သြစတေးလျတွင် ရေမီးအစုံပါသည့် လှိုဏ်ဂူတစ်လုံး အရောင်းဈေးကွက်ဝင်လာ

သြစတေးလျတွင် ရေမီးအစုံပါသည့် လှိုဏ်ဂူတစ်လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
17 Dec 2018 11:14 am တွင် တင်ခဲ့သည်
910 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၊ အရှေ့တောင်ပိုင်း၊ နယူးဆောက်ဝေးပြည်နယ်ရှိ ကမ်းပါးစောင်းတစ်ခုတွင် တည်ရှိသော လိုဏ်ဂူတစ်လုံးကို အရောင်းဈေးကွက်တင်လာသည်။

အလွန်တရာခေါင်ခိုက်နေသော အိမ်ခြံမြေဈေးနှုန်းများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေပါသလား။

ယင်းသို့ဆိုလျှင် ယခုအခါ ပုံမှန်သမားရိုးကျမဟုတ်သည့် မြေအောက်အိမ်တစ်လုံးမှာ နည်းပါးလှသည့်ဈေးနှုန်းဖြင့် သင့်အတွက်အရောင်းဈေးကွက်ဝင်လာပြီ ဖြစ်ပါသည်။

သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးရှိ ကမ်းပါးတစ်ခုတွင် တည်ရှိသော လူလုပ်လိုဏ်ဂူတစ်ခုသည် ရေပိုက်လိုင်း၊ လျှပ်စစ်မီးတို့ ဆက်သွယ်ပေးထားပြီး နေအိမ်တစ်လုံးအဖြစ် ဈေးကွက်တင်လာခြင်းဖြစ်ကာ ဈေးနှုန်းမှာ သြစတေးလျဒေါ်လာ ၁၄၀၀၀ ဖြစ်သည်ဟု ဆိုသည်။

ကြောင်ကျောက်တူးဖော်ရာ မြို့ကလေးဖြစ်သော ဝှိုက်ကလစ်ဖ်တွင် တည်ရှိသည် ယခုလှိုဏ်ဂူအိမ်သည် နယူးဆောက်ဝေးပြည်နယ်ရှိ ပျှမ်းမျှနေအိမ်တစ်လုံးပေါက်ဈေးအောက် ၃၂ ဆခန့် နည်းပါးသည့် ဈေးနှုန်းသာရှိသည်။

ထို့အပြင် သြစတေးလျတွင် လက်ရှိအရောင်းဈေးကွက်တင်ထားသည့် မည်သည့်သမားရိုးကျနေအိမ်တစ်လုံးအောက်မဆို ဈေးနှုန်းနည်းပါးသည့်ခေါ်ဈေးလည်း ဖြစ်သည်။

ယခုလှိုဏ်ဂူကို လွန်ခဲ့သော တစ်လခန့်ကလည်း သြစတေးလျဒေါ်လာ ၁၅၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်။

သတိပြုရမည့်အချက်ကား လူနေထိုင်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာစေရန် ကြီးမားသည့်မွမ်းမံမှုများစွာ ပြုလုပ်ရန် လိုအပ်ဦးမည် ဖြစ်သည်။

ယင်းလှိုဏ်ဂူတွင် နေထိုင်မည့်သူအနေဖြင့် လက်ရှိဝင်ပေါက်ကို ချဲ့ထွင်ပေးရန် လိုအပ်ကောင်းလိုအပ်မည်ဖြစ်ကာ နေထိုင်နိုင်သည့်အကျယ်အဝန်း ပိုမိုရရှိစေရန် လှိုဏ်ခေါင်းဆက်လက်တူးဖော်ပေးရန်လည်း လိုအပ်နိုင်ဖွယ်ရှိသည်။

ဈေးကွက်တင်လာသည့် အချက်အလက်များအရ ကြောင်ကျောက်အကြွယ်ဝဆုံးဒေသများမှတစ်ခုတွင် နေထိုင်နိုင်မည့် ရှားပါးသည့်အခွင့်အရေးဟု ဖော်ပြထားသည်။

ယင်းလှိုဏ်ဂူတည်ရှိရာနေရာတွင် ကြောင်ကျောက် ထွက်၊ မထွက်ကိုမူ မသိရသေးချေ။

“နေအိမ်ချဲ့ထွင်ဖို့အတွက် အခန်းနောက်တစ်ခန်း ထပ်တူးလို့ရပါတယ်။ တူးရင်းကျောက်တွေ့မယ်ဆိုရင်တော့ ခင်ဗျားကံထူးပြီပေါ့” ဟု လက်ရှိပိုင်ရှင်က ပြောကြားသည်။

လက်ရှိပိုင်ရှင်က အဆိုပါလှိုဏ်ဂူကို တိုးချဲ့ဖောက်လုပ်ရန်စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားသော ဥမင်လှိုဏ်ခေါင်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုလှိုဏ်ခေါင်းကို ဈေးကွက်တင်လာခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service