ပုသိမ်ကြီးမြို့နယ်တွင် လယ်ယာမြေအပေါ် အဆောက်အအုံ ဆောက်လုပ်မှု တရားစွဲမည်

ပုသိမ်ကြီးမြို့နယ်တွင် လယ်ယာမြေအပေါ် အဆောက်အအုံ ဆောက်လုပ်မှု တရားစွဲမည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 10:51 am တွင် တင်ခဲ့သည်
1324 ကြိမ် ကြည့်ရှု့ပြီး

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်နေသူများကို တရားစွဲ၍ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လယ်ယာမြေများကို မြေကွက် အဖြစ်ဖော်၍ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်နေမှုကို တရားစွဲဆိုမှုများ လုပ်ဆောင်နေသော်လည်း ဆက်လက် ဆောက်လုပ်နေသူများရှိဆဲဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးမင်းဦးက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ်ရှိ ကွင်းအမှတ် (၅၁၂) နှင့် ကွင်းအမှတ် (၄၉၃) တို့တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၈၀၀ ကျော် ဆောက်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ယင်းတို့အထဲမှ ၂၁ ဦးကို ပုဒ်မ ၃၅ ဖြင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း၊ စစ်ဆေးရန်ကျန်ရှိနေသော အကွက်များ၊ ခွင့်ပြုချက်မဲ့တည်ဆောက်နေသော အဆောက်အအုံများကိုလည်း ဆက်လက် စိစစ်အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စစ်ဆေးပြီးသား အကွက် ၂ ခုထဲက အဆောက်အအုံတွေကို အရင်ဆုံး အရေးယူဖို့လုပ်ရမှာပါ။ စစ်ဖို့က တခြားနေရာလည်း ကျန်သေးတယ်”ဟု ၎င်းကဆိုသည်။

ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများကို အပိုင်းအလိုက် ခွဲစိတ်၍ ပုံမှန် မဟုတ်သော အရောင်းအဝယ် လုပ်ဆောင်မှုများသည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

လယ်ယာမြေများပေါ် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို ပြန်လည် အရေးယူမည်ဖြစ်ပြီး လတ်တလောတွင် အဆောက်အအုံဆောက်နေသော နေရာများကို မီးဖြတ်ထားကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများသည် လယ်ယာမြေများတွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်နေခြင်းကို ယခုနှစ်ဇွန်လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပါဝင်သည့်စက်ယန္တရားများကို သိမ်းဆည်းခဲ့သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service