တရုတ်နည်းပညာကုမ္ပဏီကြီး LeEco က ပေကျင်းရှိ ဈေးဝယ်စင်တာကြီးကို alibaba ၏ လေလံဝက်ဘ်ဆိုက်တွင် ယွမ် ၂ ဘီလီယံကျော်ဖြင့် လေလံတင်

တရုတ်နည်းပညာကုမ္ပဏီကြီး LeEco က ပေကျင်းရှိ ဈေးဝယ်စင်တာကြီးကို alibaba ၏ လေလံဝက်ဘ်ဆိုက်တွင် ယွမ် ၂ ဘီလီယံကျော်ဖြင့် လေလံတင် - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 12:10 pm တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး

(ရှီမောက် ကောင်းစံ၏ အချက်အလက်များ)

ဗိသုကာဟန်- plate and tower

မြေအကျယ်အဝန်း- စတုရန်းမီတာ ၂၁၂,၀၀၀

စုစုပေါင်း ဆောက်လုပ်မှုအကျယ်အဝန်း- စတုရန်းမီတာ ၃၀၈၀၉

အခန်းစုစုပေါင်း- ၈၄၆ ခန်း

ပါဝင်သည့် အဆောက်အအုံ- ၂ လုံး

ကားရပ်နားရန်နေရာ -၇၂၆ စင်းစာ

တရုတ်နည်းပညာကုမ္ပဏီကြီး LeEco သည် ပေကျင်းရှိ ရှီမောက် ကောင်းစံအမည်ရှိ ဈေးဝယ်စင်တာကြီးကို alibaba ၏ လေလံဝက်ဘ်ဆိုက်ဖြစ်သော Taobao တွင် ယွမ် ၂ ဘီလီယံကျော်ဖြင့် လေလံတင်လာသည်။

LeEco ကို သူဌေးကြီး ကျားယူတင်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဗွီဒီယိုထုတ်လွှင့်မှု ဝက်ဘ်ဆိုက်၊ cloud ဝန်ဆောင်မှုများ၊ ဆော့ဖ်ဝဲ ထုတ်လုပ်မှု၊ အီလက်ထရောနစ်ပစ္စည်းများ၊ စမတ်ဖုန်းများ၊ စမတ်တီဗွီများ၊ လျှပ်စစ်စက်ဘီးများ၊ လျှပ်စစ်ကားများ၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ အိမ်ခြံမြေ၊ ဝိုင်၊ လက်လီအရောင်း၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် အခြားလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်သည့် ကုမ္ပဏီကြီး ဖြစ်သည်။

Taobao သည် အွန်လိုင်းရောင်းဝယ်ရေးဝက်ဘ်ဆိုက်ပြီး ဟန်ကျိုးမြို့တွင် အခြေစိုက်ကာ Alexa ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် အဌမမြောက် လူသုံးအများဆုံးဝက်ဘ်ဆိုက်ဖြစ်သည်ဟု ဆိုသည်။

LeEco သည် ငွေကြေးအကျပ်အတည်းများကြောင့် ပေကျင်းရှိ ဈေးဝယ်စင်တာကို အွန်လိုင်းတွင် လေလံတင်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ရှီမောက် ကောင်းစံ ပလာဇာဟု အမည်ရပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၀၀၀၀ ခန့်အထိရှိပြီး ကြမ်းခင်းဈေး ယွမ်ငွေ ၂ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၃၃၄ သန်း) ဖြင့် လေလံတင်လာခြင်း ဖြစ်သည်။

China Citic ဘဏ်က LeEco ကို ပေးသွင်းရန်ရှိသော ငွေများမပေးသွင်းသောကြောင့် တရားစွဲခြင်းခံရပြီးနောက်ပိုင်း ယခုကဲ့သို့ ရောင်းထုတ်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။

အဆိုပါလေလံကို Taobao ၏ အရေးပေါ်ငွေလိုသောကြောင့် ရောင်းချမှုများပြုလုပ်သည့်ကဏ္ဍတွင် လေလံတင်ထားခြင်းဖြစ်သည်။

ပြီးခဲ့သောလအတွင်း အဆိုပါကဏ္ဍတွင် ဝင်ရောက်လေလံတင်ရောင်းချမှုများမှာ ၈၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ အကြွေးနွံနစ်နေသော တရုတ်ပြည်၏ အခြေအနေကို မီးမောင်းထိုးပြသနေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service