အစိုးရက ချေးငွေယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးရန် လိုအပ်နေဟုဆို

အစိုးရက ချေးငွေယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးရန် လိုအပ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 11:19 am တွင် တင်ခဲ့သည်
641 ကြိမ် ကြည့်ရှု့ပြီး

အစိုးရအနေဖြင့် ချေးငွေ ချေးယူခြင်း မူဝါဒကို အတိအကျချမှတ်ကျင့်သုံးရန်လိုအပ်နေကြောင်း ဒဂုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်က ဒီဇင်ဘာလ ၁၈ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ ဒသမနေ့တွင် ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ် ပတ်လည်အစီရင်ခံစာနှင့် ၎င်း အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၈) တို့နှင့် စပ်လျဉ်းဆွေးနွေးစဉ် ပြောကြားခြင်းဖြစ်သည်။

“ပြည်ပကြွေးမြီများဟာ သက်တမ်းရှည်လျားကြတာကြောင့် ရေရှည်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ချေများ မြင့်တက်လာနိုင်ပြီး အတိုးအရင်းပေါင်းပေးချေရတဲ့ ပမာဏ များပြားလာနိုင်လို့ တစ်ချိန်မှာ အခွန်ပိုမိုကောက်ခံလာရတာမျိုး၊ ဘတ်ဂျက်သုံးစွဲမှု လျှော့ချလာရတာမျိုး၊ ပြည်တွင်း ချေးငွေ တွေနဲ့ ပြည်ပကြွေးမြီတွေကို ပြန်လည်ပေးဆပ်လာရတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ချေးငွေ ချေးယူခြင်း မူဝါဒ ကို အတိအကျချမှတ်ကျင့်သုံးဖို့ လိုအပ်နေကြောင်း အထူးပြုပြောကြားလိုပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် ဘဏ္ဍာရေးအရ ဆုံးဖြတ်ဆောင်ရွက်နေသည့် လက်ရှိဆောင်ရွက်ချက်များသည် နောင်လာ နောင်သားတို့၏ လူနေမှုအဆင့်ကို လက်ရှိ အခြေအနေအောက် ကျရောက်သွားပါက ဘဏ္ဍာရေးအရ ရေရှည်တည်တံ့ခိုင်မြဲစေနိုင်တဲ့ မူနဲ့ စံချိန်စံညွှန်းတွေကို ချိုးဖောက်ရာရောက်မည်ဟု ပြောသည်။

“ဘဏ္ဍာရေးအရ ရေရှည်တည်တံ့ခိုင်မြဲမှုမူကို နှလုံးသွင်းပြီး ကြွေးမြီရယူခြင်းကို သတိကြီးစွာ ဆုံးဖြတ် ဆောင်ရွက်သင့်ပါတယ်။ ဘဏ္ဍာရေးအရ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာကတော့ ယနေ့ ဘဏ္ဍာရေးအရ ဆုံးဖြတ်ချက်များဟာ နောင်လာနောက်သားများရဲ့လူနေမှုအဆင့်အတန်းကို တိုးတက်စေနိုင်တဲ့ သို့မဟုတ် နောင်လာနောက်သားများရဲ့လူနေမှုအဆင့်အတန်းကို လက်ရှိအခြေအနေထက် မလျော့ကျစေနိုင်တဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်များကို ဆိုလိုပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်ပချေးငွေများသည် အတိုးနှုန်းသက်သာသော်လည်း နှစ်ရှည်ချေးငွေများဖြစ်သဖြင့် ချေးယူသည့် အစိုးရက မိမိကိုယ်တိုင် ပြန်လည်ပေးဆပ်ရတာမျိုးမဟုတ်ဘဲ နောင်လာမယ့် အစိုးရအဆက်ဆက်က ပေးဆောင်ရကြောင်း၊ မိမိကိုယ်တိုင်ဆပ်ရမယ့် အကြွေးယူတာမျိုးနှင့် မတူဘဲ အလွယ်တကူ ချေးယူမိဖို့ တွန်းအားက ပိုများနေကြောင်း၊ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ဖို့ ချေးငွေရယူခြင်းကို တိုင်းပြည်ဖွံ့ဖြိုးမှုရလဒ် မည်မျှ ရရှိမည်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်ကွာဟမှု မည်မျှနည်းလာနိုင်မည်နည်း အစရှိသော မူဝါဒများ အတိအကျချမှတ်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးခဲ့သည်။

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တို့၏ ပြန်လည်ရှင်းလင်းခြင်းအစီအစဉ်တို့ကို လာမည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ပြုလုပ်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service