ တစ်နှစ်တည်းလည်း အများကြီး လုပ်လို့မရဘူး။ စီမံချက်နဲ့လုပ်ရတာပေါ့”ဟု ဦးဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

ကျေးရွာ မြေဂရန်ထုတ်ပေးရန် တိုင်းတာရေးလုပ်ငန်းတွင် လိုအပ်နေသည့် နယ်ခြားဝန်ထမ်း (Demarcation Officer) နှင့် နယ်သတ်ဝန်ထမ်း (Boundary Officer) များ ခန့်ထားပေးရန်တင်ပြထားကြောင်း၊ မူလရွာမြေ၊ တိုးချဲ့မြေ၊ ထပ်မံ တိုးချဲ့ရန်ရည်ရွယ်သည့်မြေများကို Boundary Officer မှ သတ်မှတ်ပေးရပြီး လရ-၃၀ (ခ) ပြန်လျှောက်ကာ မူလရွာမြေနှင့်ပေါင်းစပ်ပေးရကြောင်း ၎င်းကရှင်းပြသည်။

“ခုလောလောဆယ်တော့ ကျွန်တော်တို့ရွာတွေမှာ မြေငှားဂရန်မရှိဘူးပေါ့။ အိမ်ဝိုင်းအနေနဲ့ကတော့ ငုတ်တိုတို့၊ သစ်ပင်တို့နဲ့ သတ်မှတ်ထားတာပေါ့။ စိတ်သဘောထား အခန့်မသင့်လို့ပြဿနာအနည်း အကျဉ်းဖြစ်ပြီဆိုတော့ ဝင်းထရံကာတဲ့ အချိန်သူ့ဘက်ပါတယ်၊ ငါဘက်ပါတယ် ဖြစ်တာပေါ့။ ဒီလိုခတ်လိုက်ရင် တချို့ဆိုရင် လမ်းတွေတောင် ပျောက်သွားတယ်။ မြေငှားဂရန်ထုတ်ပေးတော့ ပိုင်ဆိုင်မှုရတော့ ပိုကောင်းတာပေါ့၊ နယ်ဝေး အလုပ်သွားလုပ်နေသူတွေအတွက်လည်း အိမ်က ကျဉ်းမသွားတော့တာပေါ့”ဟု ရွာငယ်ကန် ကျေးရွာနေ ဦးမြင့်နိုင်က ပြောဆိုသည်။

 

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service