ဟောင်ကောင်တွင် အိမ်ခြံမြေ developer များက နေအိမ်ခန်းများကို အလျင်စလို ရောင်းထုတ်လာလျက်ရှိ

ဟောင်ကောင်တွင် အိမ်ခြံမြေ developer များက နေအိမ်ခန်းများကို အလျင်စလို ရောင်းထုတ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Dec 2018 11:49 am တွင် တင်ခဲ့သည်
919 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်တွင် အိမ်ခြံမြေဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလာလျက်ရှိသောကြောင့် အိမ်ခြံမြေပိုင်ရှင်တို့က အလျင်စလို ရောင်းထုတ်လာလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေဈေးနှုန်းများ ယခုထက်ပိုမိုကျဆင်းလာမည်ကို စိုးရိမ်မှုများဖြစ်ကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအချို့က အလျင်အမြန် ငွေပြန်ဖော်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

တင်းရွှီဝေအရပ်ရှိ Kingswood ဗီလာ၊ မာဝမ်အရပ်ရှိ Park Island ၊ ပို့ခ်ဖူလမ်းအရပ်ရှိ Residence Bel-Air နှင့် တုန်ချောင်းအရပ်ရှိ Caribbean Coast စီမံကိန်းတို့တွင် ဈေးနှုန်းများ ဂဏန်း ၂ လုံးခန့် ပြုတ်ကျသွားသည်။

“Kingswood ဗီလာက အိမ်ခြံမြေဈေးနှုန်းတွေဟာ ၂၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်” ဟု Kingswood ဗီလာ၏ အရောင်းမန်နေဂျာ ဘရိုင်းယန့်မန်းက ပြောကြားသည်။

သုတေသီတို့က ပြောကြားရာတွင် အတိုးနှုန်းများမြင့်တက်ခြင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲအပေါ် ရတက်မအေးဖြစ်မှုများ ပေါင်းစည်းကာ ယခုကဲ့သို့အခြေအနေဆိုက်ရောက်ရခြင်းဖြစ်ကြောင်း သုံးသပ်သည်။

ထို့အပြင် မကြာသေးမီက အိမ်ခြံမြေစီမံကိန်း ရောင်းချပွဲများတွင် ဖြစ်ပေါ်ခဲ့သော အရောင်းရလဒ်များမှာလည်း ဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်ကို ပိုမိုလေးနက်သွားစေခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း T-Plus စီမံကိန်းရှိ အခန်းပေါင်း ၇၃ ခန်းကို ရောင်းချခဲ့ရာတွင် ၂ ခန်းသာ ရောင်းထွက်ခဲ့သည်။

ပေါက်ဈေးများမှာ စတုရန်းပေ ၁၃၁ ပေရှိ မိုက္ကရိုလူနေခန်းများမှာ ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၈၅ သန်း (ကန်ဒေါ်လာ ၃၆၄၆၀၀) ဈေးနှုန်းမှ စတင်သည်ဟု ဆိုသည်။

အိမ်ခြံမြေပိုင်ရှင်များစွာမှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းထုတ်ရန် ပြင်ဆင်လာကြသည်။

လက်ရှိဟောင်ကောင်ဥပဒေများအရ အိမ်ခြံမြေဝယ်ယူပြီးနောက် ၃၆ လအတွင်း ပြန်လည်ရောင်းချမည်ဆိုပါက ၂၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

ရောင်းအားလည်း များစွာကျဆင်းသွားခဲ့ရာ ယခင်က တစ်လလျှင် အရောင်းအဝယ် ၄၀ ခန့်ဖြစ်ခဲ့သော်လည်း ယခုအခါ ၂၀ ခန့်သာ အရောင်းအဝယ်ရှိတော့ကာ ထက်ဝက်ခန့်ကျဆင်းသွားသည်။

ဈေးနှုန်းအကြီးမားဆုံးကျဆင်းမှုမှာ ပို့ခ်ဖူလမ်းအရပ်ရှိ Residence Bel-Air ဖြစ်ပြီး ယခုနှစ်ဧပြီလကုန်ပိုင်းတွင် စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၄၄၄၉၆ ဈေးပေါက်ခဲ့ရာမှ ယခုလအစောပိုင်းတွင် ဟောင်ကောင်ဒေါ်လာ ၂၉၂၀၀ သာ ဈေးပေါက်တော့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service