ဆော့ဖ်ဝဲနည်းပညာဘီလျံနာကြီးက သြစတေးလျနိုင်ငံရှိ ဈေးအကြီးဆုံးနေအိမ်ကြီးကို ကန်ဒေါ်လာ ၇၃ သန်းဖြင့် ဝယ်ယူ

ဆော့ဖ်ဝဲနည်းပညာဘီလျံနာကြီးက သြစတေးလျနိုင်ငံရှိ ဈေးအကြီးဆုံးနေအိမ်ကြီးကို ကန်ဒေါ်လာ ၇၃ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
14 Dec 2018 11:44 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ပင်လယ်ဆိပ်ကမ်းဘေးရှိ ကျယ်ဝန်းလှသော နေအိမ်ကြီးကို သြစတေးလျဒေါ်လာ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၃ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဆစ်ဒနီနံနက်ခင်းသံတော်ဆင့်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဝယ်ယူသွားသူမှာ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြှို့အခြေစိုက် Atlassian Corp. ၏ ပူးတွဲတည်ထောင်သူ ဘီလျံနာကြီး မိုက်ခ် ကန်နွန်-ဘရွတ်ခ်ဖြစ်သည်ဟု ဆိုသည်။

Atlassian Corp. သည် ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသော software developers များ၊ ပရောဂျက်မန်နေဂျာများနှင့် content စီမံခန့်ခွဲမှုများအတွက် products များ ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလစာရင်းများအရ ဝန်ထမ်းဦးရေ ၂၇၃၈ ဦးရှိသည်။

Fairwater ဟု အမည်ရသည့်စံအိမ်ကြီး၏ ယခင်ပိုင်ရှင်မှာ Fairfax မိသားစုဖြစ်ပြီး ဆစ်ဒနီမြို့ဆိပ်ကမ်းတွင် ပုဂ္ဂလိက ပိုင်ဆိုင်သည့် အကြီးမားဆုံးစံအိမ်ကြီးဖြစ်သည်။

ခြံဝန်းအကျယ် ၁၁၂၁၀ စတုရန်းမီတာ (၂ ဒသမ ၇၇ ဧက) ရှိပြီး မြို့လယ်မှ ၅ ဒသမ ၅ ကီလိုမီတာ (၃ ဒသမ ၄ မိုင်) ခန့်သာ ဝေးကွာကြောင်း အရောင်းအဝယ်ကို ကိုင်တွယ်ခဲ့သည့် Christie’s International ကုမ္ပဏီမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ မိသားစုအတွက် Fairwater စံအိမ်ကြီးကို ဝယ်ယူခွင့်၊ ပိုင်ဆိုင်ဆက်ခံခွင့်ရခဲ့တဲ့အပေါ် နှစ်ထောင်းအားရ ဝမ်းမြောက်မိပါတယ်”ဟု ကန်နွန် ဘရွတ်ခ်နှင့် ဇနီးဖြစ်သူ အန်နီတို့က ပြောကြားသည်။

“ဒီသမိုင်းဝင်နေအိမ်ကြီးနဲ့ ပန်းဥယျာဉ်တွေမှာ ကလေး ၄ ယောက်ကို ပျိုးထောင်ရင်း ပျော်ရွှင်စွာနေထိုင်ရမှာကို နှစ်သက်ကျေနပ်မိပါတယ်”အဆိုပါစံအိမ်ကြီး အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်မှာ တစ်လခန့်ရှိခဲ့ပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းက ရောင်းထွက်သွားခြင်းဖြစ်ကြောင်း ဆစ်ဒနီသံတော်ဆင့်တွင် ဖော်ပြသည်။

ယခုအရောင်းအဝယ်မတိုင်မီက သြစတေးလျတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်မှာ သြစတေးလျဒေါ်လာ ၇၁ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့မှုဖြစ်သည်။

ထိုစဉ်က ဝယ်လက်မှာလည်း Atlassian ၏ ပူးတွဲတည်ထောင်သူပင်ဖြစ်သည့် စကော့ ဖာကူဟာဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service