ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းခြင်းကြောင့် ကုန်သွယ်လုပ်ငန်းခွန် လျာထားချက်အောက် လျော့နည်း

ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းခြင်းကြောင့် ကုန်သွယ်လုပ်ငန်းခွန် လျာထားချက်အောက် လျော့နည်း - Property News in Myanmar from iMyanmarHouse.com
13 Dec 2018 12:12 pm တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

ကုန်သွယ်လုပ်ငန်းခွန်လျာထားချက်အောက် လျော့နည်းကောက်ခံရရှိ ခြင်း၏ အဓိကအကြောင်းရင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကျဆင်းခြင်းကြောင့်ဟု သုံးသပ်မိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင် မောင်ဝင်းကပြောသည်။

ဒီဇင်ဘာ ၁ဝ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်ကောက်ခံရရှိမှုအခြေ အနေ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ၏ဆွေးနွေးချက်များအပေါ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ရှင်းလင်းရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကုန်သွယ်လုပ်ငန်းခွန်လျာထားချက်ကျပ် (၂ဝ၇၅ ဒသမ ၇ဝ၆) ဘီလီယံအောက်လျော့နည်းကောက် ခံရရှိမှုအပေါ် ပြန်လည်သုံးသပ်ရာတွင် ဆောက်လုပ်ရေးကဏ္ဍအရောင်း အဝယ်များအေးဆေးနည်းပါးခဲ့ခြင်း၊ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေနှင့် စပ်လျဉ်းတဲ့အခွန်နှုန်း ကို ၂ဝ၁၈ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင်ပြင်ဆင်ရန်ဆောင်ရွက်ခဲ့ခြင်းတို့၏ ဂယက် ကြောင့်ဖြစ်သည်ကို တွေ့ရပါတယ်။ အိမ်ခြံမြေဈေးကွက်အေးခြင်းနှင့် အတူ ဆောက်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်းများကျဆင်းခြင်းသည် အဓိကအကြောင်းရင်း ဖြစ်ပါ တယ်။ အလားတူအိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကျဆင်းလာခြင်းအတွက် ဝင်ငွေခွန်တွင်လည်း အဓိကကောက်ခံရငွေတစ်ရပ်ဖြစ်သောစည်းကြပ် မှုမှ ကင်းလွတ်နေတဲ့ဝင်ငွေခေါင်းစဉ်မှ ကောက်ခံရရှိမှုလျော့နည်းလာခြင်း၊ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကို ပုဂ္ဂလိကကဏ္ဍတွင် ဖြေလျှော့ပေးခဲ့ခြင်းတို့ကြောင့်လည်းဖြစ်ကြောင်း တွေ့ရှိရပါတယ်'' ဟု ၎င်းကပြောသည်။

တံဆိပ်ခေါင်းခွန်ကဏ္ဍတွင် အိမ်ခြံမြေရောင်းဝယ်ခြင်းများအတွက် ချုပ်ဆိုသည့်စာချုပ်တံဆိပ် ခေါင်းရောင်းရငွေမှာ အများဆုံးဖြစ်ရာ တံဆိပ်ခေါင်းခွန်လျော့နည်းရသည့် အဓိကအကြောင်းရင်းမှာ လည်းအိမ်ခြံမြေဈေးကွက်၏ ရိုက်ခတ်မှုကြောင့်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service