အိမ်ရာအဟောင်းများရဲ့ အနာဂတ်

အိမ်ရာအဟောင်းများရဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com
13 Dec 2018 12:39 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ မှာရှိတဲ့အိမ်ရာစခန်းများ (Housing Estate) မှာတော့ အဆောက်အအုံတွေဟာ တစ်နှစ်ထက်တစ်နှစ် ကြံ့ခိုင်မှုယိုယွင်းလာပြီး အဟောင်းထည်များပမာ မရှိသုံးသုံးနေရတဲ့အဆင့်ကို လျော့ကျလာပါတယ်။

မျက်မှောက်ကာလမှာ ပုဇွန်တောင်ပြည်တော်သစ်အိမ်ရာ၊ လမ်းမတော်လမ်းသစ်အိမ်ရာ၊ ကန်တော်ကလေးအိမ်ရာ (ယခင် ဖဆပလကွက်သစ်)၊ ဦးဝိစာရအိမ်ရာ (ယခင် မင်းမနိုင်ကွက်သစ်)၊ ရန်ကင်းအိမ်ရာ၊ ကြို့ကုန်းအိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ သုဝဏ္ဏအိမ်ရာ၊ သင်္ဃန်းကျွန်း ဇဝနအိမ်ရာ၊ ပျဉ်းမပင်အိမ်ရာ အစရှိတဲ့ အိမ်ရာစခန်းအိုကြီး ၁၀ ခုဟာ ထီးထီးမားမားတည်ရှိနေဆဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ်အလွန်မှ စတင်ဆောက်လုပ်ခဲ့တဲ့ အိမ်ရာအများစုဟာ ယခုအချိန်မှာ အလွန်ဟောင်းနွမ်းပြီး ညှိုးငယ်စွာ တည်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ ဇရာအိုသရုပ်ကို ပီပြင်အောင် ဖြည့်စွက်ပြီး ပုံဖော်ပေးနေကြသလိုပါပဲ။

အထူးသဖြင့် ရန်ကင်းမြို့နယ်မှာ ၁၂ လုံးတန်းနဲ့ ငါးလုံးတန်း ‘‘တိုက်ဝါ’’ ကြီးတွေဟာ ရှားမားတိုက်လို့ခေါ်တဲ့ ၁၉ ရာစုပုံစံဟောင်းကြီးတွေနဲ့ ကွန်ကရစ်တွေ အက်ကွဲနေတာ တွေ့မြင်ရပါပြီ။

လမ်းမတော်လမ်းသစ်မှာလည်း အပေါ်ထပ်တွေ မိုးယိုပြီး မျက်နှာကြက်သံချောင်းတွေ ပေါ်လာပါပြီ။ ကန်တော်ကလေးက တိုက်ဟောင်းကြီးတွေကလည်း အနာတွေ၊ ဒဏ်ရာတွေနဲ့ ရုန်းကန်ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ အဲဒီအိမ်ရာတွေမှာ မှီတင်းနေထိုင်သူတွေအတွက် အန္တရာယ်မကင်းတဲ့ လူနေမှုဘဝဒုက္ခကို ဘယ်လိုပြန်လည် တည်ဆောက်ပေးမလဲဆိုတာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါပြီ။

နိုင်ငံတကာမြို့ပြတွေမှာ အချိန်ကာလတိုက်စားမှုကြောင့် ဇရာလွှမ်းမိုးပြီး အိုမင်းရင့်ရော်သွားတဲ့ အိမ်ရာတွေကို ပြန်လည်ဆန်းသစ်အောင် တည်ဆောက်ပေးကြရပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို မြို့ပြပြန်လည်ဖွံ့ဖြိုးရေး (Urban Red-evelopment) လုပ်ငန်းစဉ်လို့ ခေါ်ဆိုကြပါတယ်။

မြို့ပြပြန်လည်ဆန်းသစ်ခြင်း (Urban Remewal) လို့လည်း ခေါ်ကြပါသေးတယ်။ ယခုအခါမှာတော့ (Urban Ren-aisence) လို့ ခေါ်လာတာလည်း တွေ့ရပါတယ်။

မြို့ပြပြန်လည်ဖွံ့ဖြိုးရေးအတွက် ပထမဦးဆုံးစီမံကိန်းကို ရှစ်မိုင်မရမ်းကုန်းလမ်းဆုံမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ခဲ့ရပါတယ်။ ပြန်လည်တည်ဆောက်တဲ့ အဆောက်အအုံတွေဟာ အဲဒီခေတ်ကာလမျက်စိနဲ့ကြည့်ရင် အလွန်သစ်လွင်ခံ့ညားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မျက်စိနဲ့ကြည့်ရင် လှပသပ်ရပ်မှု မရှိတော့ပါဘူး။ တိုက်တွေလည်း ယိုယွင်းအိုမင်းလာပါပြီ။

အရေးကြီးတာက မည်သည့်နေရာမှာ မဆိုပြည်သူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ အန္တရာယ်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကိုမရောက်မီမြို့ပြပြန်လည်ဖွံ့ဖြိုးရေးကို ကြိုတင်အကောင်ထည်ဖော်နိုင်ဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service