ဗီယက်နမ်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၅ နှစ်ကျော် ထောင်ဒဏ်ချမှတ်ကာ နေထိုင်ခဲ့ရသော အကျဉ်းထောင်ကြီးမှာ ယခုအခါ ဇိမ်ခံဟိုတယ်ကြီးအဖြစ်ပြောင်းလဲ

ဗီယက်နမ်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၅ နှစ်ကျော် ထောင်ဒဏ်ချမှတ်ကာ နေထိုင်ခဲ့ရသော အကျဉ်းထောင်ကြီးမှာ ယခုအခါ ဇိမ်ခံဟိုတယ်ကြီးအဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
14 Dec 2018 12:19 pm တွင် တင်ခဲ့သည်
1384 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းမပြုမီက ရေတပ်၏ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဖြစ်သည်။

ရေတပ်စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလအတွင်း ဗီယက်နမ်စစ်ပွဲ၌ ဟနွိုင်းမြို့ကြီးကို ဗုံးကြဲစဉ် သူ၏လေယာဉ်ပစ်ချခံရကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် မြောက်ဗီယက်နမ်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက် စစ်သုံ့ပန်းအဖြစ် ၁၉၇၃ ခုနှစ်အထိ နေထိုင်ခဲ့ရသည်။ ထိုသို့ ဖမ်းဆီးခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများစွာ ခံခဲ့ရသည်ဟု ဆိုသည်။

ယနေ့အချိန်တွင်မူ ဂျွန်မက်ကိန်းနေထိုင်ခဲ့ရသော အကျဉ်းထောင်ကြီးမှာ Hanoi Hilton ဟူသောအမည်ဖြင့် ဇိမ်ခံဟိုတယ်နှင့် ရုံးခန်းကွန်ပလက်အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး ဗီယက်နမ်ပြည်သားတို့မှာ ကက်ပချီနိုကော်ဖီများ တစိမ့်စိမ့်ထိုင်သောက်ရာနေရာ၊ အမေရိကန်လုပ် ဂေါက်ရိုက်ပစ္စည်းများကို ဈေးဝယ်ထွက်ရာနေရာအဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် ဂျွန်မက်ကိန်းသည် ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဗီယက်နမ်ရှိ အကျဉ်းထောင်ဟောင်းနေရာကြီးမှာမူ ၎င်း၏ သမိုင်းအငွေ့အသက်များစွာ ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

ဟနွိုင်းရှိ အမေရိကန်ကူးသန်းရောင်းဝယ်ရေးအဖွဲ့ကြီး၏ အမှုဆောင်ဒါရိုက်တာ အဒမ်စစ်ကော့ဖ်က ပြောကြားရာတွင် “ဂျွန်မက်ကိန်းကြောင့် အမေရိကန်နဲ့ ဗီယက်နမ်ဟာ ပြန်လည်ဆက်ဆံရေးထူထောင်နိုင်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

အမေရိက၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများသည် ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ဗီယက်နမ်ရဲ့ လူတစ်ဦးချင်းဝင်ငွေဟာ ၄ ဆလောက်မြင့်တက်ခြ့ပီဖြစ်ပါတယ်။ ဒါဟာ သူချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေထဲက ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုပါပဲ” ဟု အဒစ်စစ်ကော့ဖ်က ဆိုသည်။

ဗီယက်နမ်စစ်ပွဲပြီးဆုံးပြီးနောက် ဆယ်စုနှစ်များအတွင်း ဗီယက်နမ်နှင့် ပုံမှန်သံတမန်ရေး၊ စီးပွားရေး ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် အမေရိကန်အစိုးရကို ဂျွန်မက်ကိန်းက အဆက်မပြတ်တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

မှတ်တမ်းများအရ မက်ကိန်းသည် ဗီယက်နမ်သို့ ၂၃ ကြိမ်ခန့်အထိ ခရီးစဉ်များ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ဗီယက်နမ်၏ တစ်ပါတီစနစ်နှင့် လူ့အခွင့်အရေးမှတ်တမ်းများအပေါ် ဝေဖန်မှုများစွာရှိနေသည့်တိုင် မက်ကိန်းက ဗီယက်နမ်နှင့် နီးကပ်စွာဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့ရာ ဗီယက်နမ်ပြည်သူတို့ များစွာချစ်ခင်လေးစားသူတစ်ဦးဖြစ်လာသည်။

မက်ကိန်းကွယ်လွန်ပြီဟူသော သတင်းထုတ်ပြန်လိုက်ချိန်တွင် တချိန်ကအမေရိကန်ဗုံးကြဲလေယာဉ်သံကြားလျှင် ကတုတ်ကျင်းအတွင်း ပြေးကြရသော ဗီယက်နမ်ပြည်သူတို့သည် မက်ကိန်းအတွက် များစွာကြေကွဲဝမ်းနည်းခဲ့ကြသည်။

၁၉၆၇ ခုနှစ်အတွင်း ဟနွိုင်းရှိ Truc Bach ရေကန်ကြီးအနီးတွင် အမေရိကန်လေယာဉ်မှူးတစ်ဦးကို ဖမ်းမိကြောင်း သတင်းများပျံ့လာချိန်၌ အဆိုပါရေကန်ကြီးဆီသို့ ဒေါသဖြင့် အပြေးအလွှားသွားရောက်ခဲ့ဖူးသူတစ်ဦးရှိပြီး ယခုအခါအသက် ၆၀ အရွယ်ရှိနေပြီဖြစ်ကာ ဟောင်မန်ကန်းဟု အမည်ရသည်။ (အဆိုပါလေယာဉ်မှူးမှာ မက်ကိန်းဖြစ်သည်)

မက်ကိန်းကွယ်လွန်ပြီးနောက်ပိုင်းတွင်ကား အဆိုပါရေကန်ကြီးဘေးတွင် ဂျွန်မက်ကိန်းအထိမ်းအမှတ်ကျောက်တိုင် ဆောက်လုပ်ခဲ့ရာ ဟောင်မန်ကန်းက သွားရောက်အလေးပြုကာ ဆုမွန်ကောင်းများ တောင်းပေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒေသခံဗီယက်နမ်တို့ကလည်း မက်ကိန်း၏ ဂူဗိမာန်ကို ပန်းများ၊ အမွှေးတိုင်များဖြင့် ဂုဏ်ပြုလေ့ရှိကြသည်။

“သူဟာတစ်ချိန်က ကျွန်တော်တို့ရဲ့ ရန်သူဖြစ်ပေမယ့် အမေရိကန်နဲ့ ဗီယက်နမ်ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ဖို့အတွက် အများကြီး အကူအညီပေးခဲ့သူဖြစ်ပါတယ်။ ဒါက စီးပွားရေးဖွံ့ဖြိုးလာပြီး ကျွန်တော်တို့တွေရဲ့ ဘဝတွေ အကြီးအကျယ်ပြောင်းလဲသွားစေဖို့ ကြီးမားတဲ့အထောက်အကူဖြစ်ပါတယ်။ ဒီအတွက် သူ့ကျေးဇူးတွေ ကျွန်တော်တို့အပေါ်မှာရှိပါတယ်” ဟောင်မန်ကန်းက ပြောကြားသည်။

ရေတပ်လေယာဉ်မှူး ဂျွန်မက်ကိန်းသည် မြောက်ဗီယက်နမ်၏ အထင်ရှားဆုံး စစ်သုံ့ပန်းတစ်ဦးဖြစ်ခဲ့၏။

ဗီယက်နမ်တွင် ၅ နှစ်ခွဲခန့် ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရကာ နိုင်ငံရေးလောကအတွင်း ဝင်ရောက်လာခဲ့သည်။

ယင်းနောက် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ဒီမိုကရက်ပါတီမှ ဘားရက် အိုဘားမားကို ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် သမ္မတဖြစ်မလာခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service