မန်ယူခံစစ်မှူး လုခ်ရှောက မန်ယူနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံနှင့် အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို ပေါင် ၃ သန်းနီးပါးဖြင့် ဈေးကွက်တင်

မန်ယူခံစစ်မှူး လုခ်ရှောက မန်ယူနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံနှင့် အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို ပေါင် ၃ သန်းနီးပါးဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 11:46 am တွင် တင်ခဲ့သည်
1612 ကြိမ် ကြည့်ရှု့ပြီး

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင်း၏ ခံစစ်မှူး လုခ်ရှောသည် မန်ယူနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံနှင့် အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို ပေါင် ၃ သန်းနီးပါးဖြင့် ဈေးကွက်တင်လာသည်။

အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သူ လုခ်ရှောသည် အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး သူ၏နေအိမ်ကို ပေါင် ၂ ဒသမ ၈ သန်းဖြင့် ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်အနောက်မြောက်ပိုင်း ချက်စ်ရှိုင်းယားခရိုင်၊ ဟေးလ်ဘန်းစ်မြို့ကလေးတွင် တည်ရှိပြီး ပလတ်စမာ ရုပ်သံစက် ၄ လုံး၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် ဧည့်ခန်းမ ၃ ခု၊ အပူပေးစနစ်ပါဝင်သောကြမ်းပြင်၊ ရေချိုးခန်း ၅ ခန်း၊ ဘောလုံးကစားနိုင်မည့် နေရာကျယ်ကျယ်ဝန်းဝန်းရှိသော ပန်းဥယျာဉ်တို့လည်း ပါဝင်သည်။

ကျယ်ဝန်းသော မီးဖိုဆောင်အတွင်း ငွေရောင်စနူကာ စားပွဲတစ်ခုလည်း တွေ့ရပြီး ပေါ်လစ်တိုက်ထားသော စကျင်ကျောက်ကြမ်းခင်း ခင်းကျင်းထားသည်။

ရုပ်ရှင်ခန်းအတွင်းတွင်ကား အနက်ရောင်၊ ငွေရောင်တို့ဖြင့် အဓိကမွမ်းမံထားပြီး ဆိုဖာများကို ယူ (U) ပုံသဏ္ဍာန်ခင်းကျင်းထားကာ အခန်းအလယ်တွင် ကြီးမားသည့် စစ်တုရင်ခုံကြီးတစ်ခု ထားရှိသည်ကို တွေ့ရသည်။

အားကစားလေ့ကျင့်ရေးခန်းမအတွင်းတွင် လမ်းလျှောက်စက်များ၊ အလေးများ၊ စက်ဘီးစီးစက်အစရှိသည့် အားကစားလေ့ကျင့်ရေးပစ္စည်းစုံ ပါဝင်သည်။

လုခ်ရှောကို မန်ယူအသင်းက တစ်ပတ်လျှင် ပေါင် ၁၉၀,၀၀၀ လစာနှုန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလိုက်သည့် ရက်သတ္တပတ်အတွင်းမှာပင် ယခုနေအိမ်ကို ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။

လုခ်ရှောသည် ဆောက်သမ်ပ်တန်အသင်းတွင် ၃ နှစ်ခန့် ကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service