ရန်ကုန် မိုးပျံရထားကိစ္စ တရုတ်ကုမ္ပဏီတစ်ခုက လွှတ်တော်သို့ လာရောက်ရှင်းပြ

ရန်ကုန် မိုးပျံရထားကိစ္စ တရုတ်ကုမ္ပဏီတစ်ခုက လွှတ်တော်သို့ လာရောက်ရှင်းပြ - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 11:53 am တွင် တင်ခဲ့သည်
10350 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲရန်စီစဉ်နေသည့် မိုးပျံရထားကိစ္စနှင့် ပတ်သက်ပြီး တရုတ်ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်ရှင်းပြခဲ့သည်ဟု ပန်းဘဲတန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

" ပထမဆုံးအနေနဲ့ လွှတ်တော်မှာ ရှင်းလင်းပြတာ။ နာမည်က တရုတ်ကုမ္ပဏီပါ ။ နည်းပညာကတော့ ဂျာမနီရဲ့ နည်းပညာပါ။ ဘဏ္ဍာရေးနဲ့ စီမံကိန်း စီးပွားရေးကော်မတီကို သူတို့ပြောထားရင်းနဲ့ပို့ဆောင်ဆက်သွယ်ရေး စက်မှုလက်မှုကော်မတီကိုပါ တွေ့ပြီးရှင်းလင်းပြတာပါ ။ သူတို့စိတ်ကူးထားတဲ့ ဗီဒီယိုပြတယ် ။ နည်းပညာပိုင်းတွေတင်ပြတယ် ၊ ရန်ကုန်မြို့မှာရှိတဲ့ ခရီးသည်ပို့ ဆောင်ရေးနဲ့ ကုန် စည် ပို့ဆောင်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့ဖြေရှင်းနိုင်တဲ့ ကိစ္စတွေတင်ပြတယ် ။ ရင်းနှီး မြှုပ်နှံမှုအခြေအနေ တင်ပြတယ် " ဟု ၎င်းကပြောသည်။

ယင်းမိုးပျံရထားတည်ဆောက်ရန်အတွက် တစ်ကီလိုမီတာအား အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဖြစ်ကြောင်း ၊ ယင်းကုန်ကျစရိတ်သည် နည်းပညာ ၁၈၅ မျိုးအပေါ် ၌ အခြေခံထားကြောင်း ၊ ထို မိုးပျံရထားပြီးစီးပါက ကွန်တိန်နာများကိုလည်း ဆွဲပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း သွားသည်ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

" ဆိပ်ကမ်းတွေ စက်မှုဇုန်တွေမှာ ကွန်တိန်နာတွေ ဆွဲမယ် ။ အားသာချက် တွေအကုန် လုံးပြောသွားတယ် ။ တည်ဆောက်ရေးကာလမှာ မြေသိမ်းတာတွေ နည်းမယ် ။ ပုဂ္ဂလိကနဲ့မြေတွေ ယူရတာနည်းမယ် ။ တချို့က မဖယ်ရဘူး ကွေ့ရှောင်သွားလို့ရ တဲ့ကိစ္စတွေ ၊ တည်ဆောက်ရေး ကာလတွေမှာလည်း အတိုဆုံးဆောင်ရွက်လို့ရတဲ့ကိစ္စတွေ ၊ ဖောင်ဒေးရှင်းကလွဲရင် ကျန်တာက သူတို့စက်ရုံက တပ်ဆင်ပေးမယ့် စနစ်တွေဖြစ်တဲ့အတွက်ကြောင့် မြန်မယ်ဆိုတဲ့ ကိစ္စတွေ ရှင်းလင်းသွားပါတယ် " ဟု ၎င်းကပြောသည်။

အဆိုပါ မိုးပျံရထားတည်ဆောက်ရခြင်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ၊ အနာဂတ်ကာလတွင် ကွန်တိန်နာများကို မိုးပျံရထားဖြင့် သယ်ယူရန်၊ ထိုသို့ တည်ဆောက်ရန်အတွက် ပြည်ထောင်စု သို့တင်ပြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ယင်းစီမံကိန်း ပြန်လည် ကျလာမှသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံကိန်းထဲတွင် ထည့်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောဆိုသည်။

" ဒီစီမံကိန်းက ကျလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုအတွက် BOT နဲ့သွားမှာလား ၊ PP စနစ်နဲ့ သွားမှာလား ဆွေးနွေးကြရဦးမယ် ။ တကယ်လို့ စီမံကိန်းက လုပ်မယ်ဆိုရင် အခုလာတင်ပြတဲ့ ကုမ္ပဏီ တစ်ခုတည်းမဟုတ်ဘဲ အများထင်သာမြင်သာ ဖြစ်တဲ့ ပွင့်လင်းမြင်သာမှုရှိအောင် တင်ဒါစနစ် နဲ့ လုပ်ဆောင်သွားမှာပါ " ဟု ၎င်းက ဆိုသည်။

 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service